ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဦးရေ ၁၀သိန်း ၀န်းကျင်ရှိနေ 
ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီဦးရေ ၁၀သိန်း ၀န်းကျင်ရှိကြောင်း  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ၀န်ကြီးဌာန ပြည်ထောင်စုဝန်ကြီး  ဦးခင်ရီက ဇူလိုင်လ ၁ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာန  အစည်းအဝေးခန်းမတွင် ကျင်းပသည့် တွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။ အဆိုပါ  ဘင်္ဂါလီ ၁၀ သိန်းတွင် white card ထုတ်ပေးထားသည့် ဦးရေ မှာ ၅ သိန်း သာ  ရှိကြောင်း လည်း သိရသည်။
ဘင်္ဂါလီဦးရေ  ၁၀ သိန်းဟု ဆိုသော်လည်း ရခိုင်လူမျိုး ဦးရေမှာ ပိုမိုများပြားသည်ဟုလည်း  ပြည်ထောင်စုဝန်ကြီး ဦးခင်ရီမှ ထည့်သွင်းပြောကြားခဲ့ပါသည်။  မြန်မာနိုင်ငံတွင် နိုင်ငံသားစိစစ်ရေးကတ် ၊ 
ဧည့်၊ ပြု၊ FRC ၊ white card ဟူ၍ ကတ် ၅ မျိုး ထုတ်ပေးလျက်ရှိကြောင်း သိရသည်။ 
မြန်မာတိုင်းရင်းသား စစ်စစ် မျိုးနွယ်စုများ အချင်းချင်းမှ  ဆင်းသက်လာသူများကိုသာ နိုင်ငံသားစိစစ်ရေးကတ် ထုတ်ပေးခြင်း ဖြစ်ကြောင်း  သိရသည်။

No comments:
Post a Comment