Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Thursday 5 July 2012

စစ်တွေမြို့မဈေး လုံခြုံရေးအတွက် ကဒ်စနစ်ကို အသုံးပြု

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ရှိသော မြို့မဈေးကြီး ကို ပြန်လည်ဖွင့်လှစ် ရာတွင် လုံခြုံရေး ကဒ်စနစ် ၃ မျိုးကို အသုံးပြုကာ ဖွင့်လှစ်လျက် ရှိကြောင်း သိရသည်။

မြို့မဈေးကြီးတွင် ဈေးရောင်းချမည့် ဆိုင်ပိုင်ရှင်များကို ဈေးရောင်းခွင့်ကဒ် အပြာရောင် ၊ ဈေးဝယ်သူများ အတွက်ဈေး ၀ယ်ခွင့်ကဒ် အ၀ါရောင်နှ င့် ဈေးအတွင်း လုပ်ကိုင်မည့် အလုပ်သမားများအတွက် အလုပ်သမားကဒ် ပန်းနုရောင် တို့ကို သက်ဆိုင်ရာ တာဝန်ရှိသူများက ထုတ်ပေး လျက်ရှိကြောင်း သိရသည်။

" ဒီနေ့တော့ နေ့လည် ၂နာရီအထိပဲဖွင့်မယ်လို့ သိရပါတယ် ဈေးဖွင့်လှစ် တာမှာ ထူးခြားမှုတစ်ချို့တွေ့ရပါတယ် အထူး သဖြင့် ဈေးအတွင်းကို ၀င်မယ် ဆိုရင် ကဒ်ပါမှ ၀င်ခွင့်ရသလို ရောင်းချသူတွေရော အလုပ်သမားတွေပါ ကဒ်တွေ ကို လည်းပင်းမှာ ချိတ်ဆွဲပြီးမှ ဈေးအတွင်းမှာ ၀ယ်ယူရောင်း ချခွင့် ပြုထားပါတယ် နောက်ပြီး ၀င်ပေါက် ငါးပေါက်ရှိ တဲ့အထဲမှာလည်း နှစ်ပေါက်ကိုသာ ဖွင့်ထားပြီးတော့ ၀င်ပေါက်တစ်ခု ၊ထွက်ပေါက် တစ်ခု လုပ်ပေးထားပါတယ် " ဟု စစ်တွေကုန်သည်ကြီးများ အသင်းမှ စီးပွားရေး လုပ်ငန်းရှင်ကြီးတစ်ဦီးကပြောသည်။

အဆိုပါဈေးကြီးကို ဇူလိုင် (၅) ရက် ယနေ့တွင် စတင်ဖွင့်လှစ်လိုက်ရာ ယင်းကဲ့သို့ ဖွင့်လှစ်ရာတွင် ဈေးအတွင်းသို့ မသမာသူများ ၀င်ရောက်မှု မရှိရန်နှင့် မသမာသူများ ကိုတွေ့ရှိလျင်လည်း ချက်ခြင်းခွဲခြားနိုင်ရန် အပါအ၀င် မီးဘေး အန္တရာယ်တို့ကို ကြိုတင်ကာကွယ်နိုင်ရန်အတွက် ယင်းကဒ်စနစ်များကို အသုံးပြုရခြင်းဖြစ်ကြောင်း သိရသည်။

"စည်ပင်သာယာရေးက တာဝန်ရှိသူတွေ ၊ လုံခြုံရေးရဲတွေနဲ့ ဈေးသူဈေးသား အယောက် သုံးဆယ်လောက်က ၀င်ပေါက် ထွက်ပေါက်တွေမှာ တာဝန်ယူပြီးတော့ ဒီကဒ်တွေကို ထုတ်ပေးနေသလို အဲဒီထုတ်ပေးတဲ့ ကဒ်တွေ ကို လည်းဈေးကနေပြန်ထွက်မယ်ဆိုရင် ကဒ်တွေ ကို ပြန်လည်သိမ်းဆည်းပြီး ဆောင်ရွက်နေကြပါတယ် ၊ အဲဒီလိုဆောင် ရွက်ရာမှာ လည်း မသင်္ကာတဲ့ လူတွေကိုတွေ့ရင် ချက်ခြင်း စစ်ဆေးလျက် ရှိပါတယ်" ဟု ယင်းက ဆက်လက်ပြောကြားသည်။

အဆိုပါကဒ်များကို မြို့မဈေးကြီးသို့ ၀င်ရောက်မည့်သူတိုင်း ယူဆောင်ရခြင်းဖြစ်ပြီး ကဒ်မပါသူများကို ၀င်ရောက်ခွင့် မပြုကြောင်း ဈေးဖွင့်ချိန်ကိုလည်း အခြေအနေပေါ်မူတည်၍ တိုးမြှင့်ဖွင့်လှစ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း သိရသည်။

Yangon Media Group
စောမြင့်သန်း(ပေါက်တော)

No comments:

Post a Comment

 
Blogger Widgets