Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Wednesday 11 July 2012

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဥပဒေနှင့်အညီ အရေးယူသင့်ဟု ကော်မရှင်က တိုက်တွန်း


ချင်းမိုင်(မဇ္စျိမ)

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုနှင့် ပတ်သက်၍ ဥပဒေနှင့်အညီ မှန်ကန် ထိရောက်စွာ အရေးယူ ဆောင်ရွက်သင့်ကြောင်း မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေး ကော်မရှင်က  ဗုဒ္ဓဟူးနေ့မှာ ထုတ်ပြန်လိုက်သည်။

မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေး ကော်မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်နှင့် ကော်မရှင်အဖွဲ့ဝင် နှစ်ဦးတို့သည် ပြီးခဲ့သည့် ဇွန် ၂၇ ရက်နေ့မှ ဇူလိုင်လ ၁ ရက်နေ့အထိ ငါးရက်ကြာ ရခိုင်ပြည်နယ် စစ်တွေ၊ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များသို့ သွားရောက်၍ တာဝန်ရှိသူများ၊ ဘာသာရေးခေါင်းဆောင်များ၊ ဒုက္ခသည်များနှင့် တွေ့ဆုံ၍ လေ့လာခဲ့ခြင်း ဖြစ်သည်။

“အခြေအနေ ပုံမှန်ပြန်ဖြစ်ရေးအတွက် ဥပဒေစိုးမိုးရေးအား တိုးတက်တည်ဆောက်ပြီး ဖြစ်ပွားခဲ့သော အကြမ်းဖက် ကျူးလွန်မှုများအပေါ် ဥပဒေနှင့်အညီ မှန်ကန်ထိရောက်စွာ အရေးယူဆောင်ရွက်သင့်ကြောင်း”ဟု ယနေ့ထုတ် နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

ထို့ပြင် အပြန်အလှန်ယုံကြည်မှု တည်ဆောက်ရေး၊ အသိပညာဗဟုသုတ ကြွယ်ဝရေးတို့အတွက် ၎င်းနယ်မြေရှိ ကလေးငယ်များ၏ အခြေခံ ပညာတတ်မြောက်မှုနှုန်း မြင့်မားရေး အထူးအစီအစဉ်တရပ် အမြန် ဆောင်ရွက်ပေး သင့်သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

အကြမ်းဖက်မှုများကြောင်း  ရခိုင်ပြည်နယ်တွင် စစ်တွေမြို့ အခြေခံ ကျောင်းများ ဖွင့်လှစ်သော်လည်း  ကျောင်းသားများ လာရောက်မှု နည်းပါးပြီး တချို့ကျောင်းများသည် လာမည့် ဇူလိုင်လ ၁၆ ရက်နေ့မှ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

အကြမ်းဖက်ခံရသူများ၏ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုနှင့် အပြန်အလှန် ယုံကြည်မှု တည်ဆောက်ရေးကို လည်း ဆောက်ရွက်သင့်ကြောင်းနှင့် ဒုက္ခသည်များအတွက် အခြေခံ လိုအပ်ချက်များ ရှိနေဆဲဖြစ်သဖြင့် ယခုထက် တိုးမြှင့် ကူညီပေးနိုင်ကြပါရန် တိုက်တွန်းထားသည်။

မောင်တော၊ စစ်တွေ၊ ရသေ့တောင်မြို့နယ်များတွင် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်လာရသော ဒုက္ခသည်စခန်းပေါင်း (၇၂) ခု ရှိပြီး ဘူးသီးတောင်နှင့် ပုဏ္ဏားကျွန်းမြို့နယ်များမှ ရခိုင်တိုင်းရင်းသား ဒုက္ခသည်များကို ၎င်းတို့၏ နေအိမ်သို့ ပြန်လည် ပို့ဆောင်လိုက်ပြီ ဖြစ်ကြောင်း ဖော်ပြထားသည်။

ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့မှ ဇွန်လ ၂၄ ရက်နေ့အထိ အပြန်အလှန် တိုက်ခိုက်မှုပေါင်း ၉၇ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ့အသက်ပေါင်း ၇၈ ဦးထက်မနည်း သေဆုံးခဲ့သည်ဟု အစိုးရက သတင်းထုတ်ပြန်ထားသည်။

No comments:

Post a Comment

 
Blogger Widgets