Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Thursday 12 July 2012

မြောက်ဦး RNDP ဒုဥက္ကဌနှင့် အဖွဲ့ဝင် တစ်ဦး ပြန်လည် လွှတ်မြောက်

နိရဉ္ဖရာ

ထွန်းထွန်း

မြောက်ဦးမြို့တွင် ယမန်နေ့ ညနေပိုင်းက ဖမ်းဆီးခံခဲ့ရသော ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီ မြို့နယ် ဒုဥက္ကဌနှင့် အလုပ်အမူဆောင် တစ်ဦးကို မြို့ခံ လူထုများ၏ ၀ိုင်းဝန်း တောင်းဆိုမူကြောင့် အာဏာပိုင်များက ပြန်လည် လွှတ်ပေးလိုက်ကြောင်း သိရသည်။

ပြန်လည် လွှတ်မြောက်လာသူများမှာ RNDP မြောက်ဦး မြို့နယ် ဒုဥက္ကဌ ဦးအေးမောင်သန်းနှင့် အလုပ်အမူဆောင် ကော်မီတီဝင် ကိုဘတင်တို့ ဖြစ်ကြသည်။

ဦးအေးမောင်သန်းနှင့် ကိုဘတင်တို့ နှစ်ဦးကို ယမန်နေ့ ညနေ ၄ နာရီကျော်က မြောက်ဦး အခြေစိုက် အမှတ် ၅၄၀ တပ်ရင်းမှ ဖမ်းဆီး ခေါ်ဆောင်သွားပြီးနောက် မြို့ခံ လူထု (၁၀၀၀)ခန့်က ရဲစခန်းကို သွားရောက်ပြီး သူတို့နှစ်ဦးအား ပြန်လည် လွှတ်ပေးရန် ၀ိုင်းဝန်းတောင်းဆိုခဲ့ကြသည်။
ထိုသို့ တောင်းဆိုပြီးနောက်ပိုင်းတွင် ခံဝန်ချက် လက်မှတ်ရေးထိုးခိုင်းပြီး မြောက်ဦးရဲစခန်းမှ ပြန်လည် လွှတ်ပေးခဲ့သည်။

“ ညနေ ၈ နာရီကျော်မှာ ပြန်လည် လွှတ်ပေးလိုက်ပါတယ်။ နောက်နောက် ဆူပူမူတွေ ဖြစ်အောင် မလုပ်ပါဘူးဆိုပြီး ခံဝန်ချက် လက်မှတ်ရေးထိုးခိုင်းပါတယ်။ ကျွန်တော်တို့လည်း ဆူပူမူတွေ လုပ်နေတဲ့သူတွေ မဟုတ်တဲ့ အတွက် ခံဝန်ချက်လက်မှတ်ကို ရေးထိုးပေးလိုက်ပါတယ်” ဟု အဖမ်းဆီးခံရရာမှ ပြန်လည် လွှတ်မြောက်လာသူ ဦးအေးမောင်သန်းက နိရဉ္စရာသို့ ပြောသည်။
သူတို့အား စစ်တပ်က ဖမ်းဆီးခြင်းနှင့် ပတ်သက်ပြီးလည်း သူက ယခုလို ပြောသည်။

“  စစ်တပ်က ရဲစခန်းကို ရောက်တဲ့ အခါ ဘာပြောလည်းဆိုတော့  ကျွန်တော်တို့ဟာ ဆူပူမူ ဖြစ်အောင် လုံဆော်နေတယ်။ ဒါ့အပြင် တရားမ၀င် စာရွက်စာတန်းများကို ဖြန့်ဝေတယ်လို့ စွပ်စွဲ ပြောကြားပါတယ်။ ကျွန်တော်တို့ကို ထောင်ပါ ချနိုင်တယ်လို့ ပြောပါတယ်။ ”

“ စစ်တပ်က နောက်ထပ် ဘာပြောသလဲ ဆိုရင် သူတို့ စစ်တပ်က စပါးကြိတ်နေတဲ့ ဆန်စက်ကိုသွားပြီး ဟန့်တားတယ်။ ခြိမ်းခြောက်တယ်။ စစ်တပ်က စပါးတွေကို ကြိတ်နေတာကို ရပ်တန့်ပစ်။ မဟုတ်ရင် ဆန်စက် ပြာကျသွားမယ်ဆိုပြီး ခြိမ်းခြောက်တယ်။ ဒါကြောင်း ခုလို ဖမ်းရတာ ဖြစ်တယ်လို့ ပြောပါတယ်” ဟု ဦးအေးမောင်သန်းက ပြောသည်။

ဆန်စက်သို့ ဦးအေးမောင်သန်းနှင့် မြို့ခံလူ အများအပြားက ၎င်းနေ့ နံနက်ပိုင်းက ရွှေတောင် ရပ်ကွက်ရှိ ဆန်စက်တစ်ခုသို့ သွားရောက်ပြီး ဆန်များကို အပြင်သို့ ထုတ်မရောင်းရန် သွားရောက် မေတ္တာရပ်ခံခဲ့ခြင်းသာ ရှိခဲ့ပြီး ခြိမ်းခြောက်မူ မရှိခဲ့ကြောင်း ပြန်လည် ပြောကြားခဲ့သည်ဟု သူက ဆိုသည်။

“ ကျွန်တော်တို့က သွားရောက် ခြိမ်းခြောက်တာ မဟုတ်ပါဘူး။ အခုမိုးရာသီလည်း ဖြစ်တဲ့ အပြင် ဆူပူမူတွေ ဖြစ်နေတဲ့ အတွက် မြောက်ဦးမြို့ထဲမှာ ဆန်တွေ ရှားပါးလာနေတာကြောင်း ဆန်တွေကို အပြင်ထုတ်ပြီး ရောင်းချတာတွေကို မပြုလုပ်ဖို့ သွားရောက် မေတ္တာရပ်ခံခဲ့တာသာ ဖြစ်တယ်ဆိုပြီး ရှင်းပြပါတယ်။ အဲဒီ ဆန်စက်က စစ်တပ်က စပါးတွေကို အဓိက ကြိတ်နေတဲ့ ဆန်စက်ဖြစ်တော့ စစ်တပ်ကို သွားချွန်လိုက်တော့ စစ်တပ်က ခုလို ဖမ်းဆီးတာ ဖြစ်ပါတယ်” ဟု ဦးအေးမောင်သန်းက ပြောသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်ပြီး မြောက်ဦးမြို့ပေါ်ရှိ လူကြီးများသို့ စုံစမ်းကြည့်ရာ ကံလှ ရပ်ကွက်မှ အငြိမ်းစား ကျောင်းဆရာကြီး တစ်ဦးက ယခုလို ပြောသည်။

“ ခလရ ၅၄၀ မှ အရာခံဗိုလ် တင်အောင်ကနေပြီးတော့  မြို့ထဲက  စပါးများကို ၀ယ်ယူပြီး ရွှေတောင် ရပ်ကွက်ရှိ ဦးကျော်ဝင်း ဆန်စက်မှာ ကြိတ်တယ်။ ပီးရင် မူဆလင်ရွာတွေကို အခကြေးငွေတွေ ယူပြီး ပို့ပေးနေတယ်။ ဒါကြောင့် မြို့ထဲမှာ စပါး၊ ဆန် ရှားလာပြီး ဈေးတက်လာတယ်။ အခုလို လုပ်နေ မယ်ရင် မိုးလယ် မိုးနှောင်းဆိုရင် ဆန်စပါးတွေ ရှားပါးပြီး  လူတွေ အခက်ကြုံရနိုင်တယ်။ ဒါကို မလုပ်ဖို့ ဆန်စက်ကို သွားတားကြတယ်လို့ ကြားပါတယ်။ ဒါကြောင့် အေးမောင်သန်းနဲ့ ကိုဘတင် ဆိုသူ နှစ်ဦး အဖမ်းခံရတာ ဖြစ်တယ်” ဟု ပြောသည်။

ယခုကဲ့သို့ ဦးအေးမောင်သန်းနှင့် ကိုဘတင်တို့အား စစ်တပ်က အပြစ်မဲ့ ဖမ်းဆီးသွားသည်ကို မကျေနပ်သဖြင့် အမြန်ဆုံး လွှတ်ပေးရန် မြို့သူ မြို့သားများမှ ၀ိုင်းဝန်းတောင်းဆိုပြီးနောက်ပိုင်းတွင် မြို့နယ် အာဏာပိုင်များက ယမန်နေ့ ည ၈ နာရီ ခွဲ  သူတို့ နှစ်ဦးအား ပြန်လည် လွှတ်ပေးလိုက်ခြင်း ဖြစ်သည်။

No comments:

Post a Comment

 
Blogger Widgets