Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."
Monday 18 June 2012
UN အတွင်းရေးမှူးချုပ် ဘန်ကီမွန်းထံသို့ အိတ်ဖွင့်ပေးစာ
ဝံလက်ဖောင်ဒေးရှိန်း
ကမ္ဘာ့ကုလသမဂ္ဂသည် ကမ္ဘာ့လူသားများအားလုံးအကျိုးကို ဆောင်ရွက်နေသော အဖွဲ့အစည်းဟု နားလည်ထားပါသည်။ ကမ္ဘာ့ကုလသမဂ္ဂသည် စစ်၏အနိဋ္ဌာရုံများကို သင်ခန်းစာယူပြီး ကမ္ဘာသူ၊ ကမ္ဘာသားများ ကိုယ်စိတ်အေးချမ်းသာယာလုံခြုံငြိမ်းချမ်းဖို့ ဖွဲ့စည်းထားခြင်း မဟုတ်ပါလား။
          ယနေ့ကမ္ဘာ့ကုလသမဂ္ဂ၏ လက်အောက်ခံအဖွဲ့အစည်းများစွာတို့သည် ကမ္ဘာအနှံ့ နိုင်ငံပေါင်းများစွာ၌ အထက်ဖော်ပြပါ လူသားများအရေးအတွက် တာဝန်ပေး ဆောင်ရွက်လျှက်ရှိနေကြပါသည်။ ကျွန်ုပ်တို့မြန်မာနိုင်ငံ၌လည်း ပြည်နယ်၊တိုင်းဒေသကြီးအချို့၌ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများစွာတို့သည် တာဝန်ထမ်းဆောင်လျှက်ရှိကြပါသည်။ မြန်မာနိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်သော ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ ရသေ့တောင်၊ မောင်တောမြို့နယ်များ၌လည်း ရုံးများဖွင့်လှစ် တာဝန်ထမ်းဆောင်လျှက်ရှိကြပါသည်။ ထိုသက်ဆိုင်ရာရုံးများတွင် ဒေသခံဝန်ထမ်းများအဖြစ်ခန့်ထားရာ၌ တိုင်းရင်းနွယ်ဖွား ရခိုင်လူမျိုးများထက် ဘင်္ဂလီကုလားလူမျိုးများကိုသာ ဦးစားပေးခန့်ထားသည်ကို တွေ့ရပါသည်။ ဒေသ၌လည်း ဘင်္ဂလီကုလားများအရေးကိုသာ ဦးစားပေးဆောင်ရွက်နေပြီး ဒေသခံရခိုင်တိုင်းရင်းသားများအရေးကို တစ်စုံတစ်ရာမျှ ပီပီပြင်ပြင် ဆောင်ရွက်ပေးခြင်းမရှိကြောင်းလည်း တွေ့ရပါသည်။ 
ရခိုင်တိုင်းရင်းသားများအရေးကို ကူညီဆောင်ရွက်ပေးခြင်းမရှိသည်သာမက ရခိုင်မြေမှာနေပြီး ရခိုင်မြေ၊ ရခိုင်လူမျိုးများအပေါ် ကျူးကျော်စော်ကားနေကြသူ ဘင်္ဂလီအစွန်းရောက်များ၏ မြေပေါ်မြေအောက်လှုပ်ရှားမှုများ၊ Alkaida(အယ်လ်ကိုင်ဒါ) အကြမ်းဖက်လှုပ်ရှားမှုများ၌ ရခိုင်ပြည်ရှိ UNအဖွဲ့အစည်း၊ NGO၀န်ထမ်းအချို့ ပါဝင်ပတ်သက်နေကြောင်းလည်း “၂၀၁၂-ရခိုင်ပြည် ဇွန်လ အရေးအခင်း” မှ ရရှိသည့် သက်သေခံ အထောက်အထားများအရ ပေါ်ပေါက်နေပါသည်။
          ရခိုင်ပြည်သည် ရခိုင်လူမျိုးများ ကိုယ့်ထီးကိုယ့်နန်းဖြင့် နှစ်ပေါင်းထောင်ချီပြီး နေထိုင်လာသည့် နေရာဖြစ်ပါသည်။ ၁၇၈၄-ခုနှစ်တွင် ဗမာလူမျိုးများ၏ ကျူးကျော်သိမ်းပိုက်ခြင်းကို ခံခဲ့ရပါသည်။ ထို့နောက် ၁၈၂၄-ခုနှစ်တွင် အင်္ဂလိပ်တို့က ထပ်မံကျူးကျော် တိုက်ခိုက်သိမ်းပိုက်ခြင်းကို ခံခဲ့ရပြန်ပါသည်။ အင်္ဂလိပ်အုပ်စိုးစဉ်ကာလ၌ စစ်တကောင်းဒေသမှ ဘင်္ဂလီကုလားများကို လယ်ကူလီအဖြစ် ဈေးနှုန်းသက်သာစွာဖြင့် ခေါ်ဆောင်အသုံးပြုခဲ့ရာမှ ရခိုင်ပြည်၌ တဖြည်းဖြည်း ဘင်္ဂလီကူလီ(ကုလား) လူဦးရေ တိုးပွားအမြစ်တွယ်လာခြင်းဖြစ်ပါသည်။ ခေတ်အဆက်ဆက် နယ်စပ်မှ နှစ်စဉ်လိုလို ခိုးဝင်လာသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဖွား ဘင်္ဂလီမူဆလင်များသည် ရခိုင်ပြည်နယ်မြောက်ပိုင်းဒေသ မြို့နယ်များ၌ နယ်မြေချဲ့ထွင် ခြေကုပ်နေထိုင်လာခဲ့ခြင်း ဖြစ်ပါသည်။ ရခိုင်ပြည်နယ်သည် ကိုလိုနီဝါဒ၏ဆိုးမွေကို ခါးစည်းခံစားနေရသည့် ပြည်နယ်တစ်ခု ဖြစ်ပါသည်။
          ဤကိစ္စကို ကမ္ဘာ့ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အနေဖြင့် ဘက်မလိုက်ဘဲ သမ္မာသမတ်ကျစွာ ဖြေရှင်းပေးစေလိုပါသည်။ ရခိုင်အရေးကို မှန်ကန်စွာ ဆောင်ရွက်ပေးနိုင်မည့် ရခိုင်ပြည်သမိုင်းကြောင်းဆိုင်ရာ လေ့လာရေးကော်မရှင်အဖွဲ့၊ လတ်တလောဖြစ်ပွားနေသည့် “၂၀၁၂-ရခိုင်ပြည် ဇွန်လ အရေးအခင်း” ၌ UNအဖွဲ့အစည်းများမှ ၀န်ထမ်းများ မည်သို့ပါဝင်ပတ်သက်မှုရှိနေသည်ကို အမှန်အတိုင်းလေ့လာတင်ပြနိုင်မည့် ကော်မရှင်အဖွဲ့များဖြင့် စေလွှတ်ဆောင်ရွက်ပေးစေလိုပါသည်။ သို့မှသာ ရခိုင်ပြည်နယ်၏ အရေးကို UNက ကူညီဆောင်ရွက်ရာ၌ မှန်မှန်ကန်ကန်ဖြင့် ထိရောက်အောင်မြင်နိုင်မည်ဖြစ်ပါကြောင်း လေးစားစွာဖြင့် ပန်ကြားအပ်ပါသည်။
                                                                                      ရခိုင်ပြည်သား
                                                                                      ရိုးမဒေါင်းရန်
No comments:
Post a Comment
Blogger Widgets