မိုးမခ
 ၁၇.၆.၂ဝ၁၂  နံနက်ပိုင်းတွင် ကယ်ဆယ်ရေးစခန်းများသို့ မသွားရောက်မှီ ဒေါ်သန်းမြင့်အောင်  နှင့်အဖွဲ့သည် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးဝါးကုသမှု  ခံယူနေကြသော ထိခိုက်ဒဏ်ရာရ လူနာ (၅) ဦးအတွက် တစ်ဦးလျှင်  (၃ဝဝဝဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်း (တစ် သိန်း ငါးသောင်းကျပ်)  လှူဒါန်းပေးခဲ့သည်။ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများတွင် ထိခိုက်ဒဏ်ရာ  ရရှိသူများအတွက် အရေးပေါ်ဆေးဝါး ကူညီမှုများ ဆောင်ရွက်ပေးနေသော  နာရေးကူညီမှုအသင်း (စစ်တွေ) သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အလှူငွေကျပ်  (ဆယ်သိန်းကျပ်)တိတိအား ပေးအပ်လှူဒါန်းခဲ့သည်။ ယင်းနောက် စစ်တွေမြို့၊ ပင်းဝါဘုန်းတော်ကြီးကျောင်းတိုက်  ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၁ဝ) စုအတွက် တစ်အိမ်ထောင်လျှင် (၅ဝဝဝိ/-)  ကျပ်နှုန်းဖြင့် အလှူငွေ (ငါးသောင်းကျပ်)၊ စိတ္တသုခဘုန်းတော်ကြီးကျောင်းတိုက်  ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၃၅) စု အတွက် အလှူငွေ  (တစ်သိန်းခုနှစ်သောင်းငါးထောင်ကျပ်)၊ ကယုချောင်းဘုန်းတော်ကြီးကျောင်းတိုက်  ကယ်ဆယ်ရေး စခန်းရှိ အိမ်ထောင်စု (၃၂) စုအတွက် အလှူငွေ  (တစ်သိန်းခြောက်သောင်းကျပ်)၊ သဒ္ဓမ္မဇောတိကာရုံ ဘုန်းတော်ကြီးကျောင်း  ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၄ဝ)စုအတွက် အလှူငွေ (နှစ်သိန်းကျပ်)၊  မဏိရတနာပရိယတ္တိစာသင်တိုက် ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၈၃) စုအတွက်  အလှူငွေ (လေးသိန်းတစ်သောင်းငါးထောင်ကျပ်)၊  ပညာအောင်မြေဘုန်းတော်ကြီးကျောင်းတိုက် ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၈)  စုအတွက် အလှူငွေ (လေးသောင်းကျပ်)၊ ကောဏ္ဍိည ဘုန်းတော်ကြီးကျောင်းတိုက်  ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၉) စုအတွက် (လေးသောင်း ငါးထောင်ကျပ်)၊  ဇေယျာဘုမ္မိဘုန်းတော်ကြီးကျောင်းတိုက် ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၃)  စုအတွက် အလှူငွေ (တစ်သောင်းငါးထောင်ကျပ်)၊ ဦးဝါယမ  ဘုန်းတော်ကြီးကျောင်းတိုက် ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၃ဝ) စုအတွက်  အလှူငွေ (တစ်သိန်းငါးသောင်းကျပ်)၊ အမျိုး သားကျောင်းတိုက်  ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၃၁) စုအတွက် အလှူငွေ (တစ်သိန်းငါး  သောင်းငါးထောင်ကျပ်)၊ ရွှေပြားဘုန်းတော်ကြီးကျောင်းတိုက် ကယ်ဆယ်ရေးစခန်းရှိ  အိမ်ထောင်စု (၁၅) စုအတွက် အလှူငွေ (ခုနှစ် သောင်းငါးထောင်ကျပ်)၊ လမ္မတော်ဘုန်းတော်ကြီးကျောင်းတိုက် ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၄၅)  စုအတွက် အလှူငွေ (နှစ်သိန်းနှစ်သောင်းငါးထောင်ကျပ်)၊  ဗုဒ္ဓေါမော်ကျောင်းတိုက် ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၁၇၆) စုအတွက်  အလှူငွေ (ရှစ်သိန်း ရှစ် သောင်းကျပ်)၊ ဆုတောင်းပြည့်ပရိယတ္တိစာသင်တိုက်  အိမ်ထောင်စု (၂၇၆) လုံးအတွက် အလှူငွေ (တစ်ဆယ့်သုံးသိန်းရှစ်သောင်းကျပ်)၊  စ.စ.စ (စသုံးလုံး) ရခိုင်ပြည်နယ်ရုံး ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၃၉)  စုအတွက် အလှူငွေ (တစ်သိန်းရှစ်သောင်းငါးထောင်ကျပ်)၊  ဉာဏိကာရာမကျောင်းတိုက်ကယ်ဆယ်ရေးစခန်းရှိ အိမ်ထောင်စု (၃ဝ) စုအတွက် အလှူငွေ  (တစ်သိန်းငါးသောင်းကျပ်)၊ တေဇသုခ ကျောင်းတိုက် ကယ်ဆယ်ရေးစခန်းရှိ  အိမ်ထောင်စု (၄ဝ) စုအတွက် အလှူငွေ (နှစ်သိန်းကျပ်)၊ သုခိတာရာမကျောင်းတိုက်  ကယ်ဆယ်ရေး စခန်းရှိ အိမ်ထောင်စု (၂၅) စုအတွက် အလှူငွေ  (တစ်သိန်းနှစ်သောင်းငါးထောင်ကျပ်) အစရှိသည့် ရခိုင်ပြည်နယ်၊ စစ်တွေမြို့  ကယ်ဆယ်ရေးစခန်း များသို့ နာရေးကူညီမှုအသင်း (ရန်ကုန်) သည် ၁၇.၆.၂ဝ၁၂  (တနင်္ဂနွေနေ့) တစ်ရက်တည်း ကူညီ ထောက်ပံ့လှူဒါန်း ခဲ့သည့် အလှူငွေစုစုပေါင်း  ၆၂၄ဝဝဝဝိ/- (ခြောက်ဆယ့်နှစ်သိန်းလေးသောင်း) ကျပ် တိတိနှင့် အဝတ်အထည်များ၊  အစားအသောက်များနှင့် ဆေးဝါးများအား ရခိုင်ပြည်နယ်အတွင်း ဖြစ်ပေါ်နေသည့်  ပြဿနာပဋိပက္ခများကြောင့် အသက်၊ အိုးအိမ် စည်းစိမ်များအား  စွန့်ခွာရှောင်တိမ်း နေထိုင်ကြရသည့် ဒုက္ခသည် တိုင်းရင်းသား  ညီအစ်ကိုမောင်နှမများတို့အား လူသားချင်းစာနာထောက်ထားကာ  လှူဒါန်းပေးအပ်ခဲ့သည်။

ကမ္ဘာသူ/သားအားလုံး အမြန်ဆုံး သောကကင်းဝေး ငြိမ်းချမ်းသာယာပါစေ. . . .
ကျော်သူ (နာရေးကူညီမှုအသင်း – ရန်ကုန်)
ဇွန် ၂၀၊ ၂၀၁၂
ဇွန် ၂၀၊ ၂၀၁၂
• ရဝေနွယ် (အင်းမ) မွေးနေ့အလှူမြတ်ဒါန
အရှိင်ရာဇိန္ဒ (ရဝေနွယ် – အင်းမ) ဆရာတော်၏ (၄၃) နှစ်ပြည့်မွေးနေ့  သိက္ခာထပ်မင်္ဂလာ အခမ်းအနားအား ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊  ပုလဲမြို့သစ်ရှိ ဓမ္မရဝေတောရကျောင်းတိုက်တွင် နံနက် (၉း၃ဝ) နာရီအချိန်၌  ကျင်းပပြုလုပ်ခဲ့ရာ မွေးနေ့သိက္ခာထပ်မင်္ဂလာအဖြစ် အလှူငွေ (၄၃)  သိန်းကျပ်တိတိအား နာရေး၊ ကျန်းမာရေး၊ ပညာရေးကဏ္ဍများအား စဉ်ဆက်မပျက်  အများပြည်သူတို့အား ပေးဆပ်လျှက်ရှိသော နာရေးကူညီမှုအသင်း (ရန်ကုန်) သို့  သဒ္ဒါတရားကြည်လင်စွာ ပေးအပ်လှူဒါန်းခဲ့ရာ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ  ကိုဆောင်းဦးလှိုင် (တေးသံရှင်) နှင့် အလုပ်အမှုဆောင်အဖွဲ့တို့မှလက်ခံရယူပြီး  ဆရာတော်အား ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ချီးမြှင့်ပေးအပ်ခဲ့သည်။• ရခိုင်ကယ်ဆယ်ရေး ဒုတိယခြေလှမ်း
၁၇.၆.၂၀၁၂ (တနင်္ဂနွေ) ဒုတိယနေ့အဖြစ် နာရေးကူညီမှုအသင်း (ရန်ကုန်) ဒုဥက္ကဋ္ဌ  ဒေါ်သန်းမြင့်အောင်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့  ရန်ကုန်မြို့မှ ၁၅.၆.၂၀၁၂ ရက်နေ့ ညပိုင်းမှထွက်ခွာခဲ့သည့်  ကုန်တင်မော်တော်ယာဉ်ဖြင့် ဦးစောညီစံနှင့်အဖွဲ့သည် နံနက် (၉းဝဝ)  နာရီအချိန်တွင် ဆိုက်ရောက်လာခဲ့ပြီး နာရေးကူညီမှုအသင်း (ရန်ကုန်) ဒုဥက္ကဋ္ဌ  ဒေါ်သန်းမြင့်အောင်အဖွဲ့နှင့် ပူးပေါင်းခဲ့ကြကာ ရခိုင်  ပြည်နယ်ရှိဒုက္ခသည်ပြည်သူများအား အဝတ်အထည်များ၊ အစားအစာများနှင့်  ငွေကြေးအနေဖြင့် ကူညီထောက်ပံ့ရန်အတွက် ဒေါ်သန်းမြင့် အောင်နှင့်အဖွဲ့သည်  ပုဏ္ဏားကျွန်းသို့သွားရောက်ခဲ့ကြပြီး ဦးစောညီစံနှင့်အဖွဲ့သည်  စစ်တွေမြို့ပေါ်ရှိ ကယ်ဆယ်ရေးစခန်းများ၌ ကူညီမှုများ အား  ဆက်လက်လုပ်ဆောင်ခဲ့ကြသည်။ ဒေါ်သန်းမြင့်အောင်နှင့်အဖွဲ့သည်  ပုဏ္ဏားကျွန်းမြို့နယ်ရှိ လောကမာရစိန် အဓိဋ္ဌာန်သိမ်တော်ဘု ရားဝင်းရှိ  ကယ်ဆယ်ရေးစခန်း၊ စပါးထားရွာ ကယ်ဆယ်ရေးစခန်းနှင့်  ကျွဲထိုးကျေးရွာကယ်ဆယ်ရေးစခန်းများသို့ ယမ်ယမ်ခေါက်ဆွဲ၊ ကွေကာအုပ်၊ ဘီစကစ်၊  ရေသန့်ဗူး၊ ဓါတ်ဆားထုတ်နှင့် ဆေးဝါးများ၊ အဝတ်အထည်များအား ကူညီထောက်ပံ့  လှူဒါန်းခဲ့ကြပြီး ထိုစခန်းသို့ ထွက်ပြေးခိုလုံလာကြသော မသန်စွမ်းသူများ  မွေးကင်းစကလေးနှင့် မိခင်များ၊ မွေးဖွားရက် နီးကပ်နေသော ကိုယ်ဝန်ဆောင်  မိခင်လောင်း များအား သီးသန့်ကူညီထောက်ပံ့မှုများ ပြုခဲ့ကြသည်။ ထို့နောက်  ပုဏ္ဏားကျွန်းဆေးရုံရှိ ကယ်ဆယ်ရေးစခန်းမှ ရောက်ရှိလာသော အရေးပေါ် မွေးလူနာအား  မိခင်ရောကလေးပါ ကျန်းမာရေးအတွက် နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အလှူငွေ  (သုံးသောင်း) ကျပ် ကူညီလှူဒါန်းခဲ့ သည်။ ၁၇.၆.၂ဝ၁၂  နံနက်ပိုင်းတွင် ကယ်ဆယ်ရေးစခန်းများသို့ မသွားရောက်မှီ ဒေါ်သန်းမြင့်အောင်  နှင့်အဖွဲ့သည် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးဝါးကုသမှု  ခံယူနေကြသော ထိခိုက်ဒဏ်ရာရ လူနာ (၅) ဦးအတွက် တစ်ဦးလျှင်  (၃ဝဝဝဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်း (တစ် သိန်း ငါးသောင်းကျပ်)  လှူဒါန်းပေးခဲ့သည်။ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများတွင် ထိခိုက်ဒဏ်ရာ  ရရှိသူများအတွက် အရေးပေါ်ဆေးဝါး ကူညီမှုများ ဆောင်ရွက်ပေးနေသော  နာရေးကူညီမှုအသင်း (စစ်တွေ) သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အလှူငွေကျပ်  (ဆယ်သိန်းကျပ်)တိတိအား ပေးအပ်လှူဒါန်းခဲ့သည်။
၁၇.၆.၂ဝ၁၂  နံနက်ပိုင်းတွင် ကယ်ဆယ်ရေးစခန်းများသို့ မသွားရောက်မှီ ဒေါ်သန်းမြင့်အောင်  နှင့်အဖွဲ့သည် စစ်တွေမြို့ ပြည်သူ့ဆေးရုံကြီးတွင် တက်ရောက်ဆေးဝါးကုသမှု  ခံယူနေကြသော ထိခိုက်ဒဏ်ရာရ လူနာ (၅) ဦးအတွက် တစ်ဦးလျှင်  (၃ဝဝဝဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်း (တစ် သိန်း ငါးသောင်းကျပ်)  လှူဒါန်းပေးခဲ့သည်။ လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများတွင် ထိခိုက်ဒဏ်ရာ  ရရှိသူများအတွက် အရေးပေါ်ဆေးဝါး ကူညီမှုများ ဆောင်ရွက်ပေးနေသော  နာရေးကူညီမှုအသင်း (စစ်တွေ) သို့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှ အလှူငွေကျပ်  (ဆယ်သိန်းကျပ်)တိတိအား ပေးအပ်လှူဒါန်းခဲ့သည်။ကမ္ဘာသူ/သားအားလုံး အမြန်ဆုံး သောကကင်းဝေး ငြိမ်းချမ်းသာယာပါစေ. . . .
 
No comments:
Post a Comment