Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Sunday 8 July 2012

သံတွဲ GTI ပြန်ဖွင့်ပြီ

YPI

ဇူလိုင် ၈၊ ၂၀၁၂၊ YPI

ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှုများကြောင့် ပိတ်ထားသည့် အဆင့်မြင့်ပညာကျောင်းများအနက် သံတွဲ G.T.I အစိုးရ စက်မှုလက်မှုသိပ္ပံ  အား ဇူလိုင် ၅ ရက်နေ့တွင် ပြန်လည်ဖွင့်လှစ်လိုက်ပြီဖြစ်သည်။

လွန်ခဲ့သည့်နှစ်ပတ်ခန့်ကစ၍ ပိတ်ထားခဲ့သည့် သံတွဲG.T.I ကျောင်းအား ဇူလိုင် ၃ ရက်အထိ ပိတ်ထားမည်ဟု ကြေငြာခဲ့ပြီးနောက် ဇူလိုင် ၅ ရက်တွင်ပြန်လည်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်။

“ ကျောင်းပြန်ဖွင့်ပေမယ့် ကျောင်းသားတွေ မရောက်ကြဘူး၊ ကျွန်တော်တို့အတန်းမှာတော့ ဆယ်ယောက်လောက် ရောက်တယ်” ဟု မြို့ပြပထမနှစ် ကျောင်းသားတစ်ဦးက ပြောသည်။

သံတွဲ G.T.I တွင် သံတွဲ၊ တောင်ကုတ်၊ ဂွ၊ ရမ်းဗြဲ၊ မာန်အောင်၊ ကျောက်ဖြူ မြို့များမှ ကျောင်းသား ၃၈၀ ကျော် တက်ရောက်လျှက်ရှိရာ ယင်းအနက် ကျောင်းသား ၂၀၀ ကျော်မှာ  သံတွဲမြို့မှ ဖြစ်ကြသည်။

အခြား ရခိုင်ပြည်နယ်တွင်းရှိ အဆင့်မြင့်ပညာကျောင်းများမှာ ကျောက်ဖြူပညာရေး ကောလိပ်၊ စစ်တွေ တက္ကသိုလ်၊ စစ်တွေသူနာပြုတက္ကသိုလ် နှင့် စစ်တွေနည်းပညာတက္ကသိုလ် တို့ဖြစ်ပြီး ကျောက်ဖြူပညာရေး ကောလိပ်မှာ ပိတ်ခဲ့ခြင်းမရှိဟု ဒေသခံတစ်ဦးက ပြောသည်။

သို့ရာတွင် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ စသည့်မြို့များရှိ အခြေခံပညာကျောင်းအချို့ ယခုအချိန်ထိ ပိတ်ထားဆဲဖြစ်၍  စစ်တွေမြို့ပေါ်တွင်လည်း အ.ထ.က(၆) တစ်ကျောင်းတည်းသာ ဖွင့်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“အ.ထ.က (၆)က စစ်တပ်နားမှာရှိတယ်၊ အခြားကျောင်းတွေအားလုံးက အကန့်အသတ်မရှိ ပိတ်ထားပါတယ်”ဟု စစ်တွေမြိ့နယ်၊ ၀ါဘိုကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။

ဆူပူမှုများဖြစ်ခဲ့သည့် ဒေသများတွင် တာဝန်ထမ်းဆောင်နေသော စစ်တွေဒေသခံ ဆရာ၊ ဆရာမများမှာ စစ်တွေတွင် လက်ရှိဖွင့်ထားသည့် ကျောင်းများတွင် တွဲဖက်တာဝန် ထမ်းဆောင်နေကြကြောင်း ဒေသခံ ဆရာတစ်ဦး ကပြောသည်။

ဇွန်လ ၃ ရက်နေ့မှ စတင်သည့် ရခိုင်ပြည်နယ်မြို့နယ်အချို့တွင် မငြိမ်သက်မှုများကြောင့် မြို့ ၆ မြို့တွင် ညမထွက်ရ အမိန့်ထုတ်ပြန်ထားသကဲ့သို့ ရခိုင်ပြည်နယ်တစ်ခုလုံးကို အရေးပေါ်အခြေအနေ ကြေညာထားဆဲဖြစ်သည်။       ။

No comments:

Post a Comment

 
Blogger Widgets