Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Monday 9 July 2012

အနုပညာရှင်တွေရဲ့ ရခိုင်ခရီးစဉ်မှာ ရခိုင်စကားပြန်တစ်ယောက်ဖြစ်ခဲ့တဲ့ နေတိုး

ပေါ်ပျူလာမြန်မာ

ရခိုင်ပြည်နယ်ပြန်လည်ထူထောင်ရေး အတွက် ဇွန်၂၉၊၃ဝရက်တွေမှာ ရန်ပုံငွေက ပြဖျော်ဖြေခဲ့တဲ့ နေတိုးက ဇူလိုင် ၁ရက်နေ့က ရခိုင်ပြည်နယ်ကိုကိုယ် တိုင်သွားရောက် လှူဒါန်းခဲ့ပါတယ်။ ရခိုင်ပြည်နယ်ရောက်အမှတ်တရအဖြစ် ရခိုင်ဘာသာပြန်တစ်ယောက်ဖြစ်ခဲ့တယ်လို့ဆိုတဲ့နေတိုးက”ကျွန်တော်တို့က မြန်အောင်ကဆိုတော့ စစ်တွေနဲ့ ဘာသာစကားအသုံးအနှုန်းတွေ မတူကြဘူး။ စစ်တွေကို ကျွန်တော်ငယ်ငယ်က တစ်ခေါက်ရောက်ဖူးတယ်။ အခုမှ နောက်တစ်ခေါက်ရောက်ဖြစ်တာ။ ဘာသာစကားတွေ က မတူပေမယ့်နားလည်နေတယ်။ ကျောင်းမှာက ဒီစကားတွေကိုသိအောင် သင်ထားပေးတော့ ဖတ်တတ်တယ်။ နားလည်တယ်။ မှတ်မှတ်ရရက ကျွန်တော်နဲ့ မင်းသွေး က ရခိုင်သွားတော့ကားမတူဘူး။ ကားပေါ်မှာက ကျွန်တော်က သူတို့ပြောတာတွေကနားလည်တယ်။ ကျန်တဲ့သူတွေက တစ်ယောက်မှ နားမလည်တော့ ကျွန်တော် လိုက်ပြီးရှင်းပြခဲ့ရတယ်။ ရခိုင်လိုပဲ ပြောကြတော့ နားမလည်ကြဘူး။ မြန်မာလိုပြော တော့လည်း ရခိုင်ကစကား တအားဝဲတယ်လေ။ အမှတ်တရ ရခိုင်စကားပြန်ဖြစ်ခဲ့တဲ့ ခရီးစဉ်ပေါ့”လို့ ပြောပြပါတယ်။နေတိုးက ရန်ပုံငွေပွဲနေ့မှာလည်း ရခိုင်အမျိုးသားဝတ်စုံနဲ့ကစ္ဆပနဒီသီချင်းကို သီဆိုဖျော်ဖြေခဲ့ ပါတယ်။

နေတိုးက ဇူလိုင်၂ရက်နေ့မှာတော့ ‘နှင်းဆီ’အဖွဲ့နဲ့အတူ ဥရောပနိုင်ငံကို ဖျော်ဖြေရေးအဖြစ် ထွက်ခွာသွားပြီဖြစ်ပြီး တစ်လနီးပါး ကြာမယ်လို့ သိရပါတယ်။ ဥရောပ နိုင် ငံဖျော်ဖြေရေးကလည်း ရန်ပုံငွေပွဲဖြစ်တယ်လို့ ဆိုတာကြောင့်..”ကျွန်တော်တို့အငြိမ့်ကတဲ့သက်တမ်း တစ်လျှောက်လုံးက အလှူပွဲတွေပါပဲ။ ပထမဆုံးစခဲ့တဲ့ ‘နှင်းဆီသခင်’ ကစပြီး ပရိသတ်ရဲ့ အားပေးမှုနဲ့ရှင်သန်နေတာ၊ အခုသွားမှာက လန်ဒန်မှာရှိတဲ့’ဘုန်းတော်ကြီးကျောင်း’ကို အသစ်ပြန်လည်တည်ဆောက်ဖို့ အတွက်ပါ။ နှင်းဆီအဖွဲ့ ရဲ့’ခရီးသွားနှင်းဆီ’ ဒီဗီဒီရိုက်မယ်။ ကြော်ငြာတွေရိုက်ခဲ့မယ်။ နောက်ပြီး ဘောလုံးကွင်းတွေကိုသွားတာကို နောက်ကနေ ရိုက်ပြီး တီဗီ Program တစ်ခု လုပ်ဖို့ ကိုကြံ့နဲ့ လုပ်ထားတယ်”လို့ ပြောပြခဲ့ပါ တယ်။

မေမွန်မောင်၊ 
ဓာတ်ပုံ-ထွဋ်မြတ်

No comments:

Post a Comment

 
Blogger Widgets