Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Saturday 23 June 2012

ထိန်းသိမ်းခံထားရသော ရခိုင်ရဟန်းတော် ရာဟုလာ (ခေါ်) ဦးသုမင်္ဂလ စိုးရိမ်ဖွယ်မရှိ

အာရကန်တိုင်းမ်


165991 190419417751239 1968441180 nရန်ကုန်ရောက် ရခိုင်ရဟန်းတော်များက အသက်ဆုံးရှုံးသွားသော ရခိုင်ပြည်သူများအတွက် ဇွန်လ ၂ ရက်နေ့က ဆူးလေစေတီတော်တွင် ဆုတောင်းပွဲလုပ်နေစဉ် ကမ္ဘာအေး ဓမ္မရိပ်သာမှာ ထိန်းသိမ်းခံထားလိုက်ရသော အရှင် ရာဟုလာခေါ် (ဦးသုမင်္ဂလ) စိုးရိမ်ဖွယ်မရှိဟု သတင်းရရှိသည်။

ထိန်းသိမ်းခံထားရသော အရှင် ရာဟုလာခေါ်(ဦးသုမင်္ဂလ)ရဲ့ အခြေအနေနဲ့ အာဏာပိုင်များက ဘာကြောင့်ထိန်းသိမ်း ထားသည်ကိုလည်း ရန်ကုန်ရောက် ရခိုင် ရဟန်းတော်တစ်ပါးက " အရှင် ရာဟုလာကို ကမ္ဘာအေး ဓမ္မရိပ်သာမှာ သက်ဆိုင်ရာအာဏာပိုင်တွေနဲ့ သံဃာတော်ကြီးများက ထိန်းသိမ်းထားကြပါတယ်။ အရှင် ရာဟုလာဟာ သံဃာတော်များကို စုဝေးလှုပ်ရှားတယ်ဆိုပြီး အာဏာပိုင်တွေက ထင်ယောင်ပြီး သံသယတွေရှိနေကြတဲ့အတွက် အခုလို ထိန်းသိမ်းခံရတာ ဖြစ်ပါတယ်။ အဓိကတော့ ရခိုင်ပြည်အတွင်း ဖြစ်ပေါ်နေတဲ့ ဘင်္ဂလီနှင့် ရခိုင် ပဋိပက္ခ ပြဿနာတွေကို ရန်ကန်မှာ ဖြစ်မှာကြောက်တဲ့အတွက် အရှင်ရာဟုလာကို ထိန်းသိမ်းထားကြတဲ့အပြင် ဘယ်သူ့နဲ့မှ တွေ့ခွင့်မပေးပါဘူး။ အာဏာပိုင်တွေကတော့ ဘာမှမလုပ်ကြပါဘူး။ အေးအေးဆေးဆေး ရန်ကုန်မြို့ ကမ္ဘာအေး ဓမ္မရိပ်သာကျောင်းမှာ ရဟန်းတွေရဲ့ သိက္ခာတော်နဲ့အညီ ဝေယာဝစ္စအားလုံးကို လုပ်ပေးပြီး ထိန်းသိမ်းထားတာဖြစ်ပါတယ်။" ဟု ပြောပြသည်။

ရခိုင်ပြည်သူများအတွက် ရခိုင်ဟန်းတော်များက ဆူးလေစေတီတော်တွင် ဆုတောင်းပွဲပြုလုပ်သည်ကို အကြောင်းပြ၍ အရှင် ရာဟုလာခေါ် (ဦးသုမင်္ဂလ)ကို သက်ဆိုင်ရာအာဏာပိုင်များက ရဟန်းတော်များကို စုဝေးလှုပ်ရှားသည်ဟု ထင်ယောင်နေကြသောကြောင့် နောက်ထပ် မလိုလားအပ်တဲ့ ပြဿနာတွေဖြစ်လာမှာကို စိုးရိမ်ကြတဲ့အတွက် တားဆီးတဲ့အနေနဲ့ ထိန်းသိမ်းခံထားရတာဖြစ်ပြီး ရခိုင်ပြည်အတွင်းပြဿနာများ အမုန်းတရားများနှင့် ရန်ပွဲများ အေးအေးချမ်းချမ်းသွားပြီးမှ ပြန်လည်လွှတ်ပေးမည်ဟု သိရှိရသည်။

No comments:

Post a Comment

 
Blogger Widgets