Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Tuesday 19 June 2012

နာရေးကူညီမှုအသင်း (ရန်ကုန်) စစ်တွေ ဒုက္ခသည်စခန်းများသို့သွားရောက်ထောက်ပံ့


``နာရေးကူညီမှုအသင်း (ရန်ကုန်) စစ်တွေ ဒုက္ခသည်စခန်းများသို့သွားရောက်ထောက်ပံ့``

နာရေးကူညီမှုအသင်း (ရန်ကုန်) ဒုတိယ ဥက္ကဌ စာရေးဆရာမ သန်းမြင့်အောင် ဦးဆောင်သော အဖွဲ့သည် စစ်တွေမြို့ရှိ ရခိုင်နှင့်ဘင်္ဂါလီ ပဋိက္ခအရေးမှ ဒုက္ခသည်များကို
ဇွန်လ ၁၆ ရက်နေ့က သွားရောက်ထောက်ပံ့လှူဒါန်းခဲ့ကြောင်း သိရသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်) သည် စစ်တွေမြို့ပေါ်ရှိ ဒုက္ခသည်များအား စခန်းများသို့ သွားရောက်ကာ အိမ်ထောင်စုတစ်စုလျှင် ကျပ် ၅၀၀၀ နှင့် အ၀တ်အထည်၊
ခေါက်ဆွဲခြောက်၊ ကော်ဖီမစ် စသည်တို့အား လှူဒါန်းခဲ့ကြောင်း၊ ဇွန်လ ၁၇ ရက်နေ့တွင် ဒုက္ခသည် ၅၂၈ ဦးရှိသော ပုဏ္ဍားကျွန်းမြို့ ဒုက္ခသည် စခန်းသို့ စားသောက်ကုန်၊ ဆေးဝါးနှင့်
အ၀တ်အထည်များသွားရောက် လှူဒ့န်းခဲ့ကြောင်း သိရသည်။

ထို့အပြင် ၄င်းထောက်ပံ့လှူဒါန်းမှုအဖွဲ့သည် လီ ပဋိက္ခကာလအတွင်း ထိခိုက်ဒဏ်ရာရှိကာ စစ်တွေပြည်သူ့ဆေးရုံသို့တက်ရောက်ဆေးဝါးကုသခံနေရသူ ၅ ဦးကိုလည်း ကူညီထောက်ပံ့အားပေး
ကြည့်ရှုခဲ့ကြောင်း နာရေးကူညီမှုအသင်း (ရန်ကုန်) မှ တာဝန်ရှိသူတစ်ဦးကပြောသည်။

`` ကျပ်သိန်းနှစ်ရာမတည်ပြီးလာလှူတာပါ၊ ပိုက်ဆံ၊ အ၀တ်အထည်ာနဲ့ စားစရာတွေပါ´´ ဟု နာရေးကူညီမှုအသင်း (ရန်ကုန်) မှ ကူညီထောက်ပံ့ရေးသွား အဖွဲ့ဝင်တစ်ဦးကပြောသည်။
စစ်တွေမြို့တွင် ဒုက္ခသည် စခန်း ၅၀ ကျော်ရှိပြီး၊ ဒုက္ခသည်ပေါင်း နှစ်သောင်းဝန်းကျင်ရှိကြောင်း၊ ဇွန်လ ၁၇ ရက်နေ့အထိ ဒုက္ခသည်ပေါင်းမှာ ထပ်မံတိုးလာမှုရှိကြောင်း၊ ဒုက္ခသည်များမှာ
အမျိုးသမီးနှင့်ကလေးငယ်များ သာအများစုရှိကြောင်း၊ အမျိုးသားများမှာ မူလ၄င်းတို့နေထိုင်ခဲ့သော ရပ်ကွက်နှင့်ကျေးရွာများသို့သွားရောက်စောင့်ရှောက်နေကြောင်းသိရသည်။

နာရေးကူညီမှုအသင်း (ရန်ကုန်)သည် ရခိုင်ပြည်နည်တွင် ဂီရိမုန်တိုင်း တိုက်ခတ်ပြီးတွင် ကူညီထောက်ပံ့မှုပြုလုပ်ရန် ထိုစဉ်က အာဏာပိုင်အဖွဲ့သို့တင်ပြခဲ့ရာ ခွင့်ပြုပေးခြင်းမရှိခဲ့ဘဲ
ယခုမှသာ လာရောက်ထောက်ပံ့ခွင့်ရခြင်းဖြစ်ကြောင်း ၄င်းတို့၏ပြောပြချက်အရသည်။

မိုးမြင့်မြတ်

No comments:

Post a Comment

 
Blogger Widgets