RFA Burmese
 
 ရခိုင်ပြည်နယ်မှာ  မကြာသေးခင်က ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက် ပဋိပက္ခကာလအတွင်း  ဖမ်းဆီးခံရသူတွေထဲမှာ AZG ဒါမှမဟုတ် MSF လို့လူသိများတဲ့ နယ်စည်းမထား  ဆရာဝန်များအဖွဲ့က ၀န်ထမ်း (၅) ဦး ပါဝင်ပြီး၊ သူတို့အားလုံး  ထိန်းသိမ်းခံထားရဆဲဖြစ်တယ်လို့ အဲဒိအဖွဲ့ရဲ့ 
မြန်မာနိုင်ငံရုံး ဒုတိယအကြီးအကဲ Ms. Vickie Hawkins က RFA ကို ဒီကနေ့ အတည်ပြု ပြောကြားပါတယ်။
"ပြီးခဲ့တဲ့လအတွင်း ဖမ်းဆီးခံရသူတွေထဲမှာ AZG ၀န်ထမ်း ၅ ဦးပါဝင်တယ် ဆိုတာ  အတည်ပြုနိုင်ပါတယ်၊ ဒီကိစ္စနဲ့ ပတ်သက်လို့ မြန်မာအစိုးရ အာဏာပိုင်တွေနဲ့  ဆက်သွယ်ဆောင်ရွက်မှု ရှိပါတယ်၊ သူတို့ကို ဘယ်အမှုတွေနဲ့ တရားစွဲဆို  ထားတယ်ဆိုတာ သိရဖို့အတွက်လည်း စုံစမ်းနေဆဲဖြစ်ပါတယ်" - 
လို့  AZG အဖွဲ့ရဲ့ မြန်မာနိုင်ငံရုံး ဒုတိယအကြီးအကဲ Ms. Vickie Hawkins ရန်ကုန်မြို့မှာ RFA နဲ့ ဒီကနေ့တွေဆုံစဉ်မှာ
ပြောသွားပါတယ်။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ သွေးထွက်သံယို ပဋိပက္ခတွေအတွင်း AZG အဖွဲ့က ဘင်္ဂါလီ မူဆလင် ၀န်ထမ်းတချို့ဟာ အယ်လ်ကိုင်းဒါးလို
နိုင်ငံတကာ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ ဆက်နွယ် ပတ်သက်မှုရှိခဲ့ တယ်လို့  ကောလဟလတွေ ကျယ်ကျယ်ပြန့်ပြန့် ပေါ်ပေါက်ခဲ့ပါတယ်။ ဒီကောလဟလတွေနဲ့ ပတ်သက်လို့  ငြင်းဆိုကြောင်း Ms. Vickie Hawkins က ပြောပါတယ်။
"အဲဒိကာလက ရခိုင်ပြည်နယ်မှာ ကျမတို့ ၀န်ထမ်းတွေအဖမ်းခံရမှုနဲ့
ပတ်သက်လို့ အခြေအမြစ်မရှိတဲ့ ကောလဟလတွေ အကြီးအကျယ်ပေါ် ထွက်ခဲ့တဲ့အတွက် AZG  အဖွဲ့အပေါ် ဂယက်ရိုက်ခတ်မှုတွေ ရှိခဲ့ပါတယ်။ AZG အဖွဲ့ရဲ့  လုပ်ငန်းဆောင်ရွက်ချက်တွေဟာ ဥပဒေနဲ့ ဆန့်ကျင်နေတယ်ဆိုတဲ့  စွပ်စွဲပြောဆိုချက်တွေ၊ အခြေအမြစ်မရှိတဲ့ ကောလဟလတွေနဲ့ပတ်သက်လို့ လုံးဝ  ပယ်ချလိုပါတယ်၊ ကောလဟလတွေမှာ ဖော်ပြတဲ့ AZG ရဲ့နေရာတွေ
ကိုလည်း အာဏာပိုင်တွေ ရှာဖွေခဲ့ပြီးပါပြီ၊ စိုးရိမ်သံသယဖြစ်စရာ ဘာမှ
မတွေ့ရှိခဲ့ပါဘူး၊ AZG ဟာ ကျန်းမာရေးကူညီမှုအဖွဲ့အစည်း သက်သက်ဖြစ်ပြီး၊  မြန်မာနိုင်ငံရဲ့ တည်ဆဲဥပဒေတွေကိုလည်း အတိအကျ လိုက်နာနေပါတယ်" 
-လို့ ပြောသွားတာပါ။
AZG နယ်စည်းမထား ဆရာဝန်များအဖွဲ့ဟာ လွန်ခဲ့တဲ့ ၁၈ နှစ်ကစလို့
  မြန်မာနိုင်ငံတ၀ှမ်းမှာ HIV/
ဆောင်ရွက်နေ ပါတယ်။ 
 မကြာခင်က ရခိုင်ပြည်နယ်မှာဖြစ်ပွားခဲ့တဲ့
နိုင်ငံတကာ အစိုးရမဟုတ်တဲ့ INGO  ၀န်ထမ်း ၁၀ ဦး ဖမ်းဆီးထိန်းသိမ်း
ခံထားရတယ်လို့လည်း သိရပါတယ်။

No comments:
Post a Comment