EMG
AddThis Social Bookmark Button
ရခိုင်ပြည်နယ် ပြန်လည်ဖွံ့ဖြိုး တိုးတက်ရေး ရန်ပုံငွေပွဲမှ အလှူငွေ စုစုပေါင်းကျပ်သိန်းသုံးထောင် ၀န်းကျင်ခန့်ရရှိထားပြီး ယင်းငွေများ အနက်မှ ငွေကျပ်သိန်းကိုးရာကျော်ခန့်ကို လှူဒါန်းပြီးဖြစ်ကာ ကျန်အလှူငွေကျပ် သိန်းနှစ်ထောင့်သုံးရာခန့်ကို ရခိုင်ပြည်နယ်ရှိ လိုအပ်နေသည့်နေရာများနှင့် ပြန်လည်ထူထောင်ရေးများအတွက် ဆက်လက် ခွဲဝေလှူဒါန်းသွားရန် စီစဉ်ထားသည် ဟု သတင်းရရှိသည်။
“ရခိုင်ပြည်နယ်ရန်ပုံငွေပွဲ အတွက် ကပြခဲ့တာအလှူငွေကျပ် သိန်းသုံးထောင်ဝန်းကျင် ရရှိခဲ့ပါတယ်။ ကျန်ရှိနေတဲ့အလှူငွေကျပ် သိန်းနှစ်ထောင်ကျော်ထဲက ကျွန်တော်တို့အကြမ်းဖျင်း စီစဉ်ထားတာကတော့ ကျပ်သိန်းတစ်ထောင်ဖိုးကို ဆန်၊ဆီ၊ ဆားစသဖြင့် လိုအပ်တဲ့စားသောက်ဖွယ်ရာတွေကို လှူဒါန်းသွားမယ်။ ကျန်ငွေကျပ်သိန်းတစ်ထောင်ကျော် ကိုဘဏ်မှာအပ်ထားပြီး ပြန်လည် ထူထောင်ရေးတွေ လုပ်တဲ့အခါကျမှ လှူဒါန်းသွားဖို့ကို တရားဝင်စီစဉ်သွားပါမယ်။ အဲဒီလိုလှူဒါန်းခြင်းအားဖြင့်လည်း တစ်နိုင်ငံလုံးက ၀ိုင်းဝန်း လှူဒါန်းကြတာလေးက မှတ်မှတ်ထင်ထင် ဖြစ်သွားတာပေါ့လေ”ဟု မြန်မာနိုင်ငံရုပ်ရှင် အစည်းအရုံး ဥက္ကဋ္ဌ ဦးဇင်ဝိုင်းက ရှင်းပြခဲ့သည်။
ရခိုင်ပြည်နယ် ပြန်လည်ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေအတွက် ဇွန်လ ၂၉ ရက်နေ့နှင့် ၃၀ ရက်နေ့များ တွင် ရန်ကုန်မြို့အမျိုးသားကဇာတ်ရုံ၌ ညီညွတ်ခြင်းနှင်းဆီဖျော်ဖြေပွဲကို ကပြဖျော်ဖြေခဲ့ခြင်းဖြစ်ပြီး အလှူငွေ စုစုပေါင်း ကျပ်သိန်းသုံးထောင်ဝန်းကျင် ရရှိခဲ့ခြင်းဖြစ်သည်။
Sunday, 8 July 2012
ရခိုင်ပြည်နယ်ပြန်လည် ဖွံ့ဖြိုးတိုးတက်ရေး ရန်ပုံငွေပွဲမှ အလှူငွေကျပ် သိန်းသုံးထောင်ဝန်းကျင် ရရှိခဲ့
Labels:
သတင်း
Subscribe to:
Post Comments (Atom)
No comments:
Post a Comment