Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Thursday 12 July 2012

ခိုးဝင်လာသည့် ရိုဟင်ဂျာများ လုံးဝလက်မခံဟု သမ္မတ ဦးသိန်းစိန်ပြောကြား

The Voice Weekly

ခိုးဝင်လာသည့် ရိုဟင်ဂျာများ လုံးဝလက်မခံဟု သမ္မတ ဦးသိန်းစိန်ပြောကြား

ရန်ကုန်၊ ဇူလိုင် ၁၂

ရိုဟင်ဂျာများ ရေလမ်းမှ တစ်ဆင့် တရားမ၀င် ၀င်ရောက်နေဆဲ မြန်မာနိုင်ငံတွင်းသို့ တိုင်းရင်းသား မဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတဦးသိန်းစိန်က နေပြည်တော်တွင် ရောက်ရှိနေသော ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး Mr. Antonio Guterres ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ဇူလိုင်လ ၁၁ ရက်နေ့က လက်ခံတွေ့ဆုံစဉ် ပြောကြားသည်။

သမိုင်းကြောင်းအရ ဘင်္ဂါလီများ ဝင်ရောက်လာသည်မှာ (၁၉၄၈) ခုနှစ်၊ လွတ်လပ်ရေးမရခင် အင်္ဂလိပ်နယ်ချဲ့များက လယ်ယာ လုပ်ကိုင်ရန် ခေါ်သွင်းလာခြင်းဖြစ်ကြောင်း၊ ထိုစဉ်က အလုပ်အကိုင် ကောင်းမွန်သဖြင့် မပြန်တော့ဘဲ အခြေချ နေထိုင်သူများလည်း ရှိကြောင်း၊ မိမိတို့ ဥပဒေအရ (၁၉၄၈) ခုနှစ် မတိုင်မီ မြန်မာနိုင်ငံသို့ ရောက်ရှိသူ မိဘနှစ်ပါးက မွေးဖွားသူ တတိယမျိုးဆက် (Third Generation) မြေးအဆင့်ကိုသာ နိုင်ငံသားအဖြစ် လက်ခံမည်ဟူသော ဥပဒေရှိကြောင်း သမ္မတဦးသိန်းစိန်က ပြောကြားကြောင်း သမ္မတရုံး၏ တရားဝင် ထုတ်ပြန်ချက်အရ သိရသည်။

ရခိုင်ပြည်နယ်ကို လေ့လာကြည့်လျှင် (၁၉၄၈) ခုနှစ် မတိုင်မီ ဘင်္ဂါလီများက ပေါက်ဖွားလာသူများ၊ နောက်ပိုင်းတွင် ရိုဟင်ဂျာ အမည်ခံ၍ ခိုးဝင်လာသူများ စသည်ဖြင့် ရှုပ်ထွေးလျက်ရှိကြောင်း၊ နိုင်ငံ တည်ငြိမ်အေးချမ်းမှုကိုပါ ခြိမ်းခြောက်လာကြောင်း၊ ဤကိစ္စကို ကိုင်တွယ်ရန် အလေးအနက်ထား စဉ်းစားလျက်ရှိပါကြောင်း၊ မိမိတိုင်းရင်းသား များကို တာဝန်ယူမည် ဖြစ်ကြောင်း၊ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှ မဖြစ်နိုင်ကြောင်း၊ နောက်ဆုံး ဖြေရှင်းသည့် နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည် စခန်းအဖြစ် ထားရှိရန် ဖြစ်ကြောင်း၊ UNHCR က ကျွေးမွေး စောင့်ရှောက်ပေးရန် ဖြစ်ကြောင်း၊ တတိယနိုင်ငံက လက်ခံမည်ဆိုလျှင် ပို့ပေးမည်ဖြစ်ကြောင်း သမ္မတဦးသိန်းစိန်းက ပြောကြားသည်။

ထိုသို့ တွေ့ဆုံရာတွင် ကချင်ပြည်နယ်ရှိ စစ်ဘေးသင့်ပြည်သူများ အရေးကိစ္စ၊ ကရင်ပြည်နယ်ရှိ ရွှေ့ပြောင်းပြည်သူများ မိမိဆန္ဒအလျောက် ပြန်လာရေး ကိစ္စနှင့် ရခိုင်ပြည်နယ် အရေးကိစ္စတို့ကို ဆွေးနွေးခဲ့ကြသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီလူမျိုး ၁၀ သိန်းခန့်ရှိကြောင်း ပြည်ထဲရေး ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီးဦးခင်ရီက ဇူလိုင်လ ၁ ရက်နေ့တွင် ပြောကြားသည်။ ရခိုင်ပြည်နယ် မောင်တောမြို့နယ် ဗိုလ်မှူးရွာတွင် ဇွန်လ ၈ ရက်နေ့က ဘင်္ဂါလီလူမျိုးများ ရခိုင် တိုင်းရင်းသားပိုင် တည်းခိုခန်းတစ်ခုကို စတင် မီးရှို့ရာ မှတစ်ဆင့် ရခိုင်ပြည်နယ်ရှိ မြို့နယ်အသီးသီးတွင် ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့ပြီး ယခုလက်ရှိ အချိန်အထိ ယင်းဒေသတွင် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ထားကာ ဒေသတွင်း တည်ငြိမ်အေးချမ်းမှု မရှိသေးကြောင်း ဒေသခံများထံမှ သိရသည်။

No comments:

Post a Comment

 
Blogger Widgets