Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Saturday, 16 June 2012

ရခိုင်ပြည်နယ် ရသေ့တောင်မြို့ ဒုက္ခသည်များ အခြေအနေ

အာရကန်တိုင်းမ်


576675 394107260626903 866777300 nရခိုင်ပြည်နယ် ဘူးသီးတောင်မြို့၊ မောင်တောမြို့ နှင့် ရသေ့တောင်မြို့နယ် ကျေးရွာများမှ ဘင်္ဂလီမူဆလင်များအန္တာရယ်ကို စိုးရိမ်၍ ရသေ့တောင်မြို့သို့ ထွက်ပြေးရောက်ရှိလာကြသော ရခိုင်ဒုက္ခသည်များမှာ အစိုးရနှင့် NGO အဖွဲ့များမှ မည်သည့်အကူအညီမှ မရရှိသေးကြောင်း သိရှိရသည်။
ရသေ့တောင်မြို့၌ ဒုက္ခသည်စခန်းပေါင်း ၁၄ခု ရှိပြီး လူဦးရေ ၅၇၀၀ ခန့် ခိုလှုံလျက်ရှိပြီး ရက္ခပူရ အသင်းမှ ဆန်အိတ် ၂၀၀နှင့် ရခိုင့်ဘ၀ကယ်ဆယ်ရေးအသင်းမှ ဆန်အိတ် ၁၀၀ခန့် လှူဒါန်းခဲ့ကြောင်းသိရှိရသည်။
“ဒီမှာရှိနေတဲ့ ဒုက္ခသည်တွေက သူတို့နေရပ်တွေကို မပြန်ရဲသေးကြဘူး၊ ဘာလို့လည်းဆိုတော့ ရွာတွေမှာ စစ်တပ်နဲ့ ရဲတွေက လုံခြုံရေးမယူပေးနိုင်ဘူး။ မောင်တောဘက်ကရောက်လာတဲ့ ဒုက္ခသည်တွေဆိုရင် သူတို့အိမ်တွေ မီးရှို့ခံထားရတာတွေရှိတယ်၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ် ကျေးရွာတွေမှာတော့ အိမ်တွေဆုံးရှုံးသွားကြတာမရှိဘူး။ ဒါပေမယ့် သူတို့ရွာတွေက ဘင်္ဂလီမူဆလင်ရွာတွေနဲ့ နီးတယ်၊ ပြီးတော့ သူတို့အတွက် စစ်တပ်က လုံခြုံရေးမယူပေးနိုင်တော့ ဘင်္ဂလီမူဆလင်တွေရဲ့ ရန်ကို စိုးရိမ်နေကြဆဲပါ” ဟု ရခိုင်ဘ၀ကယ်ဆယ်ရေးမှ လူငယ်တစ်ဦးက ပြောပြသည်။
ယင်းဒုက္ခသည်စခန်းများတွင်  အိပ်ယာအခင်းနှင့် အိမ်သာများ မလုံလောက်သည့်အတွက်ကြောင့် ဒုက္ခသည်များမှာ စားနပ်ရိက္ခာပြဿနာတောင်မကဘဲ ကျန်းမာရေးပြဿနာများကိုပါ ရင်ဆိုင်နေရကြောင်းသိရှိရသည်။
“ဒီမှာက အင်္ဂတေ ကြမ်းပြင်မှာ ခင်းအိပ်ဖို့ အခင်းတွေလုံလုံလောက်လောက်မရှိတာ၊ ပြီးတော့ အိမ်သာလုံလုံလောက်လောက်မရှိတော့ အဆင်ပြေသလို ဖြေရှင်းနေကြရတဲ့ အခြေအနေမှာ အခုလိုမျိုး ၀မ်းရောဂါတွေပါ ဖြစ်လာတယ်။ တစ်ချို့ဆိုရင်ဖျားတယ်။ ဒီနေ့ အရေးပေါ် လူနာ ၂ယောက် ဆေးရုံတင်ပေးလိုက်ရတယ်။ ရသေ့တောင် ဆေးရုံကြီးကတော့ အခမဲ့ ဆေးကုသပေးနေတယ် ”ဟု ရခိုင်ဘ၀ကယ်ဆယ်ရေးမှ လူငယ်က ဆက်ပြောပြသည်။

No comments:

Post a Comment

 
Blogger Widgets