Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Tuesday 19 June 2012

ကျွန်တော် BBC / VOA/ DVB သတင်းထောက်ပါလို့ ပြောလိုက်ရင် တံတွေးနဲ့ ထွေး၊ ဖိနပ်နဲ့ ပေါက်မယ့်သူတွေမယ့်သူ အမြောက်အများရှိလာတော့မယ်

by Zaw Lwin Win on Friday, 15 June 2012 at 20:53 ·



ရခိုင်အမျိုးသမီးလေး မသီတာထွေးကို ဘင်္ဂလီ အမျိုးသား (၃)ဦးက ဗလ္လကာပြုကျင့်ပြီး သတ်ဖြတ်ခဲ့ရာမှာ အခြေခံပြီး တောင်ကုတ်မှာ လူသတ်မှု ဖြစ်ပွားခဲ့တယ်။

 အဲ့ဒီကနေ စပြီးတော့ ဘင်္ဂလီတွေဟာ ရခိုင်ဒေသက ရခိုင်လူမျိုးတွေကို မီးရှို့အကြမ်းဖက် သတ်ဖြတ်မှုတွေ အချိန်အတန်ကြာအထိ ဖြစ်ပွားခဲ့ပါတယ်။ ထိုကိစ္စရပ်နှင့် ပတ်သက်ပြီး အနောက်မီဒီယာအုပ်စုနှင့် BBC, VOA, DVB သတင်းဌာန များကလည်း အခြေအနေမှန်ကို သိပါလျက်နှင့် တို့မီးရှို့မီဆန်ဆန် ကိုယ့်နိုင်ငံ ကိုယ့်လူမျိုး ပျက်သုန်းရာဖက်သို့ ဦးတည်နေတဲ့ ၀ါဒဖြန့် တစ်ဖက်သတ် သတင်းမှားထုတ်လွှင့်မှုများ ပြုလုပ် ခဲ့ပါတယ်။

 အဲ့ဒီကိစ္စနှင့် ပတ်သက်ပြီး ရုရှားအစိုးရပိုင် သတင်းစာတစ်ခုကလည်း ဘာသာရေး အဓိကရုဏ်း ဖြစ်ပွားနေတဲ့အကြောင့် အနောက်မီဒီယာ အုပ်စုကို သံယောင်လိုက် သတင်းမှား ရေးသား ဖော်ပြ ခဲ့ပါတယ်။
 ဒါကို ဖတ်ရတဲ့ ရုရှားရောက် မြန်မာကျောင်းတွေ ဖြစ်ကြတဲ့ အောင်ဇော်လတ်နဲ့ စည်သူထက်တို့က ရုရှားအစိုးရပိုင် မီဒီယာကို ကန့်ကွက်စာ မေးလ်တွေ ပို့ခဲ့တယ်။ ဒီသတင်းကို ရေးသားတဲ့ အယ်ဒီတာကလည်း သူရေးသားတဲ့အထဲက ကြားသိရသမျှတွေဟာ အနောက် မီဒီယာ အုပ်စုအတိုင်း ရေးသားခဲ့ခြင်း ဖြစ်ကြောင်း အကြောင်းပြန် လာပါတယ်။  တကယ်လို့ သူရေးတဲ့ သတင်းရဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး သဘောမတူရင် နိုင်ငံတွင်းက တရားဝင် သတင်းဌာနတွေရဲ့ ထုတ်လွှင့် မှုတွေကို ကိုးကားနိုင်ရန် ဆိုပြီး အကြောင်းပြန်ပေးပို့ပေးခဲ့ပါတယ်။

 အောင်ဇော်လတ်နဲ့ စည်သူထက်တို့ အနေနဲ့လည်း Eleven Media Group , BBC သို့ ဒေါက်တာအေးချမ်းရဲ့ ပေးစာ၊ အခြား အင်္ဂလိပ်လို တင်ဆက်ပေးနေသော အထောက်အထား တစ်ချို့ကို ပြန်လည် ပို့ပေးခဲ့သလို   သူတို့ရဲ့ အမြင်တွေကိုလည်း ထပ်ဆင့် ရေးသား ပေးပို့ပေးခဲ့ပါတယ်။

 ဘာ့ကြောင့် ဒီလောက်အထိ အထိမခံဖြစ်နေရသလဲ ဆိုတဲ့ ဗုဒ္ဓဘာသာနဲ့ အစ္စလမ် ဘာသာရေး အဓိကရုဏ်းလို့ သုံးလိုက်တဲ့ အကျိုးဆက် ကို တဆက်တည်း ပြောပြချင်ပါတယ်။

 ရုရှားနိုင်ငံဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတွေထဲက တစ်နိုင်ငံပါပဲ။ ပြီးတော့ မြန်မာနိုင်ငံ အစိုးရနဲ့ ကောင်းမွန်တဲ့ ဆက်ဆံရေးတွေ ရှိခဲ့သလို၊  ရုရှားနိုင်ငံရဲ့ အစ္စလမ် ဘာသာဝင် အရေအတွက်ဟာ လက်ရှိအချိန်မှာ ရုရှားနိုင်ငံ လူဦးရေရဲ့ ၁၉% အထိကို တိုးပွားလာခဲ့ပါပြီ။ ဒီလို ဘာသာရေး အဓိကရုဏ်း ဖြစ်နေပါတယ်လို့ အစိုးရပိုင် သတင်းစာက ဖော်ကျူး ခဲ့ခြင်းအားဖြင့် မြန်မာနိုင်ငံအပေါ် သူတို့ရဲ့ ထင်မြင်ယူဆချက်က  အနုတ်လက္ခဏာဖက်ကို လုံးဝဦးတည်နေတယ်။ ဒါဟာ သတင်းမှားတစ်ပုဒ်ကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ နှစ်နိုင်ငံ ဆက်ဆံရေးနဲ့ လူမျိုးရေး၊ ဘာသာရေး အထင်အမြင်မှားယွင်းမှု  ဖြစ်ပါလိမ့်မယ်။

 သူ့အမှားကို သိသွားတဲ့ အယ်ဒီတာက အဖြစ်မှန်ကို ပြန်လည် ဆန်းစစ်  ပြီးတော့ မြန်မာနိုင်ငံကို နှစ်ပေါင်း ကြာရှည်စွာ နေလာခဲ့ဖူးတဲ့ ရုရှားလူမျိုးတွေဆီကို ဆက်သွယ်မေးမြန်းပြီး မှားယွင်းတဲ့
 သတင်းရေးပြီး တစ်ရက်အကြာမှာပဲ မြန်မာနိုင်ငံ မြောက်ပိုင်း ရခိုင်ပြည်နယ်မှာ ဖြစ်ပွါးနေတာဟာ မြန်မာ မွတ်ဆလင် အရေးအခင်း မဟုတ်ဘဲ ကျူးကျော်သူ ဘင်္ဂလီတွေရဲ့ ကျူးကျော်မှုသာ ဖြစ်တယ်လို့ အတိအလင်း ပြန်လည် ရေးသားတင်ပြပေးခဲ့ပါတော့တယ်။

https://www.facebook.com/zawlwinwin/posts/244221682354833

 နိုင်ငံပိုင် မီဒီယာမှ ပြန်လည် ပါဝင်လာတာဟာ ဘာသာရေး အဓိကရုဏ်းလို့ သုံးခဲ့တဲ့ နေရာမှာ ဘင်္ဂလီတွေရဲ့ ရခိုင်ဒေသကို အကြမ်းဖက် ကျူးကျော်မှု ဆိုတဲ့ အသုံးနှုန်းကို သုံးနှုန်း ခဲ့သလို၊
 သတင်းအမှားတွေ လွင့်နေတဲ့ အနောက်အုပ်စု မီဒီယာကိုလည်း အပြည့်အ၀ ဝေဖန်ရှုတ်ချခဲ့ပါတယ်။ တဆက်တည်း အားလုံးသိသင့်တဲ့ ဖြစ်စဉ်ရဲ့အစအဆုံးကိုလည်း  မသီတာထွေး အဓ္ဓမ ပြုကျင့် အသတ်ခံခဲ့ရတဲ့ ကိစ္စကနေ လက်ရှိ အခြေအနေထိကို အရှိတိုင်း ရေးသား ဖော်ပြပေးသွားခဲ့ပါတယ်။

 အောင်ဇော်လတ်နဲ့ စည်သူထက်တို့ရဲ့ သူ့အပေါ်ဝေဖန်မှု၊ အခြေအနေမှန် တင်ပြမှုတွေကိုလည်း ကျေကျေနပ်နပ် လက်ခံပြီး၊ အခြေအနေ မှန်တွေကို ရုရှားနိုင်ငံရဲ့တစ်ခြား နာမည်ကြီး မီဒီယာက သတင်းထောက်တွေဆီလည်း ပြန်လည် ဖြန့်ဝေပေးခဲ့ပါတယ်။



 ဒါဟာ အမှားကို သိပြီး သတ္တိရှိရှိနဲ့ အမှန်ကိုပြန်လည် ပြင်ဆင်လိုက်တဲ့ သိက္ခာရှိ မီဒီယာတစ်ခုရဲ့ စွမ်းဆောင်မှု တစ်ခု ဖြစ်ပါတယ်။ တကယ်တော့ "သူတို့ မှားယွင်းခဲ့တာက မသိလို့ ရိုးသားစွာ မှားယွင်းခဲ့မှု သက်သက်သာ ဖြစ်ပါတယ်။" လူသားတိုင်း မီဒီယာတိုင်းမှာ အမှားမကင်းပါဘူး။ အမှားကို သိပြီး အမှန်ကိုပြင်ဆင်နိုင်မှသာ လူတော်လူကောင်း ဖြစ်ပြီး မီဒီယာအနေနဲ့ကလည်း သိက္ခာရှိတဲ့ မီဒီယာကောင်း (သို့) သတင်းစာကောင်း တစ်စောင် ဖြစ်မှာပါ။ တကယ်လို့များ သိသိကြီးနဲ့ တစ်ခုခုကြောင့် အမှန်ကို အမှားအဖြစ် ဆက်လက်လုပ်ဆောင် နေမယ်ဆိုရင်ရော...

 မြန်မာ့သတင်း မီဒီယာတွေအတော် များများဟာ ရခိုင်ဒေသအထိဆင်းပြီး သတင်းရယူခဲ့သလိုဘဲ မြန်မာနိုင်ငံထဲမှာ အခြေမစိုက်ပေမယ့် ဘင်္ဂလားဒေ့ရှ်မှာ ရုံးခွဲတွေဖွင့်ပြီး အခြေစိုက် သတင်းယူလေ့ရှိသေးတဲ့ ဘီဘီစီ၊ ဘီအိုအေ၊ အာအက်ဖ်အေ မြန်မာပိုင်း သတင်းဌါန တွေကလည်း သတင်းမှန်ကို အသိနိုင်ဆုံး မီဒီယာတွေဖြစ်ပါတယ်။

 အဲ့ဒီ မီဒီယာတွေထဲမှာ BBC, VOA, RFA သတင်းတွေဟာ အဖြစ်မှန်ကို သိသိကြီးနဲ့ ဘင်္ဂလီ ကျူးကျော်သူတွေဖက်က လိုက်ပြီး ရေးသားထုတ်လွှင့်နေတာဟာ သာမန်မသိလို့မှားတဲ့ အမှားအယွင်းမဟုတ်ပါဘူး။ သူတို့ သတင်းကို အခြေခံတဲ့ အနောက်နိုင်ငံသတင်းတွေကလည်း သူတို့လိုဘဲ ဘက်လိုက်တဲ့သတင်းတွေ ရေးသားခဲ့တာပါဘဲ။

 တကယ်တော့ သိသိကြီးနဲ့ မှားပြီးရင်းမှားနေတာဟာ အဂတိလိုက်စားမှုဘဲ ဖြစ်ပါလိမ့်မယ်။ အရင်တုန်းကတော့ BBC, VOA, RFA တွေဟာ မြန်မာ့ပြည်သူတွေအတွက် သတင်းမှန်တွေကို ထုတ်လွှင့်ပေးတဲ့ သတင်းဌါနတွေအဖြစ် သတင်းမွှေးခဲ့ပေမယ့် အခုနောက်ပိုင်း ဘင်္ဂလီလူမျိုးတွေနဲ့ ပတ်သက်တဲ့အခါ အလွန့်အလွန် မှားယွင်းတဲ့သတင်းတွေကို ထပ်ခါ ထပ်ခါ ထုတ်လွှင့်ပေးနေတာဟာ စိတ်ပျက်ဖို့အင်မတန်ကောင်းတဲ့ မီဒီယာတစ်ခုအဖြစ် အပုတ်သတင်းလှိုင်လာခဲ့သလို လူငယ်တိုင်း ရွံ့ရှာမုန်းတီးတဲ့ သတင်းမီဒီယာတစ်ခု ဖြစ်လာနေပြီ ဆိုတာ အဲ့ဒီသတင်းဌါနတွေမှာ အလုပ်လုပ်နေတဲ့ မြန်မာတွေ သိသင့်နေပါပြီ။

 အရင်က ဘီဘီစီကပါ ဆိုပြီး သတင်းထောက်တစ်ယောက်က ပြောလိုက်တာနဲ့ အမေးခံရတဲ့သူက လေးလေးစားစားနဲ့ မေးခွန်းတိုင်းကို ပြန်လည် ဖြေကြားချင်ပေမယ့် အခုလို သတင်းမှားတွေလွှင့်ပြီး အဂတိလိုက်စားကာ ကျူးကျော်သူ ဘင်္ဂလီတွေဘက်လိုက်ပြီးတဲ့နောက် "ကျွန်တော် ဘီင်္ဘီစီ သတင်းထောက်ပါလို့ ပြောလိုက်ရင် တံတွေးနဲ့ ထွေး၊ ဖိနပ်နဲ့ ပေါက်မယ့်သူတွေမယ့်သူ အမြောက်အများရှိလာမယ်ဆိုတာ သတိပြုပေးစေချင်ပါကြောင်း....

(အောင်ဇော်လတ် နှင့် ဇော်လွင်ဝင်း ပူးပေါင်းရေးသားသည်။)

No comments:

Post a Comment

 
Blogger Widgets