Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Friday 20 July 2012

ဆရာတော် ၀ီရသူနှင့် ရခိုင်ကုသိုလ်ခရီးစဉ်

မိုးမခ

အရှင်ဝီရသူ (မစိုးရိမ်)
ဇူလိုင် ၂၀၊ ၂၀၁၂

• ဆရာတော်ဝီရသူ၏ ရခိုင်ကူညီရေးခရီးစဉ်
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (အရှင်ဝီရသူ – မစိုးရိမ်) သည် ၁၃.၇.၂၀၁၂-ရက်နေ့တွင် စစ်တွေမြို့မှ မောင်တောမြို့သို့ ဒုက္ခသည်စခန်းများကိုကူညီရန် ရောက်ရှိခဲ့ကြသည်။ ဆရာတော်နှင့် ကူညီထောက်ပံ့ရေးအဖွဲ့သည် မောင်း တောမြို့ အလိုတော်ပြည့်ကျောင်းတိုက်တွင် တည်းခိုခဲ့ကြပြီး ဆရာတော်အဖွဲ့နှင့်အတူ စစ်ကိုင်းမြို့ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့လည်း လိုက်ပါလာခဲ့ရာ ဇူလိုင် ၁၄ ရက်နေ့တွင် မောင်တောမြို့ အထက (၁) ဒုက္ခသည်စခန်းသို့ရောက်ရှိခဲ့ပြီး ဒုက္ခသည်စခန်းရှိ အိမ်ထောင်စု ၆၁-စုကို တစ်စုလျှင် တစ်သောင်းကျပ်စီထောက်ပံ့ခဲ့ကြသည့်အပြင် ထမင်းချက်ဒန်အိုးကြီး ရှစ်လုံးအတွက် လိုအပ်သည့်ငွေကြေးများ လှူဒါန်း ခဲ့ကြသည်။ မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ကလည်း အဆိုပါအိမ်ထောင်စု ၆၁ စုကို တစ်စုလျှင် ငါးထောင်ကျပ်နှင့် စောင် ၆၁ ထည်၊ ခြင် ထောင် ၆၁ လုံးတို့ကိုပါ လှူဒါန်းခဲ့ကြကြောင်း သိရသည်။

ထို့နောက် နေ့လည်ပိုင်းတွင် အဆိုပါကူညီရေးအဖွဲ့သည် မောင်တောမြို့တွင် မူစလင်ကုလားများ၏ အကြမ်းဖက်ခံခဲ့ရသော သဇင်ဟိုတယ်၊ Eleven Journal သတင်းထောက်အိမ်အပြင် အကြမ်းဖက်မီးရှို့ခံခဲ့ရသော မောင်;တောမြို့နယ် ဗိုလ်မှူးရွာအတွင်းရှိ ဒေါက်တာခင်မောင် လတ်၏နေအိမ်နှင့် အခြားမီးရှို့ခံခဲ့ရသော နေအိမ်များကိုလည်း လေ့လာကြည့်ရှုခဲ့ကြသည်။

နေ့လည်ပိုင်းအချိန်တွင် မောင်တောမြို့နယ်တောင်ပိုင်း သရေကုန်ဘောင်ရွာသစ် မောရဝတီရွာအတွင်းရှိ မီးရှို့ဖျက်ဆီးခံခဲ့ရသော နေအိမ် များ၊ ဘုန်းကြီးကျောင်းများကို လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ ထို့အပြင် မောင်တောမြို့နယ် လယ်သံကျော်ရွာ အမှတ် (၇) နယ်မြေ နစက စခန်းအတွင်းရှိ ဒုက္ခသည်စခန်းတွင် ဆရာတော်ဦးဝီရသူနှင့်အဖွဲ့က အိမ်ထောင်စု (၁၁၄) စုကို တစ်စုလျှင် တစ်သောင်းကျပ်၊ ကိုယ်ဝန်ဆောင် (၁၁) ဦးအတွက် တစ်ဦးလျှင် တစ်သောင်းကျပ်၊ နို့တိုက်မိခင်သုံးဦးအတွက် တစ်ဦးလျှင် တစ်သောင်းကျပ်၊ မျက်မမြင်တစ်ဦးအတွက် တစ် သောင်းကျပ်အပြင် မူစလင်ကုလားများ၏ အကြမ်းဖက်ခံမှုမှ ကံကောင်းထောက်မစွာ လွတ်မြောက်လာသည့် အသက် (၉၂) နှစ်အရွယ် အဘွားအိုကိုလည်း ငွေကျပ်တစ်သောင်း ထောက်ပံ့လှူဒါန်းခဲ့သည်။

မေတ္တာရှင်ဖောင်ဒေးရှင်းအဖွဲ့ကလည်း အိမ်ထောင်စု (၁၁၄) စုကို တစ်စုလျှင် ငါးထောင်ကျပ်နှင့် အဝတ်အထည် ၂၂ ထုပ်၊ စောင် (၁၁၄)ထည်တို့ကို လှူဒါန်းခဲ့ကြသည်။

ဆရာတော်နှင့် ကူညီရေးလိုက်ပါလာသော ဦးဝင်းမောင် + မနန်းခင်မာလာ မိုးကုတ် ကျောက်မျက်ရတနာ ရွှေဆိုင်မှလည်း ကိုယ်ဝန်သည် (၁၁) ဦးအတွက် တစ်ဦးလျှင် တစ်သောင်းကျပ်နှင့် နို့တိုက်မိခင်သုံးဦးအတွက် တစ်ဦးလျှင် တစ်သောင်းကျပ်စီ လှူဒါန်းခဲ့ကြကြောင်း သိရ ပါသည်။

၁၄.၇.၂၀၁၂ ရက်နေ့ ဆရာတော်အရှင်ဝီရသူ လှူဒါန်းငွေ
၁။ အထက (၁) ၆၁ စု  ၆၁၀၀၀၀
၂။ ထမင်းချက်ဒန်အိုးကြီး ၈ လုံး  ၁၂၀၀၀၀
၃။ အလယ်သံကျော် ၁၁၄ စု  ၁,၁၄၀၀၀၀
၎။ ကိုယ်ဝန်ဆောင် ၁၁ ဦး  ၁၁၀၀၀၀
၅။ နို့တိုက်မိခင် ၃ ဦး  ၃၀၀၀၀
၆။ မျက်မမြင် ၁ ဦး  ၁၀၀၀၀
၇။ (၉၂) အဖွားအို ၁ ဦး  ၁၀၀၀၀
ပေါင်း  ၂၀၃၀၀၀၀ ကျပ်။

• ဦးဝီရသူ ရခိုင်အာဇာနည် (၁၀) ဦး မိသားစုအား ထောက်ပံ့လှူဒါန်း
ရခိုင်ပြည်နယ်သို့ ရောက်ရှိနေသော အရှင်ဝီရသူသည် ၁၇-၇-၂၀၁၂ ရက်နေ့တွင် မောင်တောမြို့မှ ရသေ့တောင်မြို့နယ်၊ ဂူတောင်ကျေးရွာသို့ ကြွရောက်ခဲ့ပါသည်။

ဂူတောင်ကျေးရွာ မြောက်ကျောင်းဆရာတော်က မိတ်ဆက်စကားပြောကြားပြီး၊ အရှင်ဝီရသူက အားပေးစကား သြ၀ါဒစကားများ ပြောကြား ကာ ၁၉-၆-၂၀၁၂ရက်နေ့မှာ အနောက်ပြင်ကုလားရွာမှ ဂျီဟတ်ဝါဒီ ဘင်္ဂါလီကုလားများ၏ ကျူးကျော်တိုက်ခိုက်မှုကို ခုခံကာကွယ်ရင်း ကျ ဆုံးသွားခဲ့သော ရခိုင်အာဇာနည် (၁၀) ဦးတို့၏မိသားစုများနှင့် အပြင်းအထန်ဒဏ်ရာရသူတို့အား ငွေးကြေးများထောက်ပံ့ပေးခဲ့ကြောင်း သိရပါသည်။

ရခိုင်အာဇာနည် ၁၀ ဦးတို့၏မိသားစုများနှင့် ဒဏ်ရာရသူနှစ်ဦးတို့အား အရှင်ဝီရသူက တစ်သိန်းစီ စုစုပေါင်း (၁၂) သိန်းချီးမြှင့်ကာ စစ်ကိုင်း မြို့၊ သဒ္ဓမ္မပါလကျောင်း ဦးကောဝိဒနှင့် မေတ္တာရှင်ဖောင်းဒေးရှင်းအဖွဲ့မှ တစ်သောင်းကျပ်စီ စုစုပေါင်း ၁၂၀၀၀၀ ကျပ်၊ ဆွမ်းဒါယိကာမကြီး ဒေါ်ကြင်ကြင်မြိုင် (မန္တလေး) က ငွေကျပ်တစ်သောင်းစီ စုစုပေါင်း ၁၂၀၀၀၀ ကျပ် လှူဒါန်းခဲ့ကြောင်း သိရပါသည်။

ဆက်လက်ပြီး အရှင်ဝီရသူနှင့်အဖွဲ့သည် ဂူတောင်ကျေးရွာတွင်ပြုလုပ်ဆဲဖြစ်သော ရခိုင်အာဇာနည်တို့၏ အာဇာနည်ဗိမာန်ကို ကြွရောက် ကြည့်ရှု့ကာ ကျန်ရစ်သူမိသားစုများ တိုက်ပွဲဝင်တွင်ပါဝင် ဆင်နွှဲခဲ့ကြသူများ၊ ရွာသူရွာသားများနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရပါသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် အနီးရှိဂူတောင်စံပြကျေးရွာအတွင်းနေထိုင်သော ရွာသူရွာသားများအတွက် မွတ်ဆလင်အကြမ်း ဖက် သမားများနှင့်တိုက်ခိုက်ကာ သေဆုံးသွားကြသော ရခိုင်တိုင်းရင်းသား (၉) ဦးကို ရခိုင်သူရဲကောင်းအာဇာနည်များအဖြစ် သတ်မှတ်ကာ နှစ်စဉ်နှစ်တိုင်း ဂူတောင်ရွာတစ်ရွာလုံးက အောက်မေ့သတိရငြိမ်သတ်ခြင်း အခမ်းအနားပြုလုပ်သွားမည်ဖြစ်ကြောင်း ဂူတောင်စံပြကျေးရွာ ဒေသခံတစ်ဦး က ပြောပြသည်။

ရခိုင်ပည်နယ်အတွင်းနေထိုင်ကြသော ရခိုင်လူမျိုးအားလုံးကိုလည်း ယင်းကဲသို့ အောက်မေ့သတိရ အခမ်းအနား လာရောက်ပြုလုပ်ရန် တိုက်တွန်းပြောဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါအခမ်းအနားတွင် ငြိမ်သက်စွာအလေးပြုခြင်းများ ပြုလုပ်မည့်အပြင် သေဆုံးသွား သူများအတွက် ဆုတောင်းခြင်းများကိုလည်း ပြုလုပ်သွားမည် ဖြစ်သည်ဟု သိရသည်။

အခါကြီးရက်ကြီးများတွင်လည်း ဆီမီးများထွန်းညှိခြင်း ကောင်းမှုကုသိုလ်များလုပ်ပေးခြင်းများ ပြုလုပ်မည်အပြင် အဆိုပါ (၉) ဦး၏ အုတ်ဂူ များကို ကြွေပြားများခင်းခြင်း၊ ကဗ္ဗည်းထိုးခြင်းများကိုလည်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ယခုအခါ ဂူတောင်ကျေးရွာတွင် မွတ် ဆလင်အကြမ်းဖက်သမားများနှင့်တိုက်ခိုက်ခဲ့သော ရခိုင်တိုင်းရင်းသား (၉) ဦးအလောင်းကို အုတ်ဂူသွင်းထားပြီး ရခိုင်ပြည်နယ် ဦးဂါကျေးရွာ တွင်လည်း ယင်းကဲ့သို့ မွတ်ဆလင်အကြမ်းဖက်သမားများနှင့် တိုက်ခိုက်ရင်းသေဆုံးခဲ့သူတစ်ဦးရှိသောကြောင့် အဆိုပါပုဂ္ဂိုလ်၏ အုတ်ဂူကိုပါ ဂူတောင်ကျေးရွာတွင်ရှိသော ရခိုင်သူရဲကောင်း အုတ်ဂူ (၉) ခုနှင့် ပူးတွဲထားရှိမည်ဟု သိရသည်။

ဇွန် (၁၉) ရက် ဂူတောင်ကျေးရွာတွင် မွတ်ဆလင်အကြမ်းဖက်သမားများ၏အန္တရာယ်ကို ကျေးရွာနေသူများအတွက် ကာကွယ်ရင်း ယင်းရ ခိုင်တိုင်းရင်းသား (၉) ဦးမှာ သေဆုံးခဲ့ခြင်းဖြစ်ပြီး မွတ်ဆလင်အကြမ်းဖက်သမားများထဲမှနှစ်ဦးလည်း သေဆုံးခဲ့ကြောင်း သိရသည်။ ဂူ တောင်ကျေးရွာနေ ရခိုင်တိုင်းရင်းသားများအနေဖြင့် ဂူတောင်ကျေးရွာအတွင်းရှိသော မွတ်ဆလင်ကုလားများ၏နေအိမ်များကို ဖယ်ရှားပေး ရန် နိုင်ငံတော်သမ္မတထံ အကြောင်းကြားစာ ပေးပို့မည်ဖြစ်ကြောင်း သိရသည်။

၁၈.၇.၂၀၁၂ ရက်နေ့တွင် စစ်တွေမြို့ RNDP ရုံးသို့ရောက်ရှိကာ စစ်တွေမြို့မှကျဆုံးသူ ရခိုင်အာဇာနည် (၈) ဦးတို့၏မိသားစုများအား ငွေကျပ်တစ်သိန်းစီ အကြမ်းဖက်ကုလားများအကြားတွင် ပိတ်မိနေသော ဟိန္ဒူမိသားစု (၁၈) စုအား ငွေကျပ်တစ်သောင်းစီ ဒုက္ခသည်စခန်းမှ ဟိန္ဒူမိသားစု (၁၆) စုအား ငွေကျပ်တစ်သောင်းစီ စုစုပေါင်း (၁၁၄၀၀၀၀) ကျပ်လှူဒါန်းကာ စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ကြောင်း သင်္ဃန်းကျွန်းမြို့နယ် (၁၆) ရပ်ကွက် ငါးကျမ်းပြန် ထားဝယ်သာသနာ့ရိပ်သာ၌ ခေတ္တတည်းခိုကာ ရခိုင်ပြည်နယ် အတွေ့အကြုံရှင်းလင်းပွဲ တစ်ရပ်ပြုလုပ်ခဲ့ကြောင်း သိရပါသည်။

အရှင်ဝီရသူနှင့်အဖွဲ့သည် သံဃာထု လူထုတို့လှူဒါန်းသော ငွေကျပ် (၂၀၈၈၇၀၀၀) ကျပ်တိတိတို့ကို ရခိုင်ပြည်သူများအား ကိုယ်တိုင်ကိုယ် ကျလှူဒါန်းနိုင်ခဲ့ကြောင်းနှင့် ဗြဟ္မစိုရ်ဆရာတော်ကြီး ဘဒ္ဒန္တတိက္ခမှတဆင့် လှူဒါန်းခဲ့သည့်ငွေမှာ (၁၅၅၀၀၀၀၀) ရှိကြောင်း ပစ္စည်းအဝတ် အထည်များမှာ ကုန်တင်ကား (၂) စီးစာ လိုက်ထရပ်ကား (၂) စီးစာ ဟိုင်းလတ်ကား (၄) စီးစာရှိကြောင်း သိရပါသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ် မူစဲကျွန်း ၁၉.၆.၂၀၁၂-အင်္ဂါနေ့ ကုလားရခိုင်ပဋိပက္ခဖြစ်ပွားရာတွင် ရခိုင်လူမျိုးများအတွက် အသက်ပေး ခုခံကာကွယ်ခဲ့ကြသော အာဇာနည် (၁၀) ဦး စာရင်း …

အမည်   အဘအမည်  အသက်  နေရပ်
၁။ ဦးသောင်းရွှေထွန်း  ဦးဦးဘရှိန်  ၅၂  ဂူတောင်ကျေးရွာ
၂။ ဦးဖြူချေ  ဦးထွန်းစိန်ဦး  ၃၂  ။
၃။ ဦးတင်လှိုင်  ဦးစိန်ထွန်းသာ  ၃၂  ။
၎။ ဦးဦးသိန်းဟန်  ဦးအောင်မြထွန်း  ၄၈  ဦးဂါကျေးရွာ
၅။ ဦးကျော်မင်းထွန်း  ဦးမောင်ဘစိုး  ၄၀  လောင်းချောင်းကျေးရွာ
၆။ ဦးစောသန်း  ဦးသာထွန်းမောင်  ၅၀  ဂူတောင်ကျေးရွာ
၇။ ဦးသန္တာအောင်  ဦးဖိုးမြစိန်  ၅၄  ။
၈။ မောင်ထွန်းဇော်မြင့်  ဦးသန္တာအောင်  ၁၈  ။
၉။ ဦးသန်းရွှေ  ဦးဦးထွန်းခိုင်  ၅၀  ။
၁၀။ ဦးထွန်းပေါ်  ဦးဘဒေါင်း  ၄၄  ။

• အရှင်ဝီရသူ၏ မောင်တောရှိ ဒုက္ခသည်စခန်းများအတွက် အလှူငွေနှင့် လိုအပ်သည်များကိုထောက်ပံ့
မန္တလေးမြို့၊ မစိုးရိမ်တိုက်သစ်၊ ဓမ္မသဟာယကျောင်းနာယက ဘဒ္ဒန္တဝိစိတ္တာဘိဝံသ (ဝီရသူ-မစိုးရိမ်) နှင့်အဖွဲ့သည် စစ်ကိုင်းမေတ္တာရှင် ဖောင်ဒေးရှင်း ဆရာတော်ဦးကောဝိဒ အဖွဲ့နှင့်အတူ ဇူလိုင် (၁၅) ရက်နေ့တွင် အလိုတော်ပြည့်ကျောင်းဒုက္ခသည်စခန်း၌ ဆန်အိတ် (၃၀) နှင့် ဆီ (၅) ပုံးအတွက် ခြောက်သိန်းကိုးသောင်းငါးထောင်ကျပ်နှင့် မောင်တောမြို့နယ်အတွင်းရှိ မီးလောင်ပျက်ဆီးသွားသော ဘုန်းကြီး ကျောင်း (၄) ကျောင်းအတွက် တကျောင်းလျှင် တစ်သိန်းစီနှင့် သေဆုံးသူ၏ ကျန်ရစ်သူမိသားစု (၁၂) စုနှင့် ပျံလွန်တော်မူသွားသော သံ ဃာတော်တစ်ပါးအတွက် တစ်သိန်းစီကိုလှူဒါန်းခဲ့ပြီး ဆရာတော်အရှင်ဝီရသူကြီးမှူး၍ သံဃာတော် (၁၀) ပါးက မောင်တောမြို့၊ အလိုတော် ပြည့်ကျောင်း၌ မူဆလင်ကုလားများလက်ချက်ဖြင့် မောင်တောမြို့နယ်ကျေးရွာများတွင် သေဆုံးသွားခဲ့ကြသူတို့အတွက်ရည်စူး၍ ကျန်ရစ် သူမိသားစုများနှင့်အတူ အမျှအတမ်းပေးဝေခဲ့ကြကြောင်း သိရသည်။





ထို့နောက် ညနေပိုင်းတွင် ၄ မိုင်ဒုက္ခသည် စခန်းသို့ရောက်ရှိပြီး၊ အိမ်ထောင် (၂၆၉) စုကို တစ်စုလျှင် တစ်သောင်းစီပေးအပ်ခဲ့သည့်အပြင် နို့တိုက်မိခင် (၈၂) ဦးအတွက် တစ်ဦးလျှင် တစ်သောင်းစီပေးအပ်လှူဒါန်းခဲ့သည်။

ထို့နောက် ဗဟိုကျောင်းရှိ ဒုက္ခသည်စခန်းသို့ သွားရောက်ကာ အိမ်ထောင်စု(၂၆) စုအတွက် တစ်စုလျှင် တစ်သောင်းစီပေးအပ်ခဲ့ပြီး မိသား စုသုံးစုအိမ် (၃) လုံး မီးရှို့ဖျက်ဆီးခံခဲ့ရသော ဦးလှရွှေ+ဒေါ်သန္တာအေး မိသားစုတို့အား တစ်သိန်းထောက်ပံ့ခဲ့သည်။ အဆိုပါမိသားစုကို မေတ္တာရှင်ဖောင်ဒေးရှင်းကလည်း တစ်သောင်းလှူဒါန်းခဲ့သည့်အပြင် ဆရာတော်၏အကိုဖြစ်သူ ဦးဝင်းမောင် + ဒေါ်နန်းခင်မာလာတို့ကလည်း တစ်သိန်းလှူဒါန်းခဲ့ကြောင်း သိရပါသည်။

ယင်းမှတစ်ဆင့် မောင်တောမြို့၊ ပရဟိတသာသနာပြု ဒုက္ခသည်စခန်းသို့ ရောက်ရှိကာ အိမ်ထောင်စု (၄၀) ကို တစ်စုလျှင် တစ်သောင်းကျပ်စီ လှူဒါန်ခဲ့ပြီး ဆရာတော် အရှင်ဝီရသူက ဆေးထိုးမှားသော ကလေးငယ်တစ်ဦးအတွက် လိုအပ်နေသောချိုင်းထောက်နှင့် ဆေးဖိုးဝါးခများကို ဦးမောင်မောင်နှင့် ဦးဝင်းမောင် + ဒေါ်နန်းခင်မာလာတို့နှင့်အတူ စုပေါင်းငွေ လေးသောင်းကျပ် လှူဒါန်းခဲ့ကြောင်းသိရပါသည်။

No comments:

Post a Comment

 
Blogger Widgets