Shwe Lone

(ပုံ) Tehreek-e-Taliban Pakistan (TTP) အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် Ehsanullah Ehsan - FP Photo
 တစ်ချိန်တည်းမှာပင် ကမ္ဘာ့အကြီးဆုံး အစ္စလာမ်အဖွဲ့ဖြစ်သည့် အစ္စလာမ်ဘာသာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (Organization  of Islamic Cooperation – OIC) ၏ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ  Ekmeleddin Ihsanoglu က မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ယမန့်နေက  “မြန်မာနိုင်ငံတွင်း မူဆလင်များအပေါ် အကြမ်းဖက်မှု များအား ရပ်တန့်ပေးရန်” စာ  ရေးသားပေးပို့ တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။

ပါကစ္စတန်နိုင်ငံ  အခြေစိုက် အစွန်းရောက် အကြမ်းဖက်အဖွဲ့အစည်းဖြစ်သည့် Tehreek-e-Taliban  Pakistan (TTP) သည် မြန် မာနိုင်ငံအတွင်း ရိုဟင်ဂျာများအပေါ်  အကြမ်းဖက်မှုများအား လက်စားချေသည့် အနေဖြင့် ပါကစ္စတန်နိုင်ငံတွင်းနှင့်  နိုင်ငံတကာ ရှိ မြန်မာပစ်မှတ်များအား တိုက်ခိုက်သွားမည်ဟု အီတလီ အခြေစိုက်  AsiaNews.it ဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည်။
TTP  အဖွဲ့သည် ပါကစ္စတန်အစိုးရအား မြန်မာနိုင်ငံနှင့် သံတမန် အဆက်အသွယ်  ဖြတ်တောက်သွားရန် တိုက်တွန်းခဲ့ပြီး၊ အစ္စလာမ် မာဘတ်ရှိ မြန်မာသံရုံးအားလည်း  ပိတ်ပစ်ရန် တောင်းဆိုခဲ့ကြောင်း သိရှိရသည်။ ယင်းသို့ မပြုလုပ်ပါက ပါကစ္စတန်နိုင်ငံ တွင်းနှင့် နိုင်ငံတကာရှိ မြန်မာပစ်မှတ်များအား တိုက်ခိုက်သွားမည်ဟု ရာဇသံပေးခဲ့ကြောင်း သိရှိရသည်။
TTP  အဖွဲ့သည် “မြန်မာနိုင်ငံအတွင်းရှိ မူဆလင်များအား ကာကွယ်ပေးမည့်အဖွဲ့” ဟု  ယင်းတို့ကိုယ်ယင်းတို့ သတ်မှတ်ထားပြီး “သွေးအတွက် လက်စားချေမည်” ဟု  ကတိကဝတ်ပြုခဲ့ကြောင်းလည်း AsiaNews ၌ ဖော်ပြထားသည်။ 

(ပုံ) Tehreek-e-Taliban Pakistan (TTP) အဖွဲ့၏ ပြောခွင့်ရပုဂ္ဂိုလ် Ehsanullah Ehsan - FP Photo
TTP  ၏ ပြောခွင့်ရပုဂ္ဂိုလ် Ehsanullah Ehsan က ပါကစ္စတန်နိုင်ငံ အစိုးရအား  အထက်ပါအတိုင်း ရာဇသံပေးခဲ့ပြီးနောက် “ဒီလိုမှ မလုပ်ဘူးဆိုရင်တော့  ကျွန်တော်တို့အနေနဲ့ မြန်မာနိုင်ငံနဲ့ဆိုင်တဲ့ ပစ်မှတ်တွေကိုသာ မဟုတ်ဘဲ၊  မြန်မာနိုင်ငံနဲ့ ပတ်သက်နေတဲ့ ပါကစ္စတန်မိတ်ဆွေများကိုပါ  တစ်ယောက်ပြီးတစ်ယောက် တိုက်ခိုက်သွားပါမယ်။” ဟု ပြောကြားသွားခဲ့ကြောင်း  သိရှိရသည်။
TTP  အဖွဲ့သည် ပါကစ္စတန်အစိုးရ၏ လုံခြုံရေးတပ်ဖွဲ့များအား မကြာခဏ  တိုက်ခိုက်လေ့ရှိသော်လည်း နိုင်ငံတကာတွင် ယင်းတို့ အနေဖြင့် မည်သို့မည်ပုံ  အကြမ်းဖက်တိုက်ခိုက်မှုများ ဆောင်ရွက်သွားမည်မှာမူ မသိရှိနိုင်ပေ။  သို့သော်လည်း အမေရိကန် လုံခြုံရေး အေဂျင်စီများ၏ အဆိုအရမူ ၂၀၁၀ ခုနှစ်က  နူးယောက်ခ်မြို့ Times Square ၌ မပေါက်ကွဲဘဲ ရှာဖွေတွေ့ရှိခဲ့သည့် ချိန်  ကိုက်ဗုံးအား စီစဉ်ခဲ့သည့် အဖွဲ့အစည်းမှာ TTP ဖြစ်ကြောင်း သိရှိရသည်။
 တစ်ချိန်တည်းမှာပင် ကမ္ဘာ့အကြီးဆုံး အစ္စလာမ်အဖွဲ့ဖြစ်သည့် အစ္စလာမ်ဘာသာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (Organization  of Islamic Cooperation – OIC) ၏ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ  Ekmeleddin Ihsanoglu က မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ယမန့်နေက  “မြန်မာနိုင်ငံတွင်း မူဆလင်များအပေါ် အကြမ်းဖက်မှု များအား ရပ်တန့်ပေးရန်” စာ  ရေးသားပေးပို့ တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။
တစ်ချိန်တည်းမှာပင် ကမ္ဘာ့အကြီးဆုံး အစ္စလာမ်အဖွဲ့ဖြစ်သည့် အစ္စလာမ်ဘာသာ ပူးပေါင်းဆောင်ရွက်ရေး အဖွဲ့အစည်း (Organization  of Islamic Cooperation – OIC) ၏ အထွေထွေ အတွင်းရေးမှူးချုပ်ဖြစ်သူ  Ekmeleddin Ihsanoglu က မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်ထံ ယမန့်နေက  “မြန်မာနိုင်ငံတွင်း မူဆလင်များအပေါ် အကြမ်းဖက်မှု များအား ရပ်တန့်ပေးရန်” စာ  ရေးသားပေးပို့ တိုက်တွန်းခဲ့ကြောင်း သိရှိရသည်။ယင်း၏  စာထဲ၌ နိုင်ငံတကာ ဥပဒေစံနှုန်များအား အခြေခံပြီး မြန်မာနိုင်ငံတွင်းရှိ  ရိုဟင်ဂျာ များအား မြန်မာနိုင်ငံသားများ အဖြစ်ဖြင့် လုံခြုံရေးနှင့်  ကာကွယ်ရေးအား ဆောင်ရွက်သွား ရန် တိုက်တွန်းထားသည်။ 
ထို့အပြင်  ဦးသိန်းစိန်အား ပြီးခဲ့သည့် လပိုင်းအတွင်း ဖြစ်ပွားခဲ့သည့်  ရိုဟင်ဂျာများအား ရက် ရက်စက်စက် အကြမ်းဖက်ခဲ့မှုများအပေါ် လျှင်မြန်ပြီး၊  ထိရောက်သည့် စုံစမ်းဖော်ထုတ်မှု များ ပြုလုပ်သွားရန်လည်း တိုက်တွန်းထားသည်။ 
ယင်းစာ  မိတ္တူများအား ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းနှင့်  လူအခွင့်အရေး ကောင်မရှင် မဟာမင်း ကြီးတို့ထံလည်း ပေးပို့ခဲ့သည်ဟု  သိရှိရသည်။
TTP အဖွဲ့အကြောင်း သိရှိလိုပါက အမေရိကန် အမျိုးသား အကြမ်းဖက်မှု တိုက်ဖျက်ရေးစင်တာ၏ ဝက်ဘ်ဆိုဒ်၌ ဆက်လက် ဖတ် ရှုပါ။ 
မူရင်းသတင်းအား ဖတ်ရှုရန် - 
http://www.asianews.it/news-en/Pakistan-Taliban-against-Myanmar,-vow-revenge-over-Rohingya-blood-25391.html
Organization of Islamic Cooperation (OIC) ၏ ဝက်ဘ်ဆိုဒ် - 
---
Ref: Asianews.it
 
No comments:
Post a Comment