စစ်တွေမြို့တွင်  ဇွန်လ ၁၇ရက်နေ့က လုံခြုံရေးတပ်ဖွဲ့၏ပစ်ခတ်မှု့ကြောင့်  ဘင်္ဂလီလူမျိုးတစ်ဦး၊ရခိုင်လူမျိုးတစ်ဦးသေဆုံးခဲ့ကြောင်း 7 Day News  သတင်းထောက်က သတင်းပေးပို့သည်။ ညမထွက်ရအမိန့်ထုတ်ပြန်ထားသည့်  ည၇နာရီအချိန်တွင် လုံခြုံရေးအဖွဲ့က  မသင်္ကာဖွယ်ရာလူတစ်စုကိုတွေ့ရှိသဖြင့်လူစုခွဲရန်ပြောရာလူစုခွဲခြင်းမရှိသည့်အ  တွက် ခြောက်လှန့်ပစ်ခတ်သော်လည်း လူစုကွဲသွားခြင်းမရှိသဖြင့် ထပ်မံပစ်ခတ်ရာ  ဘင်္ဂလီလူမျိုးတစ်ဦဒသေဆုံးခဲ့သည်။အလားတူ ဇွန်လ ၁၇ရက်နေ့လည်၂နာရီခန့်တွင်  မသင်္ကာဖွယ်လူ၂၀ခန့်က နာဇီရပ်ကွက်သို့  ၀င်ရောက်မီးရှို့ရန်သွားရောက်နေသည်ဟုယူဆရသည့်အတွက်  တပ်မတော်စစ်ကြောင်းကခြောက်လှန့်ပစ်ခတ်ရာပစ်ခတ်ရာ ၁၇နှစ်အရွယ်  ရခိုင်အမျိုးသားတစ်ဦးသေဆုံးခဲ့ပြီး ၇ဦးကိုထိန်းသိမ်းထားကြောင်း  အမှတ်၁ရဲစခန်းမှ ရဲအရာရှိတစ်ဦးကအတည်ပြုပြောကြားသည်။
 
7 Day News  
  
 
No comments:
Post a Comment