Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Monday 25 June 2012

စစ်တွေမြို့ စာသင်ကျောင်းများ စာအံသံနှင့် ခေါင်းလောင်းထိုးသံများ တိတ်ဆိတ်နေဆဲ

Narinjara

မောင်အေး
ဆူပူအကြမ်းဖက်မှုများကြောင့် ပိတ်ထားခဲ့ရသော စစ်တွေမြို့မှ စာသင်ကျောင်းများကို ယနေ့တွင် ပြန်လည် ဖွင့်လှစ်ခဲ့သော်လည်း ကျောင်းသားများ ကျောင်းမတက်ကြသဖြင့် ကျောင်းများတွင်  ခေါင်းလောင်းထိုးသံများနှင့် စာအံသံများ တိတ်ဆိတ်နေကြောင်း သိရသည်။

ကျောင်းသား လူငယ်များ  ကျောင်းမသွားနိုင်ကြသည်မှာ ရက်ပေါင်း  ၂၀ ကျော် ဖြစ်လာပြီး ဖြစ်သဖြင့် စာသင်ကျောင်းများကို ယနေ့ ပြန်လည် ဖွင့်လှစ်ပြီဟု ကျောင်းရှေ့တွင် ဆိုင်းဘုတ်များ ထောင်ထားသော်လည်း ကျောင်းသားများ  ကျောင်းမသွားကြဟု ရခိုင်ပြည်နယ် စစ်တွေ ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်က ပြောသည်။

“ ကျောင်းတွေကတော့ အစိုးရကဖွင့်ထားပါတယ်။ ကြော်ငြာတွေလည်း ထောင်ထားပါတယ်။ ဒါပေမဲ့ ကျောင်းသားမိဘတွေက သားသမီးတွေကို ကျောင်းကို မလွှတ်ကြသေးဘူး။ အဓိကတော့ မိဘတွေမှာ စိုးရိမ်မူတွေ ရှိနေတဲ့ အတွက် သားသမီးတွေကို ကျောင်းကို မလွှတ်ကြတာပါ။ ဒါကြောင့် ကျောင်းတွေကို ပြန်ဖွင့်ပေမယ့် ကျောင်းသားတွေ မရှိ ဖြစ်နေကြရတာပါ” ဟု ဦးအောင်မြကျော်က ပြောသည်။

အစိုးရ တာဝန်ရှိသူများမှ ယနေ့ (ဇွန်လ၂၅ ရက်) တနင်္လာနေ့တွင် ကျောင်းများကို ပြန်လည်ဖွင့်လှစ်မည်ဟု ကြေငြားထားခဲ့သည်ဟု  စစ်တွေမြို့ အုန်းတပင်ရပ်ကွက်မှ ကျောင်းသား တစ်ဦးက ယခုကဲ့သို့ပြောသည်။

 “ကျောင်းတွေမှာ စာကပ်ထားပါတယ်။ တနင်္လာနေ့ ကျောင်းပြန်တက်ရမယ်လို့။ ဒါပေမဲ့ ကျောင်းသားတွေ အတွက် ကျောင်းတက်ဖို့ဆိုတာ မဖြစ်နိုင်သေးဘူး။ စိုးရိမ်မှုတွေ ရှိနေကြတယ်။ တချို့ကျောင်းသားတွေရဲ့ အိမ်တွေက မီးရှို့ခံလိုက်ရတဲ့ အတွက် သူတို့ကျောင်း ပြန်တက်နိုင်ဖို့ ဆိုတာက သိပ်မသေချာသလို ဖြစ်နေပါတယ်။”

ယနေ့ အခြေမှာ စစ်တွေမြို့တွင် ရုပ်ပိုင်း အရ တည်ငြိမ်မှုရှိနေသော်လည်း လူအများမှာ စိုးရိမ်စိတ်များ ရှိနေကြကြောင်း ဦးအောင်မြကျော်က ပြောသည်။

“ ကျောင်းအချိန်မှာ ကျောင်းမတက်နိုင်တဲ့အတွက် ကလေးတွေအတွက် သိပ်နစ်နာပါတယ်။ တခြား တိုင်းနဲ့ပြည် နယ်တွေမှာ ပျော်ပျော်ရွင်ရွင်နဲ့ ကျောင်းတက်နေကြပေမဲ့ ကျွန်တော်တို့ရခိုင်ပြည်မှာ ကျောင်းဖွင့်ချိန်မှာ ကျောင်း မတက်နိုင်၊ စာမသင်နိုင်။

အစိုးရက ကျောင်းဖွင့်ထားပေမဲ့ ကြောက်ရွံ့စွာနဲ့ ကျောင်းကိုသွားရမယ်ဆိုတာ မဖြစ် နိုင်ဘူး။ လုံခြုံရေးကလည်း အားနည်းမူတွေရှိနေတော့ ကျောင်းမသွားနိုင်တဲ့  လူငယ်တွေ၊ ကျွန်တော်တို့ သားသမီးတွေအတွက် အကြီးအကျယ်နစ်နာမှုတခုပါ” ဟု သူက ဆိုသည်။

စစ်တွေမြို့တွင် အရေးပေါ် အမိန့်ထုတ်ထားသည့်အတွက် ကျောင်းဖွင့်ရန် မသင့်တော်သေးကြောင်း ဒုက္ခသည် များအား ကူညီစောင့်ရှောက်ပေးနေသည့် ၀န်လက်ဖောင်ဒေးရှင်းကူညီရေးအသင်းမှ ကိုကောင်းစံက ပြောသည်။

“ဒီမှာအခြေအနေက စိတ်ချရတဲ့ တည်ငြိမ်တဲ့ အနေထားကမဟုတ်သေးပါ။ တဘက် မှာလည်း အရေးပေါ်အမိန့် ထုတ်ထားရသေးတယ်ဆိုတော့ ကျောင်းဖွင့်လို့လည်း မသင့်တော်သေး ပါဘူး” ဟု ဆိုသည်။

ဆူပူအကြမ်းဖက်မှု စတင်ဖြစ်ပွားခဲ့ရာ ရခိုင်ပြည်နယ် မောင်တောမြို့တွင်လည်း စာသင်ကျောင်းများကို ဆက်လက် ပိတ်ထားဆဲဖြစ်ပြီး  စာသင် အရွယ် ကလေးငယ်များကို အဖိုးအဖွား သက်ကြီး ရွယ်အိုများနှင့် အတူ စစ်တွေဘက်သို့ ပြောင်းရွေ့မှုများရှိကြောင်း သိရှိရသည်။

No comments:

Post a Comment

 
Blogger Widgets