RFA-Burmese
2012-07-07
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းနဲ့ လွှတ်တော်ကိုယ်စားလှယ် (၃၀) ခန့်ဟာ မကြာခင်က အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဘက်ကို ဒီကနေ့ နေ့လည်ပိုင်းက သွားရောက်ခဲ့ပါတယ်။၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၉ ရက်နေ့က ရန်ကုန်မြို့တွင် ကျင်းပသော လွှတ်တော်ကော်မရှင် အခန်းအနားတရပ်တွင် ဦးရွှေမန်း စကားပြောနေစဉ်။
ဘူးသီးတောင်၊ မောင်တော ဒေသခံတွေကို အားပေးစကား ပြောကြားဖို့နဲ့ လှူဒါန်းဖို့ သွားရောက်တာ ဖြစ်တယ်လို့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ သတင်းထုတ်ပြန်ရေး တာဝန်ခံ ဦးဝင်းမြိုင်က ပြောပါ တယ်။
"လွှတ်တော်က လူမျိုးရေးရာကော်မတီဆိုလားမသိဘူး။ အဲဒီအဖွဲ့ကလည်းပါတယ်။ ဖြစ်ခဲ့တဲ့ နေရာတွေကို သွားမယ်လို့ သိရတယ်။ သွားကြည့်မယ်။ အားပေးစကားပြောမယ်။ လှူဖို့တန်းဖို့ ရှိရင်လည်း လှူမယ်ပေါ့။ အစကတော့ ညအိပ်မယ်ပြောတယ်။ အခြေအနေကတော့ မသိသေးဘူး။"
ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းဟာ ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခတွေ ဖြစ်ပေါ်ခဲ့ပြီး တဲ့နောက် ပထမဆုံးအကြိမ် အဖြစ် ရခိုင်ပြည်နယ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။

No comments:
Post a Comment