မြစ်မခ
စစ်တွေရှိ ရခိုင်လူထုက နိုင်ငံတော်အလံကို (၉)ရက်ဆက်  လွှင့်ထူမည်
  မိုးဝေ ရခိုင်ပြည်နယ် (မြစ်မခ)  ရခိုင်ပြည်နယ်၏  မြို့တော်စစ်တွေ၌မော်တော်ယာဉ်များနှင့်အိမ်ခြံဝင်းများအတွင်း၌  နိုင်ငံတော်အလံများကိုဇူလိုင်လ(၂၂)ရက်နေ့မှ စတင်ကာ နေရာအနှံ့အပြား  တပ်ဆင်လာကြောင်း သိရှိရသည်။
   “ကျနော်တို့သိတာကတော့သမ္မတကြီးကို  ထောက်ခံတဲ့အနေနဲ့ နိုင်ငံတော်အလံကိုလွှင့်ထူတာ ဖြစ်တယ်လို့ ကြားမိတယ်။  တစ်ချို့လက်ကမ်းစာစောင်တွေမှာလည်းဖတ်ရတယ်။ ရခိုင်အရေးကိစ္စမှာ သမ္မတကဘင်္ဂလီ  တွေနဲ့ပတ်သက်ပြီးပြတ်ပြတ်သားသား   ပြောလိုက်တဲ့အတွက် ရခိုင်လူထုတွေက  နိုင်ငံတော်အလံတွေကိုချိတ်ဆွဲတာ ဖြစ်တယ်’’ဟုစစ်တွေဒေသခံတစ်ဦးက  အလံလွှင့်ထူရခြင်းနှင့်ပတ်သက်၍ရှင်းပြသည်။
  မြန်မာနိုင်ငံတော်အလံများကို အိမ်ခြံဝင်းများတွင်သာမက ကား၊ဆိုင်ကယ်နှင့်စက်ဘီး၊ ဆိုက်က္ကားများတွင်လည်း ချိတ်ဆွဲထားခြင်းဖြစ်သည်။
  “ဒီနေ့မှစပြီး  အလံတွေချိတ်ကြတာပါ၊ တစ်ချို့အိမ်တွေမှာဆိုရင်အလံကြီးကြီးတွေ ချိတ်ထားတယ်၊  ဆိုက္ကားတွေမှာဆိုတော့ စက္ကူနဲ့လုပ်ထားတဲ့အလံတွေပါ။  အမျိုးအစားလိုက်ပေါ့’’ဟု ၄င်းက ဆက်ပြောသည်။
  ယခုလ  (၁၂)ရက်နေ့က နိုင်ငံတော်သမတ ဦးသိန်းစိန်နှင့်ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ  မဟာမင်းကြီး(Mr. Antonio Guterres )တို့နေုပြည်တော်၌ တွေ့ဆုံစဉ်  ရခိုင်အရေးကိစ္စကို ပြောဆိုခဲ့ကြရာ နိုင်ငံတော်သမ္မတကြီး က  သမိုင်းကြောင်းအရာတွင်  ဘင်္ဂလီ များသည် ရိုဟင်ဂျာအမည်ခံ၍ခိုးဝင်လာသူများသာ  ဖြစ်ကြောင်း၊   နိုင်ငံတည်ငြိမ်အေးချမ်းမှုကိုပါခြိမ်းခြောက်လာကြောင်း  ပြောကြား ခဲ့သဖြင့် ရခိုင်လူထုက ၄င်း၏အဆိုပါပြောကြား ချက်အား  ထောက်ခံသည့်အနေဖြင့် မြန်မာနိုင်ငံတော်အလံကို (၉)ရက်အထိ လွှင့်ထူမည်ဟု  ဒေသခံများ၏ ပြော ဆိုမှုအရ သိရှိရသည်။
  ပြည်နယ်တွင်းအကြမ်းဖက်မှု  တစ်လပြည့်မြောက်သည့်နေ့ကလည်း ရခိုင်ပြည်နယ်တွင်ဗုဒ္ဓဘာသာသာသနာ့ အလံများ  လွှင့်ထူခဲ့သလိုဘဏ်နှင့်လူမှုရေးအဖွဲ့အစည်းရုံးများတွင်လည်း ထိုနေ့က  သာသနာ့အလံများ လွှင့်ထူခဲ့ကြောင်း သိရသည်။
 
       
 

 
 
No comments:
Post a Comment