Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Friday 22 June 2012

စာနာကူညီရေး ပြဿနာတွေ ပိုမိုကြီးထွားလာနိုင်ကြောင်း မြန်မာကို UN သတိပေး

RFA




မြန်မာနိုင်ငံမှာ လူမျိုးရေးပဋိပက္ခနဲ့ အဓိကရုဏ်းတွေ ဆက်လက်ဖြစ်ပွားနေ တာကြောင့် လူသားချင်း စာနာရေးဆိုင်ရာ ပြဿနာတွေ နဲ့ ပိုပြီး ရင်ဆိုင်ရဖွယ်ရှိကြောင်း ကုလသမဂ္ဂ ဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး UNHCR က မနေ့က သတိပေး ပြောကြားလိုက်ပါတယ်။

UNHCR ၀န်ထမ်းတွေဟာ စစ်တွေမြို့က ဒုက္ခသည်စခန်းတွေကို သွားရောက် ခဲ့ပြီး နှစ်ဘက်စလုံးက အိုးအိမ်စွန့် ထွက်ပြေးလာရသူတွေနဲ့တွေ့ဆုံခဲ့ကြောင်း၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေနဲ့ အမျိုးသား အမျိုးသမီး အားလုံး ဟာ
မြေကြီးပေါ်မှာအိပ်နေကြရပြီး မိုးကာဖျင်စ၊ စောင်နဲ့ ခြင်ထောင်တွေ အထူးလိုအပ်နေတယ် လို့ ဆိုပါတယ်။

ရေနဲ့ မိလ္လာသိမ်းစနစ် အလွန်ညံ့ဖျင်းတဲ့အတွက် ကူးစက်ရောဂါတွေဖြစ်ပွား လာမှာလည်း စိုးရိမ်ရ ကြောင်း UNHCR ပြောခွင့်ရသူ Adrian Edwards ကပြောပါတယ်။

UNHCR ရဲ့ခန့်မှန်းချက်အရ ပဋိပက္ခတွေကြောင့် လူပေါင်း ၉ သောင်း နီးပါးဟာ အိုးအိမ်စွန့်ခွာခဲ့ရတယ်လို့ သိရပါတယ်။ အခုအချိန်မှာ ဒုက္ခသည်စခန်းနဲ့ ဘုန်းကြီးကျောင်းအပါအ၀င် ဒုက္ခသည်တွေ ခိုလှုံနေထိုင်ရာ ဌာနပေါင်း (၇၀) ကျော်ရှိတယ်လို့ဆိုပါတယ်။

No comments:

Post a Comment

 
Blogger Widgets