Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Monday 25 June 2012

ကိုမြအေး အပြောနှင့်အလုပ်ညီပါစေ

အာရကန်တိုင်းမ်


mya ayeဧရာဝတီသတင်းမှာ ဇွန်လ ၅ ရက်နေ့က ဖော်ပြပေးခဲ့တဲ့ ကိုမြအေးနှင့်တွေ့ဆုံမေးမြန်းခန်းဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေခဲ့တဲ့မှုခင်းကိစ္စတွေကို ထင်ဟပ်ပြီး၊ ဘာသာတရားရဲ့အဆုံးအမ တွေကို ခံယူဖို့ပါ မေတ္တာရပ်ခံခဲ့ပါတယ်။ လူမျိုးရေး၊ ဘာသာရေးကိုအခြေခံတဲ့ အဓိကရုဏ်းမျိုးကို ဘယ်အုပ်စုကဘဲ ဖန်တီးဖန်တီး လုံးဝလက်မခံကြဖို့ကိုလည်း တိုက်တွန်းသွားခဲ့ပါတယ်။ ဒါဟာနိုင်ငံသားတယောက်ရဲ့ တာဝန်ကျေပွန်မှုတစ်ခုလို့ ဆိုပါရစေ။

မြန်မာနိုင်ငံသားတိုင်းက ချက်ချင်းဘဲဗြုန်းခနဲထခုန် သြဘာလက်ခုပ်ပေးလိုက် ကြမှာသေချာတယ်။ ရခိုင်အမျိုးသမီးလေး မသီတာထွေးကိုမတရားအဓမ္မပြုကျင့်တာ အင်မတန် ရက်စက်ကြမ်းကြုတ်တဲ့ အပြုအမူပါတာမျိုးမဖြစ်သင့်ပါဘူး။ တဆက်ထဲမှာပဲ တောင်ကုတ်မြို့ကို ဖြတ်သွားတဲ့ခရီးသည်တင် ကားပေါ်က လူ ၁ဝ ယောက်ကို သတ်ဖြတ်ခဲ့ကြတာ ကလည်း ကျွန်တော်တို့မြန်မာ့ယဉ်ကျေးမှု အစဉ်အလာ မရှိတာကြောင့် ရာဇဝတ်မှုလို့ သူမြင်ခဲ့တယ်။

ထပ်ပြီး သူပြောတာက ကျွန်တော်တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော်တို့ကရိုဟင်ဂျာမဟုတ်ဘူး။ ရခိုင်ပြည်နယ်ဟာ ဘင်္ဂလားဒေ့ရှ်နဲ့ ကပ်နေလို့ကိုယ့်အမျိုးသားရေး ခံကတုတ်ကိုတော့ ပြင်ရမှာပဲ။ ဒါကျွန်တော်လုံးဝနားလည်တယ်။ ဒီလိုမဟုတ်ရင် သန်းရာကျော် နိုင်ငံကနေ ပြိုလာမယ့်လူမျိုးတွေ အနေနဲ့ ရခိုင်အမျိုးသားတွေ စိုးရိမ်မယ်ဆိုတာကို ကောင်းကောင်းနားလည်ထားတယ်။ ဒါက ဘင်္ဂါလီတွေ၊ ဘင်္ဂလားဒေ့ရှ်ကလာတဲ့ ပြဿနာတွေကို ရင်ဆိုင်တဲ့အခါမှာ ပြည်တွင်းမှာ ရှိတဲ့ အေးချမ်းစွာ နေထိုင်စားသောက်နေတဲ့အစ္စလာမ်ဘာသာဝင်တွေနဲ့ မသက်ဆိုင်ဘူးလို့ ရှင်းရှင်း ပြောချင်တယ်။ ဘင်္ဂလားဒေ့ရှ်က စိမ့်ပြိုလာမယ့်ကိစ္စကို ကျွန်တော်တို့လည်း မလိုလားဘူး။ အိန္ဒိယနဲ့လည်း ကပ်နေတယ်။ အလားတူပဲ တရုတ်ပြည်နဲ့လည်း ကပ်နေတာ။

ဒါလူမျိုးရေးကို ရှေ့တန်းတင်တာမဟုတ်ဘူး၊ သို့သော် လည်း ကျွန်တော်တို့အမျိုးသားရေးကိုတော့ ရှေ့တန်း တင်ရမှာပဲ။ ကိုမြအေးဟာ တကယ့် မျိုးချစ်စိတ်ဓါတ်ပြည်ဝသူ တစ်ယောက်ဆိုတာ ယုံမှား သံသယ ဖြစ်စရာမလိုတော့ပါ။ ဘာသက်သေ သာဓကမှပြဖို့ မလိုတော့တာ သေချာပါတယ်။ ကိုမြအေးက ဆက်ပြီးလဲပြောပါသေးတယ်။ ကျွန်တော့အနေနဲ့ ဘယ်ဘက်မှ မလိုက်ပါဘူး။ ကျွန်တော် အစ္စလာမ် ဘာသာဝင် မှန်တယ်၊ ကျွန်တော် မြန်မာနိုင်ငံမှာရှိတဲ့သန်း(၆၀) အတွက်ပဲ အလုပ်လုပ်မှာပါ။ လူမျိုးရေးအပေါ် ကျွန်တော့် ဘာသာရေးအပေါ် မလိုက်ပါဘူး။ ရိုဟင်ဂျာကိစ္စကို ထပ်ပြောပါ့မယ်။ ရိုဟင်ဂျာအရေးကို အစ္စလာမ်အရေးလို့ လုပ်နေတဲ့သူတွေရဲ့ အန္တရယ်ကိုလည်း ကျွန်တော်တို့ ကာကွယ်တားဆီးရမှာ ဖြစ်သလို ရိုဟင်ဂျာအရေးကိုဗန်းပြပြီး အခြားသောအစ္စလာမ်ဘာသာဝင်တွေကို စည်းခြား ဆက်ဆံဖို့ကြိုးစား နေသူတွေကိုလည်း သတိပြုရမှာဖြစ်ပါတယ်တဲ့။ ဒီလို လူမျိုးတွေ ဦးနုဝန်ကြီးချုပ် ဖြစ်တဲ့ခေတ်မှာသာ ရှိနေခဲ့ရင် ရိုဟင်ဂျာဆိုတဲ့ ဝေါဟာရလည်း မြန်မာမြေပေါ်မှာ ထွက်ပေါ်လာခဲ့မှာ မဟုတ်သလို၊ မူဂျာဟစ် သူပုန်တွေဆိုတာလည်း ရှိနေခဲ့မှာ မဟုတ်တာသေချာတယ်။

 ခုခေတ် RSO, ARIF ဆိုတဲ့ ဘင်္ဂလီလက်နက်ကိုင် အုပ်စုတွေ လည်း ပေါ်ပေါက်လာစရာ အကြောင်းတရားမရှိတော့ပါ။ RSO, ARIF တို့နဲ့ အလူးအလဲအဆက်အသွယ် ရှိတဲ့Al-Qaeda နှင့် Taliban တွေကိုလည်း မြန်မာပြည်သူတွေသိပ်ပြီးစိတ်ဝင်တစား ရှိကြမှာလဲမဟုတ်ဘူး။ သူကတဖန် ဆက်ပြောသေးတာက ကျွန်တော်တို့နိုင်ငံရေးလုပ်မယ်ဆိုရင် အမျိုးသားရေး အစွန်းရောက်လို့မရသလို အမျိုးသားရေးကို စွန့်ပစ်လို့လည်း မရဘူး။ ရခိုင်ပြည်နယ်မှာရှိတဲ့လူဦးရေကို တွက်ကြည့်ပါ။ သူတို့နဲ့ ထိစပ်နေတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့လူဦးရေကို ကြည့်ပါ။ ရခိုင်အမျိုးသား တွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေပြိုဆင်းလာမဲ့ အန္တရာယ်ကို စိုးရိမ်တယ်ဆိုတာ သဘာဝကျတယ်။

ကျွန်တော်တို့လက်ခံရမယ့်ကိစ္စလည်းဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီကပြိုဆင်းလာမဲ့ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကို ဗန်းပြပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာ ၀င်တွေအရေးကို ဆောင်ရွက်ခြင်းဟာ မှားပါတယ်။ လုံးဝမဟုတ်ပါဘူး။ လက်လည်းမခံနိုင်ပါဘူး။ အလားတူ ကျွန်တော် ပွင့်ပွင့် လင်းလင်း ဘဲပြောပါမယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ အစ္စလာမ်ဘာသာဝင်တွေအနေနဲ့က မြန်မာပြည်မှာနေပြီး၊ မြန်မာပြည်ကိုချစ်တယ်။ မြန်မာပြည်ရဲ့ ဆန်ကိုစားပြီး မြန်မာပြည်မှာကြီးတယ်။ အဲဒီအတွက် အမေကိုကျော်ပြီး ဒွေးတော်လွမ်းနေစရာအကြောင်း မရှိဘူး။ အဲဒီတော့ ရခိုင်အမျိုးသားတွေရဲ့စိတ်ပူပန်မှုဟာ ကျွန်တော်တို့ရဲ့ စိတ်ပူပန်မှုပါ။

ကျွန်တော်တို့ကိုယ်တိုင် ရခိုင်အမျိုးသားတွေဘက်က ရပ်တည်ရမှာ ဖြစ်ပါတယ်တဲ့။ ဒီစကားတွေ အရဆိုရင် ကိုမြအေးဟာ တကယ့်ကို တိုင်းပြည်အတွက် အားထား လောက်တဲ့သူပါ။ လူမျိုး၊ဘာသာခွဲခြားမှုကို အားမပေး တတ်သလို၊ လက်တွေ့ကိုလက်ခံ တတ်သူတစ်ယောက် လည်း ဖြစ်တယ်။ အမျိုးသားရေးကိုသာ ဦးစားပေး သူလည်းဖြစ်တယ်ဆိုတာငြင်းပယ်ဖွယ်ရာအကြောင်း မရှိတော့ပါဘူး။ အေးအတူ ပူအမျှ နေထိုင်နိုင်ရေးကို အလေးထားသူ ဆိုတာလည်း သူ့ရဲ့ပြောစကားတွေအရ ထင်ရှားလှပါတယ်။ ကိုမြအေးပြောတာတွေ ကောင်းပါတယ်။

သို့သာ် ကိုမြအေးရဲ့ ဖြေကြားချက်တွေထဲက တချို့အချက်တွေဟာ ရှင်းးမလင်းဘဲကျန်နေခဲ့တယ် လို့ခံစား ရမိပါတယ်။ လစ်ဟာမှုတွေ၊ မသဲကွဲမှုတွေကြောင့်ေ၀၀ါးနေတယ်လို့ ယူဆပါတယ်။

သူ့ဖြေကြားချက်တွေထဲမှာ ရိုဟင်ဂျာ ဆိုတဲ့ ဝေါဟာရကို မေးသူက တစ်ခါသာ သုံးခဲ့ပေမယ့် သူကရှစ်ကြိမ်ရှစ်ခါ ထပ်တလဲလဲ သုံးစွဲပြောဆို နေခဲ့တာကို တွေ့ရတယ်။ ကျုပ်မရှင်းမလင်း ခံစားရတာက ဒီရိုဟင်ဂျာဆိုတဲ့ ဝေါဟာရကို ဘယ်ကနေ ကောက်ယူ သုံးစွဲနေတာလဲ ဆိုတာပါဘဲ။ ဒါဟာ တစ်အချက်ပါ။

ကိုမြအေးက ကျွန်တော် တို့က မြန်မာမွတ်စလင်ပါ။ ကျွန်တော် တို့က ရိုဟင်ဂျာ မဟုတ်ဘူးလို့အသေအချာပြောတာတွေ့ရတယ်။ ဒီတော့ သူက မြန်မာဆိုတာကိုဗမာလို့ ဆိုလို တာလား၊ ဒါမှမဟုတ်ရင် မြန်မာပြည်ထဲက ဘာလူမျိုးလဲ ဆိုတဲ့မေးခွန်းက တစ်ခုပါ။ ရခိုင်ပြည်ဖက်မှာတော့ ကမန် အမျိုးသားတွေရှိတယ်။ မွတ်စလင်ဘာသာဝင်တွေပါ။ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးကြ သူတွေပါ။

ဌာနေသားတွေနဲ့ ဘယ်တော့မှ ပြသနာမရှိကြသူတွေ ဖြစ်တယ်။ တသားတည်းနေ တတ်ကြသူတွေ ဖြစ်ကြတယ်။ နှစ်အချက်ကတော့ ရိုဟင်ဂျာဆိုသူတွေကကော ဘယ်သူတွေလဲ ဆိုတဲ့မေးခွန်းပါ။ ထူးထူးခြားခြားတစ်ခု တွေ့ရှိ ရတာကတော့ ကိုမြအေး ပြောတဲ့ အထဲမှာ အသေအချာ ရှင်းလင်းထားတာဖြစ်တဲ့  --
"ရခိုင် အမျိုးသားတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကနေ ပြိုဆင်းလာမဲ့ အန္တရာယ်ကို စိုးရိမ်တယ် ဆိုတာသဘာဝကျတယ်။ ကျွန်တော်တို့ လက်ခံရမဲ့ ကိစ္စလည်း ဖြစ်တယ်။ ကျွန်တော်ပြောချင်တာက အဲဒီကပြိုဆင်းလာမဲ့ ရိုဟင်ဂျာတွေရဲ့ အရေးကိစ္စကိုဗန်းပြပြီး မြန်မာနိုင်ငံတွင်းက အစ္စလာမ်ဘာသာဝင်တွေအရေးကိုဆောင်ရွက်ခြင်းဟာ မှားပါတယ်။ လုံးဝမဟုတ်ပါဘူး။ လက်လည်း မခံနိုင်ပါဘူး"  -
ဆိုတဲ့ဖွင့်ဆိုချက်ပဲဖြစ်ပါတယ်။ အဓိပ္ပါယ်ကလည်း ရှင်းလင်းကြည်လင်မှုရှိတယ်လို့ ယူဆတယ်။ သူဆိုလိုတာက ဘင်္ဂလားဒေ့ရှ်ကနေ ရခိုင်ဘက်ကို တရားမ၀င်ပြိုကျစီးဝင်လာနေတဲ့ လူတွေဟာ ရိုဟင်ဂျာဆိုသူတွေဖြစ်တယ်လို့ အတိအလင်း ရှင်းလင်းချက်ပေးလိုက်တာပါဘဲ။

ဒါဆိုရင်ပွဲကပြီးသွားပြီ ဖြစ်တယ်။ ကိုမြအေးအနေနဲ့ တိုင်းပြည်နှင့်လူမျိုး အတွက်သူဟာတကယ်စစ်မှန်တဲ့ ၈၈ မျိုးဆက်သာ ဖြစ်ခဲ့ရင် နိုင်ငံအသီးသီးမှာရောက်ရှိနေကြတဲ့ ရိုဟင်ဂျာလို့အမည်ခံပြီး ဟစ်ကြော်နေကြသူတွေအားလုံးမိမိ၏ ဇာတိရပ်မြေကို စောလျင်စွာ ပြန်သွားကြဖို့၊ ကိုမြအေးလိုဘဲမိမိရဲ့ အမျိုးဘာသာကိုချစ်ဖို့၊ သူများသမိုင်းကို ကိုယ့်သမိုင်း အဖြစ် လိမ်လည် ခြင်းမပြုဖို့၊ သူများ ပိုင်ဆိုင်တဲ့ ဘိုးဘွားပိုင်မြေကို ကိုယ်ပိုင်မြေအဖြစ်လိမ်ညာပြီး အပိုင်စီးဖို့ မကြိုးစားကြဖို့ တရားဝင် ရှင်းလင်း ဟောပြောပေးဖို့ဘဲဖြစ်ပါတယ်။ နောက်တချက်က RSO, ARIF လို့သိကြတဲ့ ဘင်္ဂလီအကြမ်းဖက်အဖွဲ့တွေကလဲဘဲ မဟုတ်မမှန်တဲ့ လုပ်ရပ်တွေကို ရပ်တန့်က ရပ်လိုက်ကြဖို့ တောင်းဆိုသင့်ပါတယ်။ ဒါဟာ တိုင်းချစ်ပြည်ချစ်တို့ရဲ့အမှန်တရား အတွက်ထားရှိတဲ့ သစ္စာတရားထဲက ပေါက်ဖွား လာခဲ့ရမှာဖြစ်တယ်။

ဒါဟာမြန်မာ နိုင်ငံရဲ့ ကောင်းသောအနာဂါတ်ကို ဖော်ဆောင်ပေးတာလည်း ဖြစ်သလို၊ ကိုမြအေး ပြောသလို တိုင်းပြည်အတွက် ထားရှိတဲ့ နိုင်ငံရေးသမားရဲ့ စိတ်ဓါတ်လည်းဖြစ်တယ်။ ဘာသာရေးနှင့် လူမျိုးရေးကို ကွဲကွဲပြားပြားနားလည်ထားတဲ့ ကိုမြအေးလိုလူတွေကို ဒို့နိုင်ငံသားတွေက တောင့်တစောင့်ကြို နေကြတယ်။ ကိုမြအေးကိုယ်တိုင် နိုင်ငံခြားမှာ ပညာသင်နေတဲ့ ချစ်သမီးအတွက် ရှေ့ဆက်မမှားဖို့ တာဝန်ယူပေးတာကိုက ချီးကျူးလောက်ပါတယ်။ မကြာမနှောင်းမှာ ကိုမြအေးဆီက ထွက်ပေါ်လာမဲ့ ရှင်းလင်း နှိုးဆော်ချက်တွေကို ပြည်သူတွေ နားစွင့်နေကြဆဲပါ။ မျှော်တလင့်လင့် စောင့်စားနေကြဆဲပါ။

No comments:

Post a Comment

 
Blogger Widgets