Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Wednesday 11 July 2012

ရခိုင်တွင် ညမထွက်ရအမိန့် မနာခံသူ ၃၀ ကျော် အဖမ်းခံရ

ဧရာဝတီ


စစ်တွေမြို့တွင် လုံခြုံရေးတပ်သားများကို အရေးပေါ် အခြေအနေ ကြေညာသည့် ဇွန် ၁၀ ရက်နေ့က တွေ့ရစဉ် (ဓာတ်ပုံ – Reuters)

ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် ပုဒ်မ ၁၄၄ ည မထွက်ရအမိန့် ထုတ်ပြန်ထားသည့် စစ်တွေမြို့၌ လူ ၃၀ ကျော် အဖမ်းခံရပြီး ၁၀ ဦး ခန့်မှာ ထောင်ဒဏ်များ ချမှတ်ခံရကြောင်း ဒေသခံများက ပြောသည်။

ညမထွက်ရ အမိန့် ထုတ်ပြန်ပြီးနောက် ညနေ ၆ နာရီနောက်ပိုင်း အပြင်ထွက်သူများကို ဇွန်လ လယ်မှ စတင်၍ ဖမ်းဆီးနေရာ ယခု ရက်ပိုင်း အထိ ဖမ်းဆီးခံထားရသူ ၃၁ ဦးကို ဇူလိုင်လ ၈ ရက်နေ့က စစ်တွေ တရားရုံး၌ ရုံးထုတ် စစ်ဆေးခဲ့ကြောင်း၊ ၎င်း တို့ အနက် ၁၀ ဦးခန့်ကို ထောင်ဒဏ် ၆ လ စီ ချမှတ်လိုက်သည်ဟု သိရကြောင်း ရခိုင်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော် ကလည်း ပြောပြသည်။

“တချို့ကတော့ အမှတ်မထင် အဖမ်းခံလိုက်ရတာပါ၊ တချို့ကလည်း ဥပဒေ မလိုက်နာတဲ့အတွက် အဖမ်းခံရတာတွေရှိ ပါ တယ်၊ ပုဒ်မ ၁၄၄ နဲ့ အဖမ်းခံရသူတွေကို အာမခံ ပေးလို့မရပါဘူး၊ ညဘက် အဖမ်းခံရပြီး မိုးလင်းတာနဲ့ ထောင်ချုပ်ကို တန်းပို့ လိုက်တယ်”ဟု ၎င်း က ဆိုသည်။

ညမထွက်ရအမိန့် မလိုက်နာသူများကို ဖမ်းဆီးနေသော်လည်း စစ်တွေမြို့၌ တည်ငြိမ်မှုတချို့ရှိလာနေပြီ ဖြစ်ကြောင်း၊ ကျောင်း နှင့်ဈေး တချို့ပြန်လည် ဖွင့်လှစ်နေပြီ ဖြစ်ကြောင်းလည်း ဦးအောင်မြကျော် က ဆက်ပြောသည်။

စစ်တွေ မြို့ခံများကမူ ညမထွက်ရ အမိန့် ထုတ်ထားခြင်းမရှိပါကလည်း လုံခြုံရေး စိတ်ချရသည့် အခြေအနေ မရှိသေးကြောင်း ပြောဆိုကြသည်။

လုံခြုံရေးတာဝန်ယူထားသည့် စစ်တပ်နှင့်ရဲတပ်ဖွဲ့ဝင်များ အနေဖြင့် ဥပဒေမလိုက်နာသူများကိုသာ ဖမ်းဆီးနေခြင်း ဖြစ်ကြောင်း၊ ၎င်း တို့ အား ဥပဒေကြောင်း အရ သက်ဆိုင်ရာအဖွဲ့များက ဆောင်ရွက်နေကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်း ထားသည့် ပြန်ကြားရေးအဖွဲ့ တာဝန်ခံ ဦးဝင်းမြိုင် က ပြောသည်။

“ပုဒ်မ ၁၄၄ နဲ့ ဖမ်းတာနဲ့ ထောင်ဒဏ် ၆ လ ဆိုတာ ဥပဒေထဲမှာပါပြီးသားလေ၊ ဒါပေမယ့် ဖမ်းဆီထားသူ အများစုကို ပြန်လွှတ် ပေးလိုက်ပါပြီ”ဟု ၎င်းက ဆိုသည်။

ယခုဖမ်းဆီးခံရသူအများစု သည် သာမန်အရပ်သားများ ဖြစ်ပြီး အနီးဝန်းကျင်ရှိ ဈေးဆိုင် အစရှိသည်တို့ကို သွားရောက်ရာမှ ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း သိရသည်။

ရခိုင်ဒေသတွင်း ဖြစ်ပေါ်ခဲ့သော ပဋိပက္ခများ၊ အကြမ်းဖက်မှုများကြောင့် စစ်တွေ၊ ဘူးသီးတောင်၊ မောင်တော၊ ကျောက်ဖြူ၊ ရမ်းဗြဲ၊ သံတွဲ စသည့် မြို့နယ်များကို ဇွန်လ ၈ ရက်မှ စ၍ ညမထွက်ရ အမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ ဇွန်လ ၁၀ ရက်နေ့တွင် သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ်ကို အရေးပေါ် အခြေအနေ ကြေညာခဲ့သည်။

မောင်တောမြို့၌ ဇွန်လ ၈ ရက်နေ့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက် စစ်တွေ၊ ရသေ့တောင်၊ ဘူးသီးတောင်
စသည့် ဒေသများ၌ ပဋိပက္ခများ ဆက်တိုက် ဖြစ်ပေါ်ခဲ့သည်။ မောင်တော အကြမ်းဖက်မှုကြောင့် ကျေးရွာ ၂၀ ၀န်းကျင် မီး လောင်ကျွမ်းခဲ့ပြီး ဒေသခံ တိုင်းရင်းသား တချို့သေဆုံးခြင်း၊ ဒဏ်ရာ ရခြင်း စသည်တို့ ဖြစ်ပေါ်ခဲ့သည်။

ရခိုင်ပြည်နယ် ပဋိပက္ခ တလ ပြည့်မြောက်သည့် ဇူလိုင် ၈ ရက်နေ့တွင် စစ်တွေမြို့အပါအ၀င် ရခိုင်ဒေသ တ၀န်းလုံး၌ သေဆုံး ခဲ့ ရသူများအတွက် ၀မ်းနည်းခြင်းနှင့် ငြိမ်းချမ်းရေး အထိမ်းအမှတ်အဖြစ် သာသနာ့ အလံများ လွှင့်တင်၍ ဂုဏ်ပြုခဲ့ ကြကြောင်း ရခိုင်ဒေသခံများ က ပြောသည်။

No comments:

Post a Comment

 
Blogger Widgets