Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Monday 25 June 2012

အနောက်တောင်ဖက်မှ မုန်းတိုင်းနက်..

 By Zaw Lwin Win's Facebook (Albums)

ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် မြန်မာပြည်သူတွေ အတိဒုက္ခရောက်နေကြောင်း သိရတဲ့အချိန်ကစပြီး ကူညီကယ်ဆယ်ရေးအတွက် စီစဉ်ခဲ့ကြရမှာ ၁၉ ရက်နေ့မှာတော့ ရန်ကုန်အခြေစိုက်ပရဟိတအဖွဲ့ လေးဖွဲ့ကိုယ်စား ကျွန်တော် စစ်တွေကို သွားခဲ့တယ်။ တိုက်တိုက်ဆိုင်ဆိုင် အမေစု မွေးနေ့မှာ စတင်လှူဒါန်းဖြစ်ခဲ့ပေမယ့် တိုက်တိုက်ဆိုင်ဆိုင်ဘဲ အဲ့ဒီနေ့မနက် ၈ နာရီအချိန်လောက်မှာ ကြိုတင်ကြံစည်ထားတဲ့ ကုလားတွေရန်ကြောင့် ရသေ့တောင်မြို့နယ်ထဲက အနောက်ပြင်ကျေးရွာက ကုလားဘင်္ဂလီင်္တွေက ရခိုင်လူမျိုး ဆယ်ဦးကို သတ်ပြီးအလောင်းဖျောက်လိုက်ကြောင်း သတင်းထွက်လာတယ်။ အဲ့ဒီမှာဘဲ ကျွန်တော်တို့ ရသေ့တောင် အခြေအနေစုံစမ်းကြတော့ ဒုက္ခသည် ငါးထောင်ကျော်ရှိတယ်ဆိုတာ သိလိုက်ရတယ်။ 

 အဲ့ဒီတော့ ကယ်ဆယ်ရေးတွေ အလာများတဲ့ စစ်တွေကို ခဏထားလို့ ရသေ့တောင်ကိုအရင်သွားကြဖို့ ကျွန်တော်နဲ့အတူ ပါလာတဲ့ ညီလေး ခိုင်စိုးလင်းနဲ့ တိုင်ပင်လိုက်သလို ရန်ကုန်က အကျိုးဆောင်တွေနဲ့ တိုင်ပင်ပြီး ဆုံးဖြတ်လိုက်တယ်။ အားလုံးကတော့ ကျွန်တော်တို့အပေါ် စိုးရိမ်နေကြတယ်။ အဲ့ဒီညဘဲ စစ်တွေမှာ ကုလားအိမ်တစ်အိမ် မီးလောင်လို့ ကျွန်တော်၊ ကိုဂျေမောင်မောင်၊ ကို ဥက္ကာကိုကို၊ ကိုဖိုးသီဟ တို့ အပြေးအလွှားသွားပြီး သတင်းယူကြ ဓါတ်ပုံတွေရိုက်ကြတယ်။ ရဲတပ်ရင်း က တပ်ရင်းမှူးက ရိုင်ဖယ်သေနတ်ကို ကျွန်တော်တို့အနားမှာ ပစ်လိုက်တာ နားကိုအူရောဘဲ... မကြာခင်မှာဘဲ ကိုဥက္ကာကိုကို ကျသွားတယ်။ (လှေခါးကနေ ချော်ပြီးတော့ :P (ဖွပြီ ကိုဥက္ကာရေ :P) ) မနက်မိုးလင်းတော့ ကျွန်တော်နဲ့ ညီလေး ခိုင်စိုးလင်းတို့ ဓည၀တီ ၂ သင်္ဘောကြီးနဲ့ ရသေ့တောင်ဆီ ချီတက်ကြတယ်။ လမ်းမှာတွေ့ရတာက ကုလားလှေတွေမြုတ်နေတာရယ်၊ ခပ်စုတ်စုတ် ရေတပ်သင်္ဘော သုံးစီးရယ်၊ မိုးရွာနေပေမယ့် အလုပ်အကိုင်မရှိတဲ့ ၁၀၉-၁၁၀ ကျွဲနွားတွေရာယ်ပေါ့.. အထူးခြားဆုံး မြင်ကွင်းကို ရသေ့တောင်နားရောက်ခါနီး မြင်ရတယ်။ 

အမျိုးသမီးတွေ လှေတွေနဲ့ သွားနေကြတာပါ။ ဓါတ်ပုံရိုက်မှန်း သိတော့ အော်ပြောကြတယ် အသုဘပို့သွားမလို့တဲ့... နေ့လည် ၁၁ နာရီခွဲလောက်မှာ ရသေ့တောင်ဆီ သင်္ဘောကပ်တယ်။ ကြိုတင်ချိတ်ဆက် ထားမှုအရ ကယ်ဆယ်ရေးကြီးကြပ်မှုကော်မတီက လူကြီးတွေ ကျွန်တော်တို့ကို စောင့်ကြိုကြတယ်။ တစ်မြို့လုံးမှာ တစ်စီးတည်းသာရှိတဲ့ စစ်ကားက ကျွန်တော်တို့ဆီက ပါလာတဲ့ ကယ်ဆယ်ရေး ပစ္စည်းတွေကို ဂိုဒေါင်အရောက်ပို့ပေးတယ်။ မှတ်တမ်းတင် ဓါတ်ပုံရိုက်နေတုန်း လူက အသက်ငယ်ငယ် ကိုယ်လုံးလေးက ခပ်သေးသေး ရာထူးက ကြီးကြီး (သုံးပွင့်) တပ်အရာရှိလေးက ပြိုးချိုတဲ့ မျက်နှာလေးနဲ့ ကျွန်တော့်အနားကပ်ပြီး အစ်ကို စစ်သည်တွေပုံ ပါနေတာ ရိုက်လို့ အဆင်မပြေဘူးထင်တယ်နော် လို့လာပြောတယ်။ 

အဲ့ဒီမှာ ကျွန်တော်က "အမလေး ညီလေးရယ်... ပြည်သူတွေဖက် သေနတ်ပြောင်းလှည့်ချိန်နေတာ မဟုတ်ဘူးလေ။ အတိဒုက္ခရောက်နေတဲ့ ပြည်သူတွေအတွက် ညီလေးရဲ ရဲဘော်တွေက ရိက္ခာတွေကို ပင်ပင်ပန်းပန်း မိုးထဲလေထဲ သယ်ပို့ပေးနတာလေ။ ဒီလိုပုံကိုမှ မှတ်တမ်းမတင် ဘယ်လိုပုံမှတ်တမ်း မတင်သင့်မလဲညီလေးရယ်" ဆိုတော့ သူလည်း ပြုံးပြီး ကျွန်တော်နဲ့ တွဲပြီး ဓါတ်ပုံအရိုက်ခံပါတယ်။ 

အဲ့ဒီနေ့ ကယ်ဆယ်ရေးစခန်းတွေသွား ပစ္စည်းတွေပေးလှူနဲ့အလုပ်ရှုပ်နေပေမယ့် ၁၉ ရက်နေ့က သေဆုံးသွားတဲ့သူတွေရဲ့ အလောင်းကို ရှာဖွေကြတာ တွေ့ပြီးတော့ ဒီနေ့ သဂြိုလ်မယ် ဆိုတဲ့သတင်းကဘဲ ခဏခဏကြားနေရတယ်။ ဒီလိုနဲ့ ညဖက် အိပ်မပျော်ဘူး။ မနက် မိုးလင်း ၆ နာရီထိုးတာနဲ့ လက်ကျန်ငွေ ဆယ့်တစ်သိန်းထဲကနေ ကူတော်ကျေးရွာမှာ ဘင်္ဂလီကုလားသတ်လို့ သေဆုံးသွားတဲ့ ရခိုင်လူမျိုး ဆယ်ဦးရဲ့ ကျန်ရစ်သူမိသားစုတွေဆီ တစ်သိန်းဆီ ပေးလှူဖို့ စဉ်စားမိတယ်။ ကျန်ရစ်သူ ဒီအမျိုးသမီးတွေဟာ မုဆိုးမတွေဘ၀ ချက်ခြင်းရောက်သွားခဲ့ရပြီး လယ်လည်းမထွန်နိုင်တော့ဘူး။ 

ငါး ဖားလည်းရှာမစားနိုင်တော့ဘူးဆိုပြီး အတွေးရောက်သွားခဲ့ရတယ်။ ၇န်ကုန်က အဖွဲ့ဝင်တွေနဲ့ တိုင်ပင်ပြီး မနက်ပိုင်းခရီးစတင်ခဲ့ပေမယ့် ခရီးက ထောက်နေပြီး စက်လှေပျက်ကြောင့် ၂ မိုင်လောက် လမ်းလျှောက်လိုက်ရတယ်။ ကျွန်တော်တို့ရဲ့ စေတနာ မေတ္တာတွေကို ဘယ်အရာကမှ တားဆီးမရနိုင်ပါဘူး။

ရွာမှာရှိတဲ့ ဆရာတော်ကို ဦးတိုက် အခြေအနေရှင်းပြလိုက်တာနဲ့ ရပ်မိရပ်ဖ ၃၀ ကျော်လောက်က ကျွန်တော့်ကို သူတို့ရဲ့ ကျဆုံးရဲဘော်တွေအိမ်ကို တစ်အိမ်ဆင်း တစ်အိမ်တက် လိုက်ပို့ကြတယ်။ ပထမဦးဆုံး ၀င်ခဲ့တဲ့ အိမ်မှာတင် ကျွန်တော်ရင်ဆို့ခဲ့ရတယ်။ ကျဆုံးသွားတဲ့သူတွေထဲက ထွေအုတ်က ၀န်ထမ်းလည်းဖြစ် စာရေးဆရာတစ်ယောက်လည်း ဖြစ်တဲ့ ဦးသံဒါအောင်ရဲ့ အမျိုးသမီးလည်းဖြစ် ဆယ်တန်းကျောင်းသားလေး ထွန်းထွန်းရဲ့ အမေလည်းဖြစ်သူက အပူမီးတွေရင်မှာပိုက်လို့ မြင်တွေ့လိုက်ရတယ်။ ကျွန်တော်တို့ မြင်တာနဲ့ ပိုငိုတော့တာဘဲဗျာ။ အမေလေး ... အခုတော့ လမ်းလုပ်ဖို့ လမ်းပြင်ဖို့ ဆိုပြီး လာမခေါ်ကြတော့ဘူးလား။ ...

 ဆိုပြီး ပြောဆို ငိုနေတဲ့ အသံလေးတစ်ချက် နားလည်လိုက်မိတယ်။ ကျွန်တော်လည်း အခု အမကြီးရဲ့ သားနဲ့ အမျိုးသား ကျဆုံးသွားတာဟာ အစ်မကြီးတို့ရပ်ရွာကို ကာကွယ်ရင်း အမျိုးဘာသာ သာသနာကို ကာကွယ်ရင်း အာဇာနည်လို ကျဆုံးခဲ့တာပါ။ ကျွန်တော်တို့ကလည်း မိသားစုနဲ့ထပ်တူ ၀မ်းနည်းရပါတယ်။ 

စသည်ဖြင့် အားပေးစကားလေး ပြောခဲ့ပါတယ်။ ဒါပေမယ့် သူ့ရင်က အပူကိုတော့ ရပ်သွားအောင် ကျွန်တော် မတတ်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့ မြင်ရင် ငိုသူက ငိုတယ်၊ ဦးချသူက အတင်းတားတဲ့ကြားကနေ ကျေးဇူးတင်ပါတယ် လို့ပြောပြီး အတင်း ဦးချသူက ချတယ်။ သူ့အမျိုးသားအတွက် ဂုဏ်ယူကြောင်း ပြောသူက ပြောတယ်။

 (နောက်ရက် ဆက်ပါ့မယ်။)

No comments:

Post a Comment

 
Blogger Widgets