အာရကန်တိုင်းမ်စ်
ရိုဟင်ဂျာအမည်ခံ  ဘင်္ဂလီမူဆလင်နှင့် ရခိုင်အဓိကရုဏ်းသည် မနက်ဖြန် ဇူလှိုင်လ ၈ ရက်နေ့တွင်  တစ်လပြည့်သည့်အတွက်ကြောင့် ရခိုင်ပြည်နယ် တစ်ခုလုံးမှာနေထိုင်သော  ရခိုင်တိုင်းရင်းသားများက မိမိတို့နေထိုင်တဲ့ အိမ်တိုင်းအိမ်တိုင်းမှာ  မနက်မိုးလင်းတာနဲ့ သာသနာ့အလံထောင်ပြီး ဆုတောင်းသွားမည်ကို သတင်းရရှိသည်။
  
| Written by ရွှေဘန်း(စစ်တွေ) | 
|  | 
တစ်လပြည့်အထိမ်းအမှတ်အနေနဲ့  သာသနာ့အလံထောင်ပြီး ဆုတောင်းရသောရည်ရွယ်ချက်ကို  စစ်တွေမြို့ဒေသခံလူငယ်တစ်ဦးက “ ကျနော်တို့  ရခိုင်တိုင်းရင်းသားများဆုတောင်းရတဲ့ ရည်ရွယ်ချက်က လွန်ခဲ့တဲ့ ဇွန်လ ၈  ရက်နေ့က ဖြစ်ပွားခဲ့တဲ့ အဓိကရုဏ်းကြောင့် သေဆုံးသွားတဲ့  ရခိုင်တိုင်းရင်းသားတွေ ကောင်းရာသုကတိ ရောက်ပါစေကြောင်း  ဆုတောင်းမှာဖြစ်ပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ်တစ်ခုလုံး  ငြိမ်းချမ်းစေချင်တဲ့ရည်ရွယ်ချက်နဲ့ ဆိုင်ကယ်နှင့် ကားများပေါ်မှာ  သာသနာ့အလံထောင်ပြီး ဆုတာင်းသွားမှာဖြစ်ပါတယ်။ ” ဟု ၄င်း လူငယ်က ဆိုသည်။
ယခု  ဆုတောင်းပွဲကို ရခိုင်ပြည်အတွင်းမှာနေထိုင်သော  ရခိုင်တိုင်းရင်းသားများသာမက မြန်မာတစ်နိုင်ငံလုံးမှာနေထိုင်သော  ရခိုင်တိုင်းရင်းသားများအားလုံးနှင့် အခြားပြည်ပရောက်  ရခိုင်တိုင်းရင်းသများက မိမိတို့နေထိုင်တဲ့  အိမ်တိုင်းအိမ်တိုင်းနှင့်ယာဉ်များမှာ သာသနာ့အလံထောင်ပြီး ဆုတောင်း  လုပ်ပေးကြပါလို့ စစ်တွေမြို့ဒေသခံများက တိုက်တွန်းတောင်းဆိုလိုက်သည်။ 
ဇွန်လ  ၈ ရက်နေ့က စတင်ဖြစ်ပွားခဲ့သော ပြဿနာများကြောင့် ရခိုင်ပြည်သူလူထုမှာ  သေဆုံးမှုနှင့် အမြောက်အမြားက ဒဏ်ရာရ၍ အိုးအိမ်ပစ္စည်းများဆုံးရှုံးသွားသည်ကို  သိရှိရပြီး ပြဿနာဖြစ်ပွားခဲ့သော ဒေသများမှာ အခုထက်ထိ  စာသင်းကျောင်းများတစ်ချို့မဖွင့်ဘဲရှိနေတဲ့အပြင် ကျန်းမာရေးလည်း  အားနည်းနေသည်ကို သိရှိရသည်။ 
 

 
 
No comments:
Post a Comment