Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Saturday, 16 June 2012

ဦးဝီရသူ- ရခိုင်ပြည်သူများကူညီရေး တရားပွဲကျင်းပမည်။

by Ashin Vicittabhivamsa on Saturday, 16 June 2012 at 21:09 ·
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်း နာယက၊ ဘဒ္ဒန္တဝိစိတ္တာဘိဝံသ၊ အရှင်ဝီရသူ (မစိုးရိမ်) သည် မီးဘေးသင့် ရခိုင်ပြည်သူများကို ကူညီထောက်ပံ့နိုင်စေရန် ရည်သန်ကျင်းပသော အထူးတရားပွဲ၌ နိဗ္ဗာန် ရောက်ကြောင်း တရားတော်များ ဟောကြားချီးမြှင့်မည် ဖြစ်ကြောင်း သိရပါသည်။
           အဆိုပါတရားပွဲကို မန္တလေးမြို့၊ ပြည်ကြီးတံခွန်မြို့နယ်၊ သမန်းကုန်းရပ်ကွက်၊ ပြင်ဦးလွင်သံလမ်းအနီးရှိ၊ ၅၃-လမ်းပေါ်တွင် မဏ္ဍပ်ထိုး၍ ကျင်းပမည်ဖြစ်ကြောင်း၊ မီးဘေးသင့်ရခိုင်ပြည်သူများအတွက် အလှူခံဌာနများ ဖွင့်လှစ်ထားကြောင်း၊ ရရှိသော ဓမ္မပူဇာ အလှူငွေများ၊ အလှူခံဌာနများမှ အလှူခံရရှိထားသော အလှူငွေနှင့် ပစ္စည်းဝတ္ထုများကိုပါ မီးဘေးသင့် ရခိုင်ပြည်သူများအား လှူဒါန်းသွားမည်ဖြစ်ကြောင်းလည်း သိရပါသည်။
          တရားပွဲဖြစ်မြောက်ရေးအတွက် ပွဲမိန့်လျှောက်ထားရာတွင် အခက်အခဲများစွာ တွေ့ရကြောင်း၊ မီးဘေး သင့်ပြည်သူများ ကူညီလှူဒါန်းထောက်ပံ့ရေး ခေါင်းစဉ်ဖြင့် ပွဲမိန့်ခံရာ ပွဲမိန့်မကျသောကြောင့် ခေါင်းစဉ် ပြောင်းလဲ လျှောက်ရကြောင်း၊ အရှင်ဝီရသူ ဟောမည်ဖြစ်၍ အသံနှင့်ပင်လန့်နေကြကြောင်း၊ အခုအချိန်ထိ ခရိုင်အုပ်ချုပ် ရေးမှူးက လက်မှတ်မထိုးသေးကြောင်း၊ အရှင်ဝီရသူသည် မီးငြှိမ်းသူသာဖြစ်ကြောင်း၊ မီးမွှေးသူမဟုတ်ကြောင်း၊ အိုးဘိုရောက်ကြောင်းတရားများဟောကြားမည်မဟုတ်ဘဲ၊ နိဗ္ဗာန်ရောက်ကြောင်း တရားများသာ ဟောကြား မည်ဖြစ်ကြောင်းလည်းသိရပါသည်။    ။
          ကူညီရေး အထူးတရားပွဲ
          နေရာ=          ၅၃-လမ်း၊ ပြင်ဦးလွင်သံလမ်းအနီး၊ သမန်းကုန်းရပ်ကွက်၊ ပြည်ကြီးတံခွန်မြို့နယ်၊ မန္တလေး။
          နေ့ရက်=        ၁၃၇၄ ခု၊ နယုန်လကွယ်၊ 18.6.2012။
          အချိန်=                    ည- 8း00 နာရီ။

No comments:

Post a Comment

 
Blogger Widgets