Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Sunday, 17 June 2012

ရခိုင်မှာ အိမ်ပေါင်း ၂၅၀၀ ကျော် မီးလောင်ကျွမ်း

ABC-Burmese

ရခိုင်ပြည်နယ် ​စစ်တွေမြို့မှာ ​နယ်စပ်ဒေသနဲ့ ​လုံခြုံရေးဝန်ကြီး ​ဗိုလ်မှူးကြီးထိန်လင်းက ​ရခိုင်ပြည်နယ်အခြေအနေများနဲ့ ​ပတ်သက်ပြီး ​သတင်းစာရှင်းလင်းပွဲ ​ပြုလုပ်ခဲ့ ​တယ်လို့သိရပါတယ်။
သတင်းစာရှင်းလင်းပွဲမှာ ​ရခိုင်ပြည်နယ်အတွင်းက ​ပျက်စီးဆုံးရှုံးမှုတွေ၊ ​ဒုက္ခသည်တွေရဲ့အခြေအနေတွေနဲ့ ​လက်ရှိရခိုင်ပြည်နယ်ရဲ့ ​အခြေအနေတွေကို ​ရှင်းပြခဲ့တယ်လို့ ​စစ်တွေ ​ဒေသခံတဦးက ​ခုလိုပြောပါတယ်။
ဗိုလ်မှူးကြီးထိန်လင်းကနေပြီးတော့ ​သတင်းစာရှင်းလင်းပွဲ ​လုပ်ခဲ့ပါတယ်။ ​အဓိကတော့ ​အပျက်အစီး ​ဘယ် ​လောက်လောက်ရှိတယ်၊ ​ဒဏ်ရာရတဲ့သူတွေဘယ်လောက်လောက်ရှိတယ် ​၊ ​အဲဒါတွေနဲ့ ​ဒုက္ခသည်စခန်းရယ်၊ ​နောက်ပြိး ​ဒုက္ခသည်တွေဘယ်လောက်လောက်ရှိလို့ဆိုတာ ​ဖြေကြားသွားပါတယ်အဲဒါ ​နယ်မြေကို ​လောလော ​ဆယ် ​ထိန်းချုပ်ထားလိုက်တဲ့အဆင့်ကြောင့် ​အေးချမ်းသွားပြီဆိုတဲ့သဘောအဲလိုမျိုး ​ပြောသွားပါတယ်။ 

ရခိုင်ပြည်နယ်အတွင်းမှာ ​၈ရက်ကနေ ​၁၃ရက်အတွင်း ​အားလုံးပေါင်း ​အိမ်ခြေ ​၂၅၂၈လုံး ​မီးလောင်ကျွမ်းခဲ့ပြီး ​ရခိုင်လူမျိုးတွေအိမ်က ​၁၁၉၂ ​လုံးနဲ့ ​မူဆလင်အိမ် ​၁၃၃၆လုံး၊ ​ဗလီ ​၇လုံး၊ ​ဘုန်းကြီးကျောင်း ​၉ကျောင်း၊ ​သာငက်ကျောင်း ​၁ကျောင်းမီးလောင်ကျွမ်းခဲ့ပြီး ​ရခိုင်လူမျိုး ​၁၃ဦးနဲ့ ​မူဆလင် ​၁၆ဦးသေဆုံးပြီး ​ဒဏ်ရာရတာ ​ရခိုင်၁၆ဦးနဲ့ ​မူဆလင် ​၂၂ဦးရှိတယ်လို့ပြောပါတယ်။

ဒါအပြင် ​ရခိုင်ပြည်နယ်အတွင်းမှာ ​ကယ်ဆယ်ရေးစခန်း ​၃၇ခု ​ဖွင့်လှစ်ထားပြီး ​လူဦးရေ ​၃၁၈၈၄ ​ဦး ​ရှိပြီး ​မီးရှို့ဖျက်ဆီးတဲ့သူတွေကိုလည်း ​လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ​ဖမ်းဆီးမိထားပြီး ​တရားဥပဒေအရ ​အရေးယူဖို့ ​ဆောင်ရွက်သွားမှာဖြစ်ပြီး ​ရခိုင်ဒေသအတွင်းမျာ ​မနေ့ကစပြီး ​အခြေအနေအရပ်ရပ်ကို ​ထိန်းသိမ်းထားပြီ ​ဆိုတဲ့အကြောင်း ​ဗိုလ်မှူးကြီးထိန်လင်းက ​ပြောတယ်လို့ ​ ရေဒီယိုသြစတြေးလျသတင်းထောက် ​မြတ်မိုးက ​သတင်းပေးပို့ခဲ့ပါတယ်။

ရခိုင်ပြည်နယ်အစိုးရ ​သတင်းတွေကို ​ထိန်ချန်တယ်လို့ ​သတင်းသမားတွေပြော 
စစ်တွေမြို့ ​ရခိုင်ပြည်နယ် ​ပြည်နယ်ဝန်ကြီးချုပ် ​ရုံးမှာ ​နယ်စပ်ဒေသနဲ့ ​လုံခြုံရေးဝန်ကြီး ​ဗိုလ်မှူးကြီးထိန်လင်းဦးဆောင်ပြီး ​သတင်းစာရှင်းလင်းပွဲလုပ်ရာမှာ ​သတင်းထိန်ချန်ထားမှု ​တွေရှိ ​နေတယ်လို့ ​ဒေသခံတွေ၊ ​မီဒီယာတွေနဲ့ ​လူမှုရေးကူညီသူတွေက ​ပြောပါတယ်။

"စစ်တွေမှာ ​ဘင်္ဂါလီတွေဘက်က ​သေနတ် ​၃ ​လက်ရတယ်ဆိုတာကို ​အားလုံးသိတယ်။ဒါပေမယ့် ​အစိုးရက ​NGO ​တွေနဲ့ ​ဆပ်စပ်ပတ်သက်မှုတွေကိုလည်း ​မေးကြတယ် ​အစိုးရက ​ပြည်နယ်အစိုးရ ​ဗဟိုက ​ထုတ်ပြန်ပါလိမ့်မယ်လို့ ​ပဲပြောတယ်"လို့ ​တက်ရောက် ​သတင်းယူခဲ့တဲ့ ​မီဒီယာ ​သမားတစ်ယောက်က ​ပြောပါတယ်။(အသံဖိုင်)

စစ်တွေမှာ ​ရခိုင်တိုင်းရင်းသား ​တိုးတက်ရေးပါတီက ​စာရင်းပြုစုထားတဲ့ ​ကယ်ဆယ်ရေးစခန်း ​၃၈ ​ခု ​ရှိပေမယ့် ​ပြည်နယ် ​အစိုးရကတော့ ​စစ်တွေမှာ ​ကယ်ဆယ်ရေးစခန်း ​၁၅ ​ခုပဲ ​ရှိတယ်လို့ ​သတင်း ​စာရှင်းလင်းပွဲမှာ ​ပြောသွားတယ်လို့ ​သတင်းသမားတွေက ​ပြောပါတယ်။

"NGO ​က ​တစ်ယောက်ကို ​ဖမ်းထားတယ်ဆိုတာကို ​မေးတယ်။ ​မသိဘူးလို့ ​ပြောတယ်။ပြီးတော့ ​အစိုးရ ​အဖွဲ့က ​ပြောသေးတယ်။ဒီနေ့ ​သတင်းစာ ​ရှင်းလင်းပွဲလုပ်တာဟာ ​ဘယ်သူသာတယ်။ဘယ်သူနာတယ်မဟုတ်ဘူး။ပြဿနာ ​ပြေငြိမ်းသွားဖို့ကို ​သတင်းထုတ်ပြန်တာ ​ဖြစ်ပါတယ်လို့ ​ပြောတယ်။ကျွန်တော်တို့ ​သုံးသပ်တာကတော့ပြည်နယ်အစိုးရက ​သတင်းမီဒီယာတွေအပေါ်မှာ ​ထိန်ချန်ထားမှုတွေ ​ရှိနေတယ်ဆိုတာပါ"လို့ ​မီဒီယာသမားတစ်ဦးက ​အေဘီစီ ​သတင်းဌါနကို ​ပြောပါတယ်။

စစ်တွေမှာ ​ဇွန်လ ​၁၄ ​ရက် ​မနေ့ညနေ ​၃ ​နာရီခွဲကျော်က ​လောကနန္ဒာဘုရားရှေ့အနီးရှိ ​ဗလီထဲက ​ကျည်ဆံတွေ ​ထည့်ထားတဲ့ ​ပလပ်စတစ်အိတ်တစ်ခုလုံးကို  ​စစ်တွေရဲစခန်းက ​သိမ်းယူသွားတယ်လို့ ​သိရတဲ့အတွက် ​မီဒီယာက ​မေးပေမယ့် ​မိမိတို့ ​မသိသေးကြောင်း၊ ​သတင်းရောက်မလာသေးကြောင်း ​အစိုးရ ​အဖွဲ့ ​တာဝန်ရှိသူတွေက ​ဖြေကြားခဲ့တယ်လို့ ​လူမှုရေး ​ကိစ္စတွေကို ​လိုက်ပါ ​ဆောင်ရွက်နေတဲ့ ​လူငယ်တစ်ဦးက ​ပြောပြချက်အရ ​သိရပါတယ်။

"ကျည်ဆန်တွေ့တဲ့ကိစ္စနဲ့ ​ပတ်သက်ပြီးမေးတဲ့အခါ ​မဟုတ်ပါဘူးလို့ ​ပြောတယ်။သတင်းစာထဲမှာ ​ပါတဲ့ ​တပ်မတော်သားတစ်ဦး ​သေနပ် ​ပေါင်မှာ ​ထိတယ်ဆိုတဲ့ ​သတင်းကို ​မေးတော့ ​ပြည်နယ် ​အစိုးရက ​မဟုတ်ပါဘူးတဲ့ ​သူတို့ ​(ရိုဟင်ဂျာ)တွေမှာ ​လက်နက် ​တွေ ​မရှိပါဘူးလို့ ​ဖြေတယ်။လုံခြုံရေးချတဲ့ ​ရဲတွေ ​စစ်တပ်တွေဆီက ​ရတဲ့ ​သတင်းကတော့ ​သူတို့တွေဆီမှာ ​လက်နက်တွေ ​ရှိတယ်လို့ ​အခိုင်အမာပြောထားတယ်။ပြီးတော့ ​ဇွန်လ ​၁၁ ​ရက်နေ့ ​ဖြစ်စဉ်မှာ ​ပေါက်တောမှာ ​သေနပ် ​ဒဏ်ရာနဲ့ ​တစ်ယောက် ​စစ်တွေ ​ဆေးရုံမှာ ​ဆေးရုံတက်နေတယ်"လို့ ​စစ်တွေရောက် ​မီဒီယာတွေက ​အေဘီစီကို ​ပြောပြကြပါတယ်။

ညနေ ​၃ ​နာရီကျော် ​၄ ​နာရီလောက်က ​မကျဉ်းမြိုင် ​ဗလီ ​ထဲမှာ ​ပလပ်စတစ် ​ပေါ်နေတာကို ​ကလေးတွေက ​ဆွဲထုတ်ပြီး ​ကျဉ်ဆံ ​တစ်အိတ်ကို ​လမ်းထက်မှာပုံတယ်။ကစားနေတယ်။ ​အဲဒါကို ​လူတွေက ​မြင်လို့ ​။ ​ဒါကို ​ရဲကို ​အပ်လိုက်ပါတယ်။သတင်းစာရှင်းလင်းပွဲမှာ ​မသိသေးလို့ ​ပြောပါတယ်။ ​ကျွန်တော် ​ကျည်ဆံကို ​ဓါတ်ပုံရိုက်ထားလိုက်ပါတယ်။ဒါပေမယ့် ​ပေးလို့မရသေးပါဘူး။ကျည်ဆံ ​ရတာကတော့ ​အမှန်ပါ ​ကျဉ်တောင့် ​၂၀၀ ​ကျော် ​၃၀၀ ​လောက် ​ရှိပါမယ် ​ဂျီသရီးကျဉ်အမျိုးအစားလို့ ​ယူဆရတယ် ​လို့ ​ပြောပါတယ်။အဲဒီပလီဟာ ​စစ်တွေမှာ ​ဗလီကြီးဖြစ်ပြီး ​လက်ရှိမှာတော့ ​မတက်ကြဘူး"လို့ ​လူမှုရေး ​ကိစ္စတွေကို ​လိုက်ပါ ​ဆောင်ရွက်နေတဲ့ ​လူငယ်တစ်ဦးကပြောခဲ့တယ်လို့ ​ရေဒီယိုသြစတြေးလျသတင်းထောက် ​ဘုတ်ဘုတ်က ​သတင်းပေးပို့ခဲ့ပါတယ်။

No comments:

Post a Comment

 
Blogger Widgets