Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Sunday 17 June 2012

'ဧရာဝတီ ......ြေ­ဖပါ။'

by Qing Minya on Sunday, 17 June 2012 at 09:35 ·
ရခိုင်အရေးအခင်းအပြီး ဧရာဝတီ သတင်းဌာနမှ တင်ဆက်သည့် ဆောင်းပါးတစ်ခုကြောင့် ယခုထိတိုင် ရှင်မင်းယာ စိတ်ကသိသအောက် ဖြစ်ရသည်။ ဧရာဝတီ၏ အာဘော်အရ ၂၀၁၂ခုနှစ်၊ ဇွန်လအတွင်း ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဘာသာရေး အဓိကရုဏ်များသည် အင်တာနက်အသုံးပြု၍ လှုံ့ဆော်သူများကြောင့် အခြေအနေပို၍ ဆိုးရွားခဲ့ရသည်ဟု ဖော်ပြထားသည်။
.
ဧရာဝတီရှင့်။ ဆောင်းပါးပါ ရေးသားချက် မှန်၏၊ မမှန်၏ ဟု အငြင်းမပွားလိုပါ။ သို့ သော်ငြား ဧရာဝတီအား မေးခွန်းအနည်းငယ် မေးပါရစေ။
.
၁။ ယခု ရခိုင်အရေးအခင်းတွင် အဓိကဖြစ်သည့် ဘင်ဂလီများသည် ကျွန်တော်/ကျွန်မတို့ ၏ Facebook friends မဟုတ်ပါ။ ကျွန်တော်/ကျွန်မတို့  ရေးသားနေသည့် အမျိုးသားရေး အရင်းခံ ရိုဟင်ဂျာဆန့် ကျင်ရေး ဆောင်းပါးများ၊ ပို့ စ်များကို သူတို့  ဖတ်ဖူးပါသလား။ ဖတ်တတ်ပါသလား။
.
၂။ အထက်တွင် တင်ပြထားသည့်အတိုင်း ရခိုင်အရေးအခင်းတွင် ပါဝင်သူ ရခိုင်ပြည်သူပြည်သား အများစု Facebook သုံးပါသလား။ သူတို့ ဒေသ မီးဟုန်းဟုန်းတောက်၍ ပြည်သူအများ ကျီးလန့် စာ စားနေချိန်ဝယ် Facebook သုံး၍ ကျွန်တော်/ကျွန်မတို့ တင်ပြသော ဓါတ်ပုံများ၊ ပို့ စ်များ၊ ဆောင်းပါးများကို တကူးတက ကြည့်ပါမည်လား။
.
၃။ ရခိုင်အရေးအခင်းတွင် မည်သူအကျိုးအမြတ် ရသနည်း။ နိုင်ငံတကာအား အသနားခံ မျက်ရည်ခံထိုးသော ရိုဟင်ဂျာများလော၊ ကျွန်တော်/ကျွန်မတို့ Facebook သုံးသူများလော၊ ရခိုင်ပြည်သူများလော၊ ရိုဟင်ဂျာထောက်ခံသူ ပြည်ပအခြေစိုက် မီဒီယာများလော။
.
၎။ ရခိုင်အရေးအခင်းနှင့် ပတ်သက်၍ သတင်းအလိမ်အညာ ဖြန့် ဝေမှုများ မျက်ဝါးထင်ထင် မြင်တွေ့ ခဲ့ရပါသည်။ ထိုကလီကမာ အလိမ်အညာ သတင်းများကို မည်သူတွေ ဖြန့် ဝေပါသနည်း။ ရိုဟင်ဂျာ ဘက်တော်သားများလော၊ ပြည်ပ အခြေစိုက်မီဒီယာများလော၊ ကျွန်တော် /ကျွန်မတို့ လေလော။
.
၅။ ရခိုင်အရေးအခင်း ကာလတွင်း ကျွန်တော်/ကျွန်မတို့ သည် အမိမြန်မာနိုင်ငံတော်နှင့် ရခိုင်ပြည်သူ ပြည်သားများဘက်မှ ရပ်တည်ခဲ့ပါသည်။ ဧရာဝတီသတင်းဌာနသည် မည်သည့်ဘက်မှ ရပ်တည်ပါသနည်း။
.
၆။ အထက်တွင် ဖော်ပြခဲ့သည့်အတိုင်း ကျွန်တော်/ကျွန်မတို့ သည် ငွေကြေးအကျိုးအမြတ် တစုံတရာမပါပဲ အမိမြန်မာနိုင်ငံနှင့် ရခိုင်ပြည်သူများဘက်မှ ရပ်တည်ခဲ့ပါသည်။ ဧရာဝတီ သတင်းဌာနရှင့်၊ သင် ကူညီပံ့ပိုးနေသူများထံမှ မည်သို့ သော အကျိုးအမြတ်မျိုး အပြန်အလှန်ရယူခဲ့ပါသနည်း။
.
၇။ ကျွန်တော်/ကျွန်မတို့ သည် မည်သူတစ်ဦးတစ်ယောက်၏ တိုက်တွန်းမှု၊ အတင်းအဓမ္မ ခိုင်းစေမှု၊ လာဘ်လာဘ လက်ခံမှု အလျင်းမပါပဲ ဤရခိုင်အရေးအခင်းကို အမျိုးသားရေး တာဝန်တရပ်သဖွယ် မိမိ အသိစိတ်ဖြင့် အလိုအလျောက် ပါဝင်ပြီး ရခိုင်များဘက်မှ ရပ်တည်ခဲ့ပါသည်။ ဧရာဝတီသတင်းဌာနသည် မိမိတင်ပြမည့် ဆောင်းပါးများကို မိမိဆန္ဒဖြင့် တင်ဆက်ပါသလား။ သို့ တည်းမဟုတ် တဦးတစ်ယောက်၏ နောက်ကွယ်မှ ညွှန်ကြားမှုပါ ပါသလား။
.
၈။ ကျွန်တော်/ကျွန်မတို့ သည် ရခိုင်အရေးအခင်းကာလအတွင်း မှန်ကန်သော သတင်းများကို ဖြန့် ဝေ၍ မမှန်ကန်သော သတင်းများကို ကန့် ကွက်ဖော်ထုတ်ခဲ့ပါသည်။ ဧရာဝတီ သတင်းဌာနမှ ရခိုင်အရေးအခင်းနှင့်ပတ်သက်၍ ရေးသားသော သတင်းများ၊ သုံးနှုန်းသော အခေါ်အဝေါ်များ မှန်ကန်တိကျမှု ရှိပါသလား။
.
မှန်သောစကားဆိုခြင်းကို သစ္စာဟု ခေါ်ပါသည်။ ရိုဟင်ဂျာ ကိုကိုဘဘများ ထားလျှင်လည်း နေရပါမည်။ လည်လှီးလျှင်လည်း မာလကီးယားပါမည်။ ယခုမေးခွန်းများကို ဧရာဝတီ သတင်းဌာနတင် မဟုတ်ပဲ အခြားသော ပြည်ပအခြေစိုက် သတင်းဌာနများကိုလည်း ဖြေစေချင်စမ်းပါဘိ။

No comments:

Post a Comment

 
Blogger Widgets