Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Saturday 23 June 2012

မောင်တောမြို့နယ်တွင် ရခိုင်ဒုက္ခသည်များ နေရပ်သို့ ပြန်ခိုင်းခံနေရ

အာရကန်တိုင်းမ်


165833 377360855658888 585308250 nမောင်တောမြို့နယ်ရှိ ရခိုင်ဒုက္ခသည်များ တချို့အား မိမိကျေးရွာနေအိမ် နေရပ်ရင်းများသို့ပြန်ပြီး နေထိုင်ကြရန် မောင်တောမြို့မှ ဒုဗိုလ်မှူးကြီးတစ်ဦးက နယ်ပြည်တော်အမိန့်အရဆိုကာ ညွှန်ကြားနေကြောင်း သတင်းရရှိသည်။

မောင်တောမြို့ ဒုဗိုလ်မှူးကြီး ညွှန်ကြားချက်အရ ယမန်နေ့က မိမိကျေးရွာသို့ ပြောင်းရွှေ့သွားသော ကျေးရွာမှာ တောင်ပိုင်းရှိ ကိုင်းကြီးကျေးရွာဖြစ်ကြောင်းနှင့် တချို့မှာ ကျန်ရှိခဲ့သော မိမိလယ်ယာမြေများနှင့် ကျွဲနွားများအား စစ်ဆေးရန် ခေတ္တသွားကြည့်ကြသူများသာ ဖြစ်ကြောင်း မျက်မြင်တစ်ဦးက ပြောသည်။

"မောင်တောမြို့နယ်က လုံးဝငြိမ်နေတာ အမှန်ဖြစ်ပါတယ်၊ ဒါပေမဲ့ အားလုံးက ဒါငြိမ်နေတာမဖြစ်နိုင်ဘူးလို့ ယူဆနေကြပါတယ်၊ ခုချိန်ထိ မောင်တောလူထုက ဈေးသွားမ၀ယ်ကြသေးဘူး၊ အာဏာပိုင်တွေကလည်း ဈေးရောင်းကြဖို့ ကုလားတွေကို တိုက်တွန်းနေတာ ရှိပါတယ်၊ သူတို့လည်း ဈေးဆိုင်အားလုံးကိုဖွင့်ပြီး ဈေးရောင်းတာ မတွေ့ရဘူး၊ တဖက်နဲ့တဖက် မယုံသင်္ခါမှုတွေ ရှိနေတာတော့ သေချာ နေပါတယ်၊ ဒုက္ခသည်တွေကလည်း ကျေးရွာနေအိမ်ပြန်ဖို့ လုံခြုံရေးမရှိဘဲ မပြန်ရဲဘူး၊ မနေနိုင်ဘူးလို့ ပြောနေကြတယ်၊ ဒီအချိန်မှာ ပြန်ခိုင်းလို့ လိပ်ပြာမသန့်ဖြစ်နေကြပါတယ်၊ မနေ့ကသွားကြတဲ့ ကိုင်းကြီးရွာက ကျေးရွာသားတွေက ဘယ်အိမ်မှာ နေကြမလဲတော့ မသိဘူး"   ဟု ဒုက္ခသည်အရေး စောင့်ရှောက်ကူညီနေသူ အမည်မဖေါ်လိုသူတဦးက ရှင်းပြသည်။
မောင်တောမြို့နယ် အာဏာပိုင်များက မြို့တောင်ဘက်ရှိ ကိုင်းကြီးကျေးရွာသားများအား ကျေးရွာသို့ သွားရောက်ပြီး နေရာထိုင်ခင်းများ ချပေးခဲ့ကြောင်း ကိုင်းကြီးကျေးရွာမှ အမျိုးသမီးတစ်ဦးက ရှင်းပြသည်။
"ကျမတို့ရွာက အိမ်တဆောင်မှ မကျန်ခဲ့ပါဘူး၊ ဒီမိုးရာသီမှာ ဘယ်မှာနေရမှန်းတောင် မသိသေးပါဘူး၊ စစ်တပ်၊ နစက၊ ၀န်ထမ်းတွေကတော့လာပြီး တာလ်ပတ်ချာ အမိုးအကာတွေနဲ့ မနေ့က လုပ်ပေးသွားပါတယ်၊ သောက်ရေ၊ ရေအိမ်တို့ဘာမှမရှိသေးဘူး။"ဟု ရှင်းပြသည်။
မောင်တောမြို့က ဘုန်းတော်ကြီးတစ်ပါးက "စစ်တပ်က အတင်းလုပ်တာဖြစ်ပါတယ်၊ ပြာပုံသာရှိတဲ့ အဲဒီကိုင်းကြီးရွာမှာ နိုင်ငံတကာကို လိမ်လည်ဖို့ စံပြသဘောအနေနဲ့ လုပ်တာပါ၊ မနေ့က တီဗီမှာ သူတို့ပြည်သူတွေကို ကူညီနေပုံကို မြင်လိုက်ပါတယ်၊ မိုးရွာရင် တာလ်ပတ်ချာ မပြောနဲ့ တိုက်မှာတောင်နေမသာဘူး၊ တခြားကျေးရွာတွေကို နေရာချပေးသေးတာတွေလည်း မတွေ့ရသေးဘူး။"ဟု မိန့်ကြားသည်။

မောင်တောမြို့နယ် တောင်ပိုင်းကျေးရွာများမှာ ဇွန်လ ၈ ရက်နေ့ ကတည်းကစတင်ပြီး မီးရှီုးခံရကာ ကျေးရွာပေါင်း ၈ ရွာနှင့် အိမ်ခြေပေါင်း ၄၃၀ နီးပါးအထိ မီးလောင်ကျွမ်းသွားကြောင်းနှင့် အသေအပျောက်များလည်း အများအပြား ရှိခဲ့ကြောင်း သိရှိရသည်။

သို့သော်လည်း ယင်းကျေးရွာများမှ တချို့အနေဖြင့် ကျေးရွာအခြေအနေနှင့် အိမ်မွေးတိရိစ္ဆာန်များအား ယခုငြိမ်သက်နေသည့် ကာလအတွင်း ခေတ္တခဏသာ သွားရောက်စစ်ဆေးကြည့်ရှုမှုများ ရှိနေကြောင်း မောင်တောမြို့ခံများက ပြောသည်။

မောင်တောမြို့တွင် ဒုက္ခသည်များမှာ လေးမိုင် ရဲတပ်ရင်း(၂)၊ ရပ်ကွက်(၁)၊ ရပ်ကွက်(၃)၊ ပရဟိတကျောင်း၊ ဗဟိုကျောင်းနှင့် အလိုတော်ပြည့်ကျောင်းများအတွင်း စုစုပေါင်း ၁၀၀၀၀ ကျော် နေထိုင်ကြကြောင်း သိရှိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့ လူထုနှင့် အာဏာပိုင်များအနေဖြင့် ပဋိပက္ခကာလအတွင်း ဘင်္ဂလာအခြေစိုက် ARNOနှင့် RSO တပ်ဖွဲ့နှင့် အကြမ်းဖက်သမား တပ်ဖွဲ့များ ၀င်ရောက်ပြီး သောင်းကျန်းသူဘင်္ဂလီများအား ကူညီပေးသည့်သတင်းများ ထွက်ပေါ်ခဲ့သောကြောင့် ယခုအချိန်ထိ မြို့နယ်လုံခြုံရေးနှင့် သတင်းအချက်အလက်များကို စုံစမ်းနေကြသည့်အပြင် စိုးရိမ်မှုများ ရှိနေသေးကြောင်း မြို့ခံများက ပြောသည်။

No comments:

Post a Comment

 
Blogger Widgets