Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Thursday 12 July 2012

စစ်တွေမြို့သို့ ရောက်ရှိခဲ့ကြသည့် ၈၈မျိုးဆက်ကျောင်းသားများ ဒုက္ခသည်စခန်းများသို့ သွားရောက်လှူဒါန်း

 (ဇူလိုင် ၁၁ ရက်)


စစ်တွေမြို့သို့ ရောက်ရှိခဲ့ကြသည့် ၈၈မျိုးဆက်ကျောင်းသားများ ဒုက္ခသည်စခန်းများသို့ သွားရောက်လှူဒါန်း (ဇူလိုင် ၁၁ ရက်)

ယမန်နေ့ ( ဇူလိုင်လ ၁၁ ရက် ) နံနက် ၉း၀၀ နာရီတွင် ၈၈မျိုးဆက်ကျောင်းသားများ ဖြစ်ကြသော မင်းကိုနိုင်၊ ကိုကိုကြီး၊ ဌေးကြွယ်၊ ဂျင်မီ၊ ဇော်ထက်ကိုကိုနှင့် မသက်သက်အောင်တို့သည် စစ်တွေမြို့သို့ ဆိုက်ရောက်လာကြပြီး ယမန်နေ့ ဇူလိုင်လ ၁၀ ရက်က ရောက်ရှိနေနှင့်သော အံ့ဘွယ်ကျော်၊ စမ်းချောင်းကိုကိုကြီး၊ မနီလာသိန်း၊ မမီးမီး တို့နှင့်အတူ စစ်တွေမြို့အတွင်း ဘေးဒုက္ခကြုံတွေ့ပြီး အိုးအိမ်မဲ့ ဖြစ်နေကြရသော ဒုက္ခသည်များကို သွားရောက်တွေ့ဆုံ အားပေးစကား ပြောကြားခဲ့ကြပြီး ကူညီထောက်ပံ့ငွေများ ပေးအပ်ခဲ့ကြသည်။

ယင်းနေ့ နံနက် ၁၀း၀၀ နာရီတွင် စစ်တွေမြို့ရှိ အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီးကို သွားရောက်ဖူးမြော်ခဲ့ကြပြီး ဂြစ်ဘက်ကျောင်းတိုက် ဒုက္ခသည်စခန်း၊ ကျားရုပ်ကျောင်းတိုက် ဒုက္ခသည်စခန်း၊ ရွာလယ်ဓမ္မာရုံ ရှိ ( မင်းဂံရပ်ကွက်၊ အကွက် ၈ မှ ၁၇ အထိ ) ဒုက္ခသည်စခန်း၊ ဓည၀တီရပ်ကွက် အမက (၂၄) ရှိ ဒုက္ခသည်စခန်း၊ စစ်ကဲတော်မင်းကျောင်းတိုက် ဒုက္ခသည်စခန်း နှင့် မြို့မ ပရိယတ္တိစာသင်တိုက် ဒုက္ခသည်စခန်း တို့ကို သွားရောက်ခဲ့ကြပြီး ခိုနားနေကြရသော ဒုက္ခသည်များအတွက် (စခန်း တစ်ခုလျှင်) ငွေကျပ် ၅ သိန်းစီ ထောက်ပံ့ လှူဒါန်း ပေးအပ်ခဲ့ကြသည်။
မွန်းလွဲ ၁း၃၀ နာရီတွင် မြို့မပရိယတ္တိစာသင်တိုက်၌ စစ်တွေမြို့ရှိ ဂိုဏ်းပေါင်းစုံ သာရေးနာရေးအဖွဲ့ ဆရာတော်ကြီးများ၏ မိန့်ကြားသော သြ၀ါဒစကားများကို နာယူခဲ့ကြပြီး မင်းကိုနိုင် နှင့် ကိုကိုကြီးတို့က ကျေးဇူးတင်စကားများ ပြောကြားခဲ့ကြသည်။
မွန်းလွဲ ၂း၃၀ နာရီတွင် ၀ံလက် ကျေးလက်ဒေသ ဖွံ့ဖြိုးရေး ဖောင်ဒေးရှင်း၌ စစ်တွေမြို့ခံ လူမှုအဖွဲ့အစည်း ၂၀ ခန့်နှင့် လက်ရှိ ကြုံတွေ့နေရသည့် အဖြစ်အပျက်များနှင့် ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးပွဲကို ညနေ ၅း၀၀ အထိ ပြုလုပ်ခဲ့ကြသည်။

No comments:

Post a Comment

 
Blogger Widgets