Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Showing posts with label အယ်ဒီတာအာဘော်. Show all posts
Showing posts with label အယ်ဒီတာအာဘော်. Show all posts

Monday, 6 August 2012

အယ်ဒီတာ့အာဘော်

အယ်ဒီတာ့အာဘော်

by Yangon Media Group on Monday, 6 August 2012 at 00:45 ·
အယ်ဒီတာ့အာဘော်
ကုလသမဂ္ဂအထူးကိုယ်စားလှယ်ကင်တင်နား၏ ရခိုင်အရေးကိစ္စ သုံးသပ်ပြောဆိုချက်များလုံးဝလက်မခံ

မြန်မာနိုင်ငံလူ့အခွင့်အရေးဆိုင်ရာ အစီရင်ခံစာတင်သွင်းသူ ကုလသမဂ္ဂအထူးကိုယ်စားလှယ် သောမတ်စ် အိုဂျီယာ ကင်တင်နားသည် မြန်မာနိုင်ငံသို့ ခြောက်ရက်ကြာမျှ လာရောက်ပြီးနောက် သြဂုတ်၎ရက် ညနေပိုင်းတွင် မြန်မာနိုင်ငံမှမထွက်ခွာမီ ရန်ကုန်နိုင်ငံတကာလေဆိပ်၌ သတင်းစာရှင်းလင်းပွဲပြုလုပ်ပြီး သတင်းထုတ်ပြန်ချက်တစ်ရပ် ဖတ်ကြားခဲ့သည်။

In this respect, I have, throughout my mandate, consistently highlighted concerns regarding systematic discrimination against the Rohingya community.  Such concerns include the denial of citizenship or legal status to Rohingyas, restrictions on their freedom of movement, marriage restrictions, and other discriminatory policies.  I hope that steps will be taken to address these issues, including a review of the 1982 Citizenship Act to ensure that it is in line with international human rights standards.

ကင်တင်နား၏ သတင်းထုတ်ပြန်ချက်တွင် လတ်တလောဖြစ်ပေါ်နေသော ရခိုင်အရေးကိစ္စကို အထူးအလေး ပြောဆိုသွားခဲ့ရာ အထက်ဖော်ပြပါအပိုဒ်၌ ရိုဟင်ဂျာနှင့်ပတ်သက်ပြီး ကာကွယ်ဘက်လိုက်ပြောဆိုသွား ခဲ့သည်ကို ကျွန်ုပ်တို့လေ့လာမှတ်သားလိုက်ရပါသည်။

ရိုဟင်ဂျာများကိုစနစ်တကျခွဲခြားနှိမ့်ချဆက်ဆံနေခြင်းများအပေါ်စိုးရိမ်မကင်းဖြစ်ကြောင်း ကုလအထူး ကိုယ်စားလှယ်က ထုတ်ဖော်ပြောဆိုသည်။ထို့အပြင် သူတို့အား နိုင်ငံသားဖြစ်မှုသို့မဟုတ် တရားဝင်တည်ရှိမှု ငြင်းပယ်ခြင်း၊   လွတ်လပ်စွာသွားလာမှုများကို ကန့်သတ်ခြင်း၊အိမ်ထောင်ပြုမှုကန့်သတ်ခြင်းနှင့် အခြားသော ခွဲခြားနှိမ့်ချဆက်ဆံမူဝါဒများအပေါ် စိုးရိမ်မကင်းဖြစ်ကြောင်း အသေးစိတ်ပါဖော်ပြထားသည်။ထိုမှတစ်ဖန်  နိုင်ငံတကာ လူ့အခွင့်အရေးစံနှုန်းများနှင့်ကိုက်ညီအောင် ၁၉၈၂ခုနှစ် နိုင်ငံသားဖြစ်မှုအက်ဥပဒေကို ပြန်လည်သုံးသပ်ရန်လည်း ကင်တင်နားက တိုက်တွန်းခဲ့သည်။

ထိုတစ်ပိုဒ်လုံးသည် ရခိုင်ပြည်နယ်တွင် အမှန်တကယ်ဖြစ်ပျက်နေသည့်ပကတိအခြေအနေနှင့်ကင်းကွာ နေသည့်အပြင် သန်း၆၀လူဦးရေ၏အများစုကြီး၏ လိုလားချက်၊ဆန္ဒများနှင့်လည်း ဆန့်ကျင်နေပေသည်။အထူး သဖြင့် နိုင်ငံတိုင်းသည် မိမိနိုင်ငံ၏ပကတိအခြေအနေ၊သမိုင်းကြောင်း၊ပထ၀ီအနေအထားတို့နှင့်ကိုက်ညီမည့် မိမိနိုင်ငံသားများ၊တိုင်းရင်းသားများအကျိုးစီးပွားကို ကာကွယ်ပေးရမည့် နိုင်ငံသားဥပဒေများရေးဆွဲပြဌာန်းရ စမြဲဖြစ်သည်ကို ကုလအထူးကိုယ်စားလှယ်ကင်တင်နား သိရှိပြီးဖြစ်မည်ဟု ကျွန်ုပ်တို့ယုံကြည်ပါသည်။
ယင်းအတွက် မြန်မာနိုင်ငံ၏ နိုင်ငံသားဖြစ်မှုဥပဒေအပေါ် လူ့အခွင့်အရေးအကြောင်းပြကာ တရားမ၀င်ဝင် ရောက်နေသူများအား တရားဝင်ဖြစ်ရေး တိုက်တွန်းပြောကြားသုံးသပ်ခိုင်းမှုကို ကျွန်ုပ်တို့လက်မခံနိုင်ဟု အတိအလင်းပြော ကြားလိုပေသည်။


နိုင်ငံတော်သမ္မတကြီးအပါအ၀င် ပြည်ထောင်စုဝန်ကြီးများကလည်း နိုင်ငံသားဖြစ်မှုနှင့်ပတ်သက်၍လည်း ကောင်း၊တရားမ၀င် ၀င်ရောက်လာသူများအား လူသားချင်းစာနာထောက်ထားသောအားဖြင့် ဒုက္ခသည်စခန်း ဖွင့်လှစ်ပေးပြီး ကုလအပါအ၀င်နိုင်ငံတကာအသိုင်းအ၀န်းက ၀ိုင်းဝန်းကူညီရေးနှုင့်ပတ်သက်၍လည်းကောင်း ရှင်းလင်းစွာပြောကြားပြီးဖြစ်သည်။ ထိုပြောကြားချက်များသညှ်အလွန်မျှတမှုရှိပြီး ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော်၏ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးအတွက် အထူးအရေးကြီးသည့် ရပ်တည်ချက်မှန်လည်း ဖြစ်ပေသည်။မကြာသေးမီက ပြည်သူ့လွှတ်တော်အစည်းအဝေးတစ်ခုအတွင်း လွှတ်တော်ကိုယ်စားလှယ်တစ် ဦးက နိုင်ငံသားဖြစ်မှုကိစ္စပြောသည့်အခါ လူ့အခွင့်အရေးဆိုပြီး ကဗျာမဆန်ကြရန် ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားခဲ့သည်ကို ပြန်လည် ညွှန်းဆိုပြသလိုပေသည်။

ထို့အတွက်ကြောင့် လူ့အခွင့်အရေးကျွမ်းကျင်သူဟုဆိုသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ကင်တင်နား၏ ရခိုင်အရေးကိစ္စပြောဆိုသုံးသပ်မှုများသည် သန်း၆၀မျှသော မြန်မာပြည်သူအများစုကြီး၏ ဆန္ဒကိုဆန့်ကျင်ပြီး ထိုပြည်သူအများစုကြီး၏ အခွင့်အရေး တစ်နည်းဆိုရသော် မြန်မာပြည်သူအများစုကြီး၏ လူ့အခွင့်အရေးကို ချိုးဖောက်ပြောဆိုနေခြင်းဖြစ်သည့်အတွက် ကျွန်ုပ်တို့က လုံးဝလက်မခံနိုင်ကြောင်းနှင့် ကုလသမဂ္ဂအနေဖြင့် လည်း မျှတစွာသုံးသပ်ပြောဆိုနိုင်သည့် ကိုယ်စားလှယ်တစ်ဦးအား အသစ်လဲလှယ်ခန့်ထားပေးပါရန် ကျွန်ုပ်တို့ကတောင်းဆိုပါသည်။


အယ်ဒီတာ
၅၊သြဂုတ် ၂၀၁၂
(စာပေစိစစ်က ခွင့်ပြုပါက ၇ သြဂုတ်ထုတ် ရန်ကုန်တိုင်းမ်ဂျာနယ်တွင်ဖော်ပြမည်ဖြစ်ပါကြောင်းလေးစားစွာအသိ ပေးအပ်ပါသည်။)

Friday, 27 July 2012

မြန်မာနိုင်ငံအပေါ် ဘန်ကောက်ပို့စ် သတင်းစာ၏ ရေးသားချက်ကို အထူးဆန့်ကျင်

The Voice Weekly


[ Editorial ]

မြန်မာနိုင်ငံအပေါ် ဘန်ကောက်ပို့စ် သတင်းစာ၏ ရေးသားချက်ကို အထူးဆန့်ကျင်

အယ်ဒီတာ (၂၅-၇-၂၀၁၂)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်အခြေစိုက် အင်္ဂလိပ်ဘာသာဖြင့် ထုတ်ဝေသော ဘန်ကောက်ပို့စ် သတင်းစာတွင် မြန်မာနိုင်ငံနှင့် နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်တို့အပေါ် ပြင်းထန်စွာစွပ်စွဲ တိုက်ခိုက်သည့် အယ်ဒီတာ့အာဘော်တစ်ရပ်ကို ပြီးခဲ့သော ဇူလိုင်လ ၂ဝရက်နေ့က ရေးသားဖော်ပြ ခဲ့ပါသည်။ အဆိုပါအယ်ဒီတာ့အာဘော်သည် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုများကြောင့် အာရှ၏ ထွန်းသစ်စနိုင်ငံအဖြစ် ကမ္ဘာ့နိုင်ငံအသီးသီးက ရှုမြင်သုံးသပ်ခန့်မှန်းကြသည့်အပေါ် စိုးရိမ်သောကကြီး နေသော ထိုင်းနိုင်ငံအစိုးရအဖွဲ့ရှိ လူပုဂ္ဂိုလ်၊ နိုင်ငံသားအချို့၊ မြန်မာ့အရေးဆိုင်ရာ စီမံကိန်း၊ စီမံချက်အချို့အတွက် သန်းနှင့်ချီသောဘဏ္ဍာငွေများ ကိုင်တွယ်သုံးစွဲနေသော ဘန်ကောက်အခြေစိုက် နိုင်ငံတကာအဖွဲ့အစည်းအချို့ ကိုယ်စား ရေးသားပေးသောစွပ်စွဲ ပုတ်ခတ်ချက် တစ်ရပ် ဖြစ်ဖွယ်ရှိပါသည်။

သမ္မတကြီးဦးသိန်းစိန်၏ ယခုထိုင်းနိုင်ငံခရီးစဉ်မတိုင်မီ နှစ်ကြိမ်ရွှေ့ဆိုင်း ခဲ့ခြင်းနှင့်ပတ်သက်၍ ဘန်ကောက်ပို့စ်သတင်းစာ၏ရေးသားချက်မှာ များစွာတစ်ဖက်သတ်ဆန်နေသည့်အပြင် နှစ်ပေါင်း များစွာ ဆန့်ကျင်ဘက် အသွင်ဆောင်ခဲ့သည့် လူပုဂ္ဂိုလ်နှစ်ဦး လက်တွဲအကောင်အထည်ဖော်နေသော ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်ကို ထိခိုက်စေပါသည်။ ဤနေရာတွင် သမ္မတခရီးစဉ်ဖျက်သိမ်းခဲ့မှုနှင့်ပတ်သက်၍ အမှန်စင်စစ် ဦးသိန်းစိန်၏ ခရီးစဉ်နှောင့်နှေးမှုတွင် အကြောင်းအရင်းရှိသည်။ တရားဝင်ခေါင်းဆောင်မဟုတ်သော လူကြိုက်များ အတိုက်အခံ ခေါင်းဆောင် ကို နွေးထွေးစွာကြိုဆိုခဲ့ခြင်းသည် အကြောင်းအရင်းဖြစ်လိမ့်မည်ဆိုသည့် ထိထိမိမိ မှန်းဆမှုရှိနေသော ကြောင့်ပင်ဖြစ်သည်ဟု ဘန်ကောက်ပို့စ်၏ ရေးသားထားခြင်းသည် မျက်နှာချင်းဆိုင်တွေ့ဆုံဆွေးနွေး ထားပြီး တစ်စုံ တစ်ရာနားလည်မှုရရှိထားသည့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးတို့ အကြား နားလည်မှုလွဲမှားစေနိုင်သော အရေးအသားဖြစ်နေသည်ကို ဒေသတွင်းအတိုင်းအတာတစ်ခုအထိ သိက္ခာရှိရှိ ရပ်တည်လာခဲ့သော ဘန်ကောက်ပို့စ်သတင်းစာ ကောင်းစွာသတိပြုနိုင်ပါလိမ့်မည်။

ထိုင်းနိုင်ငံသည် ဒေသတွင်းရှိ မတည်မငြိမ်ဖြစ်နေခဲ့သော နိုင်ငံများ၏ အားနည်းချက်ကို အခွင့်ကောင်းယူကာ ၎င်းအတွက် အားသာချက် အသွင်ပြောင်းယူပြီး စီးပွားလမ်းဖြောင့်ခဲ့ကြောင်း သမိုင်းမှတ်တမ်းများက သက်သေပြလျက်ရှိပါသည်။ ဗီယက်နမ်စစ်ပွဲ၊ ကိုရီးယားစစ်ပွဲ၊ ကမ္ဘောဒီးယား ပြည်တွင်းစစ်၊ မြန်မာနိုင်ငံအတွင်းရှိ ရာစုနှစ်ဝက်ကျော်ကြာ ပြည်တွင်းစစ်၊ အာဏာရှင်စနစ်တို့၏ အားနည်းချက်တို့က ယနေ့ ထိုင်းနိုင်ငံ၏ လက်ရှိအခြေအနေရောက်ရှိစေရန် ပံ့ပိုးပေးခဲ့သော အကြောင်း တရားများလည်း ဖြစ်နေပါသည်။

ဒေသတွင်းမဟာဗျူဟာအချက်အချာနေရာတွင်ရှိနေသော မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ပြောင်း လာပြီး ဖွံ့ဖြိုးတိုးတက်လာပါက ယခင်မြန်မာနိုင်ငံ၏ အခြေအနေဆိုးများကို အခွင့်အလမ်းတစ်ခု အဖြစ် အသုံးချကာ စီးပွားလမ်းဖြောင့် ခဲ့သော ထိုင်းနိုင်ငံ၏ အကျိုးစီးပွားများ ယုတ်လျော့ သွားမည်ကို အထူးစိုးရိမ်နေဟန်ရှိပါသည်။ အထူးသဖြင့် ကုန်ခဲ့သည့် နှစ်ပေါင်း ၂၀ ခန့်အတွင်း မြန်မာနိုင်ငံ၏ ဆိုးရွားခဲ့သော လူသားအခွင့်အရေး ဆိုင်ရာကိစ္စရပ်များ၊ ပြည်တွင်းစစ်၊ နိုင်ငံရေး သောင်မတင် ရေမကျမှုနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အခြေအနေများကို အကြောင်းပြု၍ အနောက်ကမ္ဘာ၏ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ လူသားချင်း စာနာထောက်ထားသော အကူအညီပေးရေး လုပ်ငန်းများ၊ ပြည်ပရောက် မြန်မာအဖွဲ့အစည်းများ၊ အမေရိကန်ပြည်ထောင်စု၊ နော်ဝေနိုင်ငံအစိုးရ အပါအဝင် ဥရောပသမဂ္ဂအဖွဲ့ဝင် နိုင်ငံအချို့၊ နိုင်ငံတကာ အဖွဲ့အစည်းအချို့၏ ဘဏ္ဍာငွေအထောက်အပံ့ ဖြင့် တည်ထောင်ထားသည့် ပြည်ပရောက် မြန်မာမီဒီယာများ၊ ပြည်တွင်း၊ ပြည်ပရှိ အစိုးရမဟုတ်သော အဖွဲ့အစည်းများ စသည့်အဖွဲ့အစည်းအမျိုးမျိုးတို့ လုပ်ငန်းလည်ပတ်ရန်အတွက် ထိုင်းနိုင်ငံတွင် အခြေစိုက်ရုံးခွဲများဖွင့်လှစ်ခွင့်ရရှိခဲ့ပါသည်။ ထိုရုံးခွဲများ၏ လည်ပတ် သုံးစွဲငွေအားလုံးနှင့် မြန်မာနိုင်ငံ အတွက်သုံးစွဲသော ငွေကြေးအားလုံးသည် ထိုင်းနိုင်ငံရှိဘဏ်များမှတစ်ဆင့် ထိုင်းဈေးကွက်နှင့် မြန်မာနိုင်ငံအတွင်းသို့ စီးဝင်နေခြင်းဖြစ်ပါသည်။

အခြေအနေအရပ်ရပ်ကြောင့် ထိုင်းနိုင်ငံအတွင်း တရားဝင်နှင့် တရားမဝင်လာရောက် အလုပ်လုပ် ကိုင်နေကြသော မြန်မာနိုင်ငံသားများ၏ လုပ်အားခနည်းပါးမှု၊ ဖိနှိပ်ချင်သလောက် ဖိနှိပ်ခွင့်ရရှိမှု တို့ကြောင့် လူမှုရေးပြဿနာအချို့ ရှိလင့်ကစား ထိုင်းနိုင်ငံရှိ ရေလုပ်ငန်း၊ စက်ရုံအလုပ်ရုံများ ကုန်ကျစရိတ် နည်းနည်းဖြင့် အကျိုးအမြတ်များစွာရရှိ နေခြင်းကလည်း အားသာချက်တစ်ရပ်ဖြစ်နေပါသည်။
ထိုင်းနိုင်ငံနှင့် အိမ်နီးချင်းများသည် ရိုဟင်ဂျာတို့၏ အခက်အခဲကို ကောင်းစွာသိရှိ နေသူများဖြစ်ကြောင်း၊ ဇာတိမှ ထွက်ခွာလာကြသော ရိုဟင်ဂျာများသည် အခြားတစ်နေရာသို့ ဆက်လက်သွားရောက်ရန်အတွက် ထိုင်းနိုင်ငံ၌ ခရီး တစ်ထောက်နားကြသော်လည်း မြန်မာ နိုင်ငံမှ မြစ်ဖျားခံလာသော ပြဿနာအရှုပ်ထုပ်ကို ထိုင်းအာဏာပိုင်များကလည်း လက်ခံ ကြိုဆိုခြင်းမပြုကြောင်း ဘန်ကောက်ပို့စ်၏ ရေးသားချက်သည် ရိုဟင်ဂျာများ၏သမိုင်းကြောင်း၊ မြန်မာနိုင်ငံ နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့၏ သမိုင်းကြောင်း၊ ရခိုင်ပြည်နယ်၏ သမိုင်းကြောင်းတို့ကို သေချာစွာမသိဘဲ အနှစ် ၂၀ ခန့် စီမံခန့်ခွဲမှုအလွဲများဖြင့် ဒီမိုကရေစီနည်းမကျစွာ အုပ်ချုပ်ခဲ့သော အမှားများအား လက်ညှိုးထိုးပြီး ရိုဟင်ဂျာခေါင်းစဉ်တပ်ကာ ရန်ပုံငွေများစွာဖြင့် အနှစ် ၂ဝခန့် စည်းရုံးလှုံ့ဆော်ဝါဒဖြန့်ချိနေသူများ၏ အနောက်မီဒီယာများမှ တစ်ဆင့်ထွက်ပေါ်လာသောအသံကို ပဲ့တင်ထပ်ပေးသည့်သဘော သက်ရောက်နေပါသည်။ အထူးသဖြင့်အတိတ်က အာဏာရှင်အုပ်ချုပ်ရေးယန္တရားတွင် ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ယောက် ဖြစ်သော်လည်း ယနေ့ ငြိမ်းချမ်းစွာ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကြိုးစားဆောင်ရွက်နေသော မြန်မာနိုင်ငံနှင့် လက်ရှိမြန်မာနိုင်ငံအစိုးရအဖွဲ့ အကြီးအကဲဖြစ်သူ သမ္မတဦးသိန်းစိန်တို့အပေါ် ပြင်းထန်သည့် တစ်ဖက်သတ် ပုဂ္ဂိုလ်ရေးတိုက်ခိုက်ရေးသားမှုအဖြစ် The Voice Weekly က ရှုမြင်ပါသည်။

အစိုးရအဖွဲ့သစ်ကို သမ္မတဦးသိန်းစိန် ဖွဲ့စည်းတာဝန်ယူစဉ်မှစ၍ ယနေ့အချိန်အထိတိုင် ဒီမိုကရေစီစနစ် ကျင့်သုံးနေပါသည်ဟုဆိုသော အိမ်နီးချင်းနိုင်ငံတစ်ခုမှ ၎င်းတို့ကိုယ် ၎င်းတို့ သိက္ခာရှိ သတင်းစာတစ်စောင်ဟုဆိုနေသော ဘန်ကောက်ပို့စ်သတင်းစာအနေနှင့် မြန်မာနိုင်ငံသို့လာရောက်၍ သော်လည်းကောင်း၊ အာဆီယံထိပ်သီးဆွေးနွေးပွဲများတွင်သော်လည်းကောင်း သမ္မတကြီးနှင့် တစ်ကြိမ် တစ်ခါမျှ တရားဝင်တွေ့ဆုံမေးမြန်းခြင်း မရှိသေးပေ။ အမေရိကန်ပြည်ထောင်စုမှနာမည်ကျော် ဝါရှင်တန်ပို့စ်သတင်းစာ၊ ဂျာမနီနိုင်ငံမှ Suddeutsche Zeitung သတင်းစာ၊ စင်ကာပူနိုင်ငံမှ Channel NewsAsia တို့သည်ပင်လျှင် သမ္မတကြီးနှင့် မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းကာ ကမ္ဘာအရပ်ရပ်က သိရှိအောင် ထုတ်ပြန်လွှင့်ထုတ် ခဲ့ပြီးဖြစ်ပါသည်။ သမ္မတကြီးနှင့် တစ်ကြိမ်တစ်ခါမျှ တွေ့ဆုံမေးမြန်း ခြင်းမရှိပါဘဲ ရိုဟင်ဂျာအခွင့်အရေးခေါင်းစဉ်တပ်ကာ ဘာသာရေး အကြမ်းဖက်ဖိနှိပ်မှုအဖြစ် သရုပ်ဖော်ရေးသားမှုများမှာ လူကြီးလူကောင်းမဆန်သော စွပ်စွဲချက်သက်သက်သာဖြစ်နေပါသည်။
ဘန်ကောက်ပို့စ်သတင်းစာအနေနှင့် ပဋိပက္ခဖြစ်ပွားနေသော ရခိုင်ပြည်နယ်၏ အတိတ်သမိုင်း ကြောင်းကို အသေအချာလေ့လာခြင်း၊ ယင်းဒေသသို့ ကိုယ်တိုင်ကိုယ်ကျ ကွင်းဆင်းကာ သတင်းရင်းမြစ် များကို စုံစေ့အောင်မေးမြန်းခြင်း၊ စုံစမ်းထောက်လှမ်းခြင်း၊ အောက်ထစ်ဆုံး ဆန့်ကျင်ဘက် သတင်း ရင်းမြစ်နှစ်ခု၏ အယူအဆသဘောထားကို မေးမြန်းခြင်း လုံးဝ (လုံးဝ)မရှိဘဲ ထင်မြင်ချက်ဖြင့် တစ်ဖက်သတ် စွပ်စွဲရေးသားခြင်းသည် ပရော်ဖက်ရှင်နယ်ပီသသောသတင်းမီဒီယာတစ်ခုထက် မြန်မာနိုင်ငံ၏ လက်ရှိ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများအပေါ် အဆိုးမြင်သဘောထားရှိနေသည့် လှုံ့ဆော်ဝါဒဖြန့်မီဒီယာ တစ်ခုအသွင်ဆောင်နေပါသည်။

အထူးသဖြင့် ရိုဟင်ဂျာများနှင့်ပတ်သက်၍ သမ္မတ၏ပြောကြားချက်ကို လူမျိုးစွဲစိတ်ပြင်းခြင်း၊ မုန်းတီးခြင်း၊ ခြိမ်းခြောက်ခြင်း အငွေ့အသက်များလွှမ်းနေသည်ဟု ရေးသားခဲ့သော ဘန်ကောက်ပို့စ် သတင်းစာအနေနှင့် မြန်မာ-ထိုင်း ရာဇဝင်နောက်ခံ ထိုင်းရုပ်ရှင်ဇာတ်ကားများ၊ ထိုင်းဘာသာဖြင့် ရေးသားထုတ်ဝေသော သတင်းစာများတွင် အတိတ်သမိုင်းကြောင်းမှ မြန်မာဘုရင်တို့၏ ထိုင်းနိုင်ငံ အပေါ် တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် အနာဟောင်းများကိုတူးဖော်ကာ မြန်မာနိုင်ငံသားများအပေါ် လက်စားချေလိုစိတ် ပြင်းပြလာစေရန် ထိုင်းအမျိုးသားရေးစိတ်ကို လှုံ့ဆော်နှိုးဆွပေးခြင်းဖြင့် ထိုင်းရဲတပ်ဖွဲ့၊ ထိုင်းလူဆိုးဂိုဏ်း၊ လူမှောင်ခိုဂိုဏ်းများ အပါအဝင် ထိုင်းနိုင်ငံသားအများစုက ထိုင်းနိုင်ငံ အတွင်းရှိ ရွှေ့ပြောင်းလုပ်သား မြန်မာနိုင်ငံသားများအပေါ် မုန်းတီးစိတ်၊ လက်စားချေစိတ်ဖြင့် ခွဲခြားဆက်ဆံမှု၊ ခြိမ်းခြောက်အကျပ်ကိုင်မှု၊ လုယက်သတ်ဖြတ်မှု၊ ရွှေ့ပြောင်းလုပ်သား အမျိုးကောင်း မြန်မာမိန်းကလေးငယ်များကို အဓမ္မကျင့်သတ်ဖြတ်မှု၊ မလေးရှားနိုင်ငံနှင့် ငါးဖမ်းလုပ်ငန်းများသို့ ကျေးကျွန်များသဖွယ် ရောင်းစားမှုကဲ့သို့သော အဖြစ်အပျက်များရှိနေပါလျက် လျစ်လျူရှုနေသော ထိုင်းအာဏာပိုင်များ၊ ထိုင်းမီဒီယာများ၊ နိုင်ငံတကာလူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူများ၊ ကုလသမဂ္ဂလူ့အခွင့်အရေးကော်မရှင်တို့နှင့် ပတ်သက်၍မူ အဘယ့်ကြောင့် ရေငုံနှုတ်ဆိတ်နေပါသနည်း ဟု မေးခွန်းထုတ်ရမည်ဖြစ်ပါသည်။

အထူးသဖြင့် ထိုင်းတောင်ပိုင်းရှိ ခွဲထွက်လိုသော မွတ်ဆလင်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင် များအကြား ကာလကြာရှည်ဖြစ်ပွားနေသည့် အဓိကရုဏ်းနှင့် အကြမ်းဖက် သတ်ဖြတ်မှုများ၊ ဝန်ကြီးချုပ်သက်ဆင်လက်ထက်က ထိုင်းစစ်တပ်၏ သွေးထွက်သံယိုအကြမ်းဖက်ဖြိုခွင်းခဲ့ခြင်း၊ ပြီးခဲ့သည့် ၂၀၁၀ ပြည့်နှစ်အတွင်း ဖြစ်ပွားခဲ့သည့် ရှပ်နီဆန္ဒပြသူများအား ဘုရင့်သစ္စာတော်ခံ ထိုင်းစစ်တပ်က ရက်စက်စွာ အကြမ်းဖက်ဖြိုခွင်းခဲ့ခြင်းများနှင့်ပတ်သက်သော သတင်းများကိုမူ မကြာသေးခင်က ၎င်းတို့နှင့်နယ်စပ်ပဋိပက္ခဖြစ်ပွားခဲ့သည့် ကမ္ဘောဒီးယားနှင့် မြန်မာနိုင်ငံအပါအဝင် ဒေသတွင်း အခြားနိုင်ငံအရေးကိစ္စများအပေါ် ပြစ်တင်ဝေဖန်ရေးသားသကဲ့သို့ လက်သွက်ခြေသွက်မရှိခဲ့ ခြင်းမှာလည်း ဘန်ကောက်ပို့စ်သတင်းစာ၏ရပ်တည်ချက်ကို မေးခွန်းထုတ်စရာဖြစ်နေပါသည်။

ယခုအခါ အခြေအနေအားလုံး ငြိမ်သက်အေးချမ်းစပြုနေသော ရခိုင်ပြည်နယ်ပဋိပက္ခနှင့် ပတ်သက်၍ ဘန်ကောက်ပို့စ် သတင်းစာ၏ တစ်ဖက်သတ်စွပ်စွဲတိုက်ခိုက်ရေးသားမှုကြောင့် နှစ်ပေါင်း များစွာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်လာသော မွတ်ဆလင်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာ ရခိုင် တိုင်းရင်းသား၊ ဗမာတိုင်းရင်းသားများအကြား အထင်လွဲမှု၊ ပဋိပက္ခများ ပြန်လည်ဖြစ်ပွားလာပါက ဘန်ကောက်ပို့စ်သတင်းစာတွင်သာ လုံးဝတာဝန်ရှိကြောင်း အထူးသိစေအပ်ပါသည်။

လူကြိုက်များသော သတင်းဆယ်ပုဒ်

 
Blogger Widgets