Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Monday 16 July 2012

ဦးဝီရသူ ရခိုင်ဒုက္ခသည်တွေကို သွားရောက်ကူညီ

သစ်ထူးလွင်



ဦးဝီရသူ (မစိုးရိမ်) မန္တလေးရခိုင်ဒေသ ဒုက္ခသည်များအား အလှူငွေ နှင့် လှူဖွယ်
ပစ္စည်းများ ပေးအပ် လှူဒါန်း၍ အားပေးစကားများ သွားရောက် ပြောကြားခဲ့ပါသည်။

(၁၅၊၇၊၂၀၁၂) ယနေ့နံနက်(၉း၃၀)နာရီအချိန်တွင် မောင်းတောရှိ အလိုတော်ပြည့်ကျောင်း၌
 June 8 ရက်နေ့က တပြိုင်တည်း သေးဆုံးခဲ့သော (ဦးပညာသာရ) ရဟန်းတစ်ပါး အပါအ၀င်
လူ(၁၃)ဦး၊ စုစုပေါင်း(၁၄)ဦးအတွက် ဆွမ်းသွပ်အမျှဝေပေးခဲ့သော အခမ်းအနားကျင်းပခဲ့သည်။

ထိုအခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးမှူး နှင့် တာဝန်ရှိသူများ၊ ကျဆုံးသွားသောသူတို့ရဲ့
မိသားစုဝင်များ၊ ဒုက္ခသည်များ၊ ရွာ(၇)ရွာမှမီးရှို့ဖျက်ဆီးခံရသောကျောင်း(၇)ကျောင်းမှ
ကျောင်းထိုင် ဆရာတော်(၇)ပါးနှင့် ဖိတ်ကြားထားသူတို့ တက်ရောက်ခဲ့ကြသည်။

တက်ရောက်ခဲ့သူတို့ထဲမှ ကျဆုံးသူတို့ရဲ့ မိသားဝင်တစ်ဦးစီ၊ ကျောင်းထိုင် ဆရာတော်
(၇)ပါးတို့အားအလှူငွေကျပ်(၁)သိန်းစီ စုစုပေါင်းအလှူငွေ(၂၁)သိန်းကို ဆရာတော်
 ဦးဝီရသူ မှ စွန့်ကြဲ လှူဒါန်းခဲ့သည်။

ဆက်လက်၍ နေ့ခင်းပိုင်းတွင် ၄ မိုင် ရဲတပ်ရင်း(၂)ရှိ ဒုက္ခသည် စခန်းသို့ သွားရောက်၍ ဒုက္ခသည်
အိမ်ထောင်စု (၂၆၉)စု လူဦးရေ တစ်ထောင်ကျော် ၊ နို့တိုက်မိခင် (၈၂)ဦး၊ ကိုယ်ဝန်ဆောင်
 မိခင်(၃)ဦး၊တို့ကို တစ်ဦးကို ကျပ်တစ်သောင်းစီ ဆရာတော် ဦးဝီရသူ မှ စွန့်ကြဲ လှူဒါန်းခဲ့
Myanmar News Now မှ သိရသည်။

အပြန်တွင် ဝေသာလီရွာကို ၀င်ရောက်ကြည့်ရှု့ ခဲ့သည်။ ထိုမှတဆင့် ဗဟိုကျောင်း ဒုက္ခသည်
 စခန်းသို့ဝင်ရောက်ကာ ဒုက္ခသည် အိမ်ထောင်စု (၂၆)စု အတွက် အလှူငွေကျပ် (၁)သောင်းစီ ၊
 (၇၉)အိမ် အတွက် ဆန်အိပ်(၅၀)၊ ကို ဆရာတော် ဦးဝီရသူ မှ စွန့်ကြဲ လှူဒါန်းခဲ့သည်။

ထိုနောက်ဆက်လက်၍  အလိုတော်ပြည့် ပရဟိတကျောင်းရှိ ဒုက္ခသည် (၄၀)ဦး၊ ကိုယ်ဝန်
 ဆောင်(၅)ဦး၊ ဂိလာန တစ်ဦး၊ ဒုက္ခိတ တစ်ဦး၊ စုစုပေါင်း(၄၇)ဦးတို့အား တစ်ဦးကို
အလှူငွေကျပ် တစ်သောင်းစီ ကို ဆရာတော် ဦးဝီရသူ မှ အသီးသီး စွန့်ကြဲ လှူဒါန်းခဲ့သည်။

မနက်ဖြန်(၁၆၊၇၊၂၀၁၂)နေ့တွင် ဘင်္ဂဒေ့ရှ် နယ်စပ်သို့ ဆက်လက်သွားရောက်မည် ဖြစ်ကြောင်း
Myanmar News Now မှသတင်းရရှိသည်။

No comments:

Post a Comment

 
Blogger Widgets