ရွှေဟင်္သာသတင်းဌာန
ရခိုင်ပြည်နယ်၌ နိုင်ငံသား စီစစ်ရေး ကပ်ပြား များကို မှန်ကန်မှု ရှိမရှိ စစ်ဆေးနေပြီး ကပ်ပြား မရှိသူများအား လူဝင်မှု ကြီးကြပ်ရေး အက် ဥပဒေဖြင့် အရေးယူ သွားမည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီး ဌာန ပြည်ထောင်စု ဝန်ကြီး ဦးခင်ရီက ယနေ့ ၁၂ နာရီတွင် နေပြည်တော် စက်မှု ၀န်ကြီး ဌာန၌ ကျင်းပသော မီဒီယာ တွေ့ဆုံပွဲတွင် ပြောကြား ခဲ့ပါသည်။
ရခိုင်ပြည်နယ်တွင် ပြီးခဲ့သည့် ဇွန်လလယ်၌ ဘင်္ဂလီများ အကြမ်းဖက်မှု ဖြစ်ခဲ့ပါသည်။ ဤပြသနာသည်၊ တရားမ၀င် ဘင်္ဂလီများ တိုးပွား လာခြင်းကြောင့် အခြေခံ ဖြစ်သည်ဟု မြန်မာ့နိုင်ငံရှိ နိုင်ငံရေး အဖွဲ့အစည်းများ၊ သာသာရေး အဖွဲ့အစည်းများက သဘောထား ထုတ်ပြန် ခဲ့ကြပါသည်။ ဤသို့ကြောင့် အစိုးရသည် ဘင်္ဂလီများအား စခန်းသွင်းပြီး စစ်ဆေး နေခြင်း ဖြစ်ပါသည်။
ရခိုင်ပြည်နယ်၌ ကယ်ဆယ်ရေး စခန်း ၆၇ ခုနှင့် နီးစပ်ရာ ရပ်ကွက် အတွင်းတွင် နိုင်ငံသား စိစစ်ရေး မှတ်ပုံတင် ကတ်ပြား ကိုင်ဆောင်ခြင်း ရှိမရှိကို ပြည်နယ် ဝန်ထမ်း ၂၇၅ ဦး အပါဝင် နေပြည်တော် လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ဝန်ကြီး ဌာနမှ ဝန်ထမ်း ၈၅ ဦးကို ထပ်မံ စေလွှတ်ပြီး စစ်ဆေးနေကြောင်း ဝန်ကြီး ဦးခင်ရီက ပြောပါသည်။
ဇွန်လ ဆန်းပိုင်းမှ ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ပဋိပက္ခများ၌ သေဆုံးသူ ဦးရေမှာ ၆၈ ဦးထိ ရှိခဲ့ပြီး ဘူးသီးတောင်၊ မောင် တောမြို့နယ်များတွင် ဒေသခံ ရခိုင် တိုင်းရင်းသားများမှာ ဇာတိဒေသ၌ ဘင်္ဂါလီ လူမျိုးများ အဆမတန် များပြား နေမှုကြောင့် နေရင်း ဒေသသို့ ပြန်မသွားရဲကြကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီ ဗဟို အလုပ်မှုဆောင် တစ်ဦးက ပြောကြားသည်။

No comments:
Post a Comment