Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Wednesday 20 June 2012

စစ်တွေမြို့တွင် အခြေခံအလုပ်သမားများလိုအပ်နေ

by 7Day News Journal on Wednesday, 20 June 2012 at 12:37 ·
စစ်တွေ၊ ဇွန်- ၂၀
ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အခြေခံအလုပ်သမားများ လိုအပ်လျက်ရှိကြောင်း သတင်းရရှိသည်။ ယခင်က ဆိပ်ကမ်းကုန်တင်၊ ကုန်ချလုပ်သားများ၊ အထွေထွေအလုပ်ကြမ်းသမားများ၊ လ္ဘက်ရည်ဆိုင်အလုပ်သမားစသည့် နေရာများတွင် ဘင်္ဂါလီလူမျိုးများသာ အများစုလုပ်ကိုင်ခဲ့ကြရာမှ ယခုအခါ စစ်တွေမြို့တွင်း၌ ဘင်္ဂါလီ လူမျိုးများ မရှိတော့သဖြင့် အခြေခံ အလုပ်သမား လိုအပ်မှုဖြစ်ပေါ် လာရခြင်းဖြစ်သည်။

မြန်မာ့ဆိပ်ကမ်းအာဏာပိုင် ရခိုင်ပြည်နယ်ဆိပ်ကမ်းရုံးမှ ဇွန်လ ၁၈ ရက် ရက်စွဲဖြင့် ကုန်တင်၊ ကုန်ချလုပ်သားအဖြစ် လုပ်ကိုင်လိုကြသော နိုင်ငံသားစိစစ်ရေးကတ်ပြားကိုင်ဆောင်ထားသူများကို အလုပ်ခေါ်ယူလျက်ရှိကြောင်း သတင်းရရှိသည်။

အဆိုပါလုပ်သားများအတွက် နေ့တွက်လုပ်အားခကို တစ်နေ့အလုပ်ချိန် ၈ နာရီအတွက် ၁၁၀၀ ကျပ်၊ အပိုထောက်ပံ့ကြေး ၁၀၀၀ ကျပ်အပြင် နိုင်ငံတော်မှ သတ်မှတ်ထားသည့် အချိန်ပိုလုပ်အားခတန်ရာတန်ကြေး အခြားထောက်ပံ့ကြေးများ ရရှိမည်ဖြစ်ကြောင်း အလုပ်ကြော်ငြာစာတွင် ဖော်ပြထားသည်။ လိုအပ်လျက်ရှိသော လုပ်သားနေရာများအတွက် ရခိုင်လူမျိုးများက အစားထိုးဝင်ရောက် လုပ်ကိုင်လျက်ရှိသည်။

No comments:

Post a Comment

 
Blogger Widgets