Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Monday 2 July 2012

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီလူမျိုးဦးရေ ၁၀သိန်း ၀န်းကျင်ရှိ

ရခိုင်ပြည်နယ်မှာ ဘင်္ဂါလီလူမျိုးဦးရေ ၁၀သိန်း ၀န်းကျင်ရှိတယ်လို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ဇူလိုင်လ ၁ ရက်နေ့ မနေ့က ပြောကြားလိုက် ပါတယ်။

နေပြည်တော် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမမှာ ကျင်းပတဲ့ သတင်းထောက်တွေနဲ့တွေ့ဆုံပွဲမှာ အခုလို ပြောကြားလိုက်တာဖြစ်ပြီး ဒီအထဲက မှတ်ပုံတင်ကတ် ၅ မျိုးထဲက နောက်ဆုံးတမျိုးဖြစ်တဲ့ white card ထုတ်ပေးထားသည့် ဦးရေ မှာ ၅ သိန်း သာ ရှိတယ်လို့ လည်း သူကပြောပါတယ်။

မြန်မာတိုင်းရင်းသား စစ်စစ် မျိုးနွယ်စုများ အချင်းချင်းမှ ဆင်းသက်လာသူ
များကိုသာ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးတယ်လို့လည်း သိရပါတယ်။

ဒီသတင်းစာ ရှင်းလင်းပွဲမှာပဲ ရန်ကုန်မြို့မှာ အခုလအတွင်း ငြိမ်းချမ်းရေး
စင်တာ Peace Center အား ဖွင့်လှစ်သွားမယ့်အကြောင်း ၊ ထာဝရ
ငြိမ်းချမ်းရေး ဖော်ဆောင်ရာမှာ အစိုးရ၊ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနဲ့  နိုင်ငံတကာမှ အလှူရှင်တွေ၊ INGO တွေအကြား ပေါင်းကူးပေး
ရန် ဖွင့်လှစ်တာဖြစ်တယ်လို့လည်း ငြိမ်းချမ်းရေးဖော်ဆောင်အဖွဲ့အကြီးကဲ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက
ပြောကြားခဲ့ပါတယ်။

No comments:

Post a Comment

 
Blogger Widgets