Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Sunday 15 July 2012

တောင်ကိုးရီးယား ယွန်ငွေ သိန်း ၂၄၀ အလှူရှင်များအား ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်

နိရဉ္ဇရာ

ခိုင်မောင်ဦး (မလေး)

ရခိုင် ဒုက္ခသည်များ အတွက် တောင်ကိုးရီယား ယွန်ငွေ သိန်းပေါင်း ၂၄၀ ထည့်ဝင် လှူဒါန်းခဲ့ကြသော မြန်မာ အလှူရှင်များအား  ဂုဏ်ပြု မှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနား တစ်ရပ်ကို တောင်ကိုးရီယား နိုင်ငံတွင် ဇူလိုင် ၁၅ ရက်နေ့က ကျင်းပ ပြုလုပ်ခဲ့ကြသည်။

(ကိုးရီးယားမှ ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲ အခမ်းအနား)
၎င်းအခမ်းအနားအား တစ်လပြည့် အထိမ်းအမှတ် ဆွမ်းကျွေး ရေစက်ချ အမျှပေးဝေပွဲတွင် ရခိုင်အသင်း (တောင်ကိုးရီးယား)မှ ဦးဆောင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။ အခမ်းအနားအား တောင်ကိုးရီးယားနိုင်ငံ ဘူချောင်းမြို့ရှိ မြန်မာ ဗုဒ္ဓဘာသာ သာသနာပြုကျောင်း တွင် ပြုလုပ်ခဲ့သည်။

“ ရခိုင်ဒေသမှာ ဘင်္ဂလီ ရိုဟင်ဂျာ ဆူပူ အကြမ်းဖက်သူတွေရဲ့ လက်ချက်နဲ့ သေဆုံးသွားခဲ့ကြတဲ့ ရခိုင်ပြည်သူတွေ အတွက် တစ်လပြည့် အထိမ်းအမှတ် ဆွမ်းကျွေး၊ ရေစက်ချ အမျှပေးဝေကို ဇူလိုင်လ ၁၅ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ အဲဒီ အခမ်းအနားမှာဘဲ ဒုက္ခရောက်ခဲ့ကြတဲ့ ရခိုင်ပြည် သူတွေကို တကယ့် မိသားစု စိတ်ဓါတ်နဲ့  ကူညီထောက်ပံ့ ပေးခဲ့ကြတဲ့ တောင်ကိုးရီးယားနိုင်ငံရောက် မြန်မာတိုင်းရင်းသားတွေကို ဂုဏ်ပြုခဲ့ပြီး ဂုဏ်ပြု မှတ်တမ်းလွှာတွေကိုလည်း အသီးသီး ပေးအပ်ခဲ့ကြပါတယ်” ဟု တောင်ကိုးရီးယားနိုင်ငံ ရခိုင်အသင်း ဥက္ကဌ ကိုမင်းဇော်က နိရဉ္စရာသို့ ပြောသည်။
ယခုကဲ့သို့ ဂုဏ်ပြု မှတ်တမ်းလွှာများ ပေးအပ်ရခြင်းမှာ ရခိုင်ပြည်သူများ ကိုယ်စား ရခိုင်အသင်း (တောင်ကိုးရီးယား)က ပြုလုပ်ခြင်း ဖြစ်ကြောင်း သူက ဆိုသည်။

အခမ်းအနား အစီအစဉ်နှင့် ပတ်သက်ပြီး ကိုမင်းဇော်က ယခုကဲ့သို့ ပြောသည်။

“ ကျွန်တော်တို့ မနက်ပိုင်းမှာ သံဃာတော် သုံးပါးတွေကို ရခိုင်မုန့်တီ ဆက်ကပ်ပါတယ်။ မနက် ၉ နာရီမှာ တရား နာ၊ ရေစက်ချ အမျှပေးဝေပြီး ဂုဏ်ပြုမှတ်တမ်းလွှာတွေ ပေးအပ်ပါတယ်။ ၁၁ နာရီမှာတော့ သံဃာတော် တွေနဲ့ တက်ရောက်လာတဲ့ တိုင်းရင်းသား ၁၀၀ ကျော်ကို ရခိုင် အစားအစာတွေနဲ့ ကျွေးမွေးပါတယ်။”

ရခိုင်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် ဆူပူမူတွင် ရခိုင် ဒုက္ခသည်များအတွက် ရခိုင်အသင်း (တောင်ကိုးရီးယား)မှ လွန်ခဲ့သော ဇွန်လ အတွင်းကလည်း  မြန်မာကျပ်ငွေ သိန်း ၅၀ လှူဒါန်းခဲ့ပြီး ယခု လှူဒါန်းမည့်  တောင်ကိုးရီးယား ယွန်ငွေ သိန်း ၂၄၀ မှာ ဒုတိယ အကြိမ် ဖြစ်သည်။

(ဇူလိုင်လ ၁၅ ရက်နေ့က မောင်တော အလိုတော်ပြည့်ကျောင်းတွင် ပြုလုပ်သော ရေစက်ချ အမျှပေးဝေမှု အခမ်းအနား)

ယခု အလှူငွေအား  ရခိုင်ဒေသတွင် အမှန်တကယ် အခက်အခဲ ဖြစ်နေသော ဒုက္ခသည်များလက်ထဲသို့ အရောက် တောင်ကိုးရီးယားနိုင်ငံမှ မြန်မာသို့ ပြန်သွားသူများမှတဆင့် ကိုယ်တိုင်ကိုယ်ကျ တိုက်ရိုက် သွားရောက် လှူဒါန်းမည် ဖြစ်သည်ဟု သူကပြောသည်။

အလားတူ ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် အကြမ်းဖက် ဆူပူမူ များကြောင့် သေ ဆုံးသွားခဲ့ကြသူများအား  ရည်စူးပြီး ရေစက်ချ အမျှအတမ်းပေးဝေမှု ကို မောင်တောမြို့ အောင်မြေဗောဓိသာသနာ့ရိပ်သာ အလိုတော်ပြည့် ကျောင်းတိုက်တွင်  ဇူလိုင်လ ၁၅ ရက်နေ့ နံနက် ၁၀ နာရီခွဲ အချိန်တွင် ကျင်းပ ပြုလုပ်ခဲ့သည်ဟု သိရသည်။

အဆိုပါ အခမ်းအနားတွင်  အကြမ်းဖက်သူများ လက်ချက်ကြောင့် သေဆုံးသွားခဲ့ရသူ  မိသားစု တစ်အိမ်ထောင်လျှင် ကျပ်ငွေ တစ်သိန်းနှင့်  မီး လောင်ရာတွင် ပါဝင်သွားသော မိသားစုများကို ကျပ်ငွေ သုံးသိန်းစီ လှူဒါန်းခဲ့သည်ဟု သိရသည်။

အကြမ်းဖက် မီးရှို့မှုများကြောင့် ဒေသခံ ရခိုင်ပြည်သူများမှာ မိမိ အိုးအိမ်ကို စွန့်ခွါပြီး ဒုက္ခသည်အဖြစ် ဘုန်းကြီးကျောင်းများတွင် ယခုအချိန်ထိ ခိုလှုံနေကြရာ မောင်တောမြို့ပေါ်ရှိ ဗဟို ကျောင်းတိုက်တွင် လူဦးရေ(၄၃၀)ဦး၊ အိမ်ထောင်စု(၉၅)အိမ်၊ ကျား(၂၀၇)ယောက် မ(၂၁၉) ယောက်ရှိသည်။

ရခိုင်ပြည်နယ် စစ်တွေမြို့ပေါ်ရှိ ရခိုင်ဒုက္ခသည် စခန်းပေါင်း (၆၃)နေရာ ဌာနဖွင့်လှစ် ပေးထားရာ စာရင်း မှတ်တမ်းများ အရ ရခိုင် အမျိုးသား အိမ်ထောင်စု ၂၄၀၉ ခုတွင် အမျိုးသား ၅၀၄၅ ဦး၊ အမျိုးသမီး ၆၄၄၀ ဦး စုစုပေါင်း ၁၁၄၈၅ ဦးရှိကြောင်း သိရသည်။

No comments:

Post a Comment

 
Blogger Widgets