ကျနော့်ရင်တွေပူနေပါတယ်။ ကျနော်အခု ထိုင်နေသောနေရာတွင် အေးစက်နေသော မိုးရေများ ကျဆင်းနေပါသည်။ သို့သော် မိုင်ပေါင်းထောင်နှင့်ချီ၍ ဝေးသော အမိမြန်မာနိုင်ငံမှ ရခိုင်ဒေသအတွက် အများကြီးစိတ်ပူနေပါသည်။
ဘင်္ဂလားများဘာကြောင့် ဒီလို ထကြွသောင်းကျန်းရသနည်း။ အသတ်ခံရသော မွတ်စလင်ဆယ်ဦးကိုယ်စား မကျေနပ်၍ လား။ ကျနော်ကတော့ ဤမျှ ရိုးစင်းမည်မထင်ပါ။
ကျနော်တို့ တတ်နိုင်လျှင် ၁၉၄၈ ခုနှစ်မှစ၍ ရခိုင်ပြည်နယ်အတွင်း ရခိုင်လူမျိုးများ ပျံ့နှံတည်ရှိပုံနှင့် ယနေ့ ၂ဝ၁၂ ခုနှစ် တွင် ရခိုင်လူမျိုးများ၊ ကျေးရွာများ ပျံ့နှံ့တည်ရှိပုံများကို နှိုင်းယှဉ်ဖော်ပြစေချင်သည်။ မိမိသိသလောက်က ရခိုင်များသည် တစ်ဖြေးဖြေး ဆုတ်ခွာလာခဲ့ရလေပြီ။
တိုးပွားလာသော လူဦးရေ၊ တရားမဝင်ခိုးဝင်မှုနှင့်တကွ အကာအကွယ်မဲ့ ရခိုင်များသည်အစိုးရ၏ ဖေးမခြင်းကို မရသည့် အပြင် တဖက်မှ ခိုးဝင်သူ ဘင်္ဂလားနွယ်များ၏ ကျူးလွန်ခြင်းကို ခံနေခဲ့ရသည်မှာ ဆယ်စုနှစ်များစွာ ကြာခဲ့လေပြီ။
ပါကစ္စတန်၊ ဘင်္ဂလား စစ်ရေးဖိုရမ်များတွင် သူရို့ဆွေးနွေးကြလေ၏။ မြန်မာပြည်လူဦးရေက ဘင်္ဂလားထက်သုံးဆနည်း၍ အကျယ်အဝန်းက သုံးဆပိုကြီးသည်။ ထိုအနေအထားက မက်လောက်စရာ ဖြစ်သည်။ တကယ့်တကယ် တိုင်းပြည်တခု သည် စိုက်ပျိုးစရာမြေမရှိလျှင် မလွယ်လှ။ ငွေမည်မျှပင်ရှိစေကာမူ ရေရှည်တွင် အခြားနိုင်ငံများမှ အစားအသောက်ဝယ် ယူနေရပါက ကီးမကိုက်လှချေ။ ထို့ကြောင့် စိုက်ပျိုးမြေများပြားကြွယ်ဝသော မြန်မာပြည်၊ နိုင်ငံတကာနှင့် ဆက်ဆံရာတွင် အစိုးရကြောင့် ပစ်ပယ်ခြင်းခံထားရသော မြန်မာပြည်၊ ပြည်တွင်းစစ်မီးလျှံများ၊ ဆန္ဒပြပွဲများဖြင့် အချိန်ပြည့် ဗဟိုအုပ်ချုပ် ရေးကို စိန်ခေါ်ခြင်းခံနေရသော မြန်မာပြည်အတွက် ရခိုင်နယ်ကို ကျူးကျော်ရေးသည် ထိုသူတို့အတွက် စိတ်အေးလက် အေး အကွက်ချခဲ့ဖို့ အချိန်ရပေမည်။ ထိုသို့အကွက်အကွင်းများထဲမှ ယနေ့ မီဒီယာများကို ကြိုးကိုင်နေခြင်း နောက်ကွယ် အကြောင်းများကို ဉာဏ်မီသလောက် တွေးတောကြည့်မိလေသည်။
မြန်မာပြည်ကို ကျွန်ပြုခဲ့သော အင်္ဂလိပ်နှင့် ယနေ့စူပါ ပါဝါ အမေရိကန်တို့သည် ရိုဟင်ဂျာအရေးကို အရေးဆိုရာတွင် ထိပ် တန်း ဖြစ်နေကြသည်။ အမေရိကန် စီအိုင်အေနှင့် အင်္ဂလိပ် MI5 တို့သည်ကား လက်စောင်းထက် ထိပ်တန်းထောက် လှမ်းရေးများ ဖြစ်ကြသည်။ ထိုသူတို့သည် ရိုဟင်ဂျာနှင့် အယ်လ်ခေးဒါး အဆက်အစပ်ကို ဘာတီးလင်တ်နာလို သတင်း ထောက်တစဦးထက်တော့ လျော့၍ သိဖွယ်မရှိချေ။ ပို၍သာသိနေမည်။ ထို့ပြင် မြန်မာပြည် သန်းခေါင်စာရင်းကိုကောက် ယူခဲ့သော၊ လူမျိုးစာရင်းကို ပြုစုခဲ့သော အင်္ဂလိပ်များက ပို၍ သိပေမည်။ ထိုသို့သိလျက်နှင့်င်္ အဘယ်ကြောင့် မြန်မာနိုင်ငံ ရခိုင်ဒေသရှိ ရိုဟင်ဂျာအရေးကို အရေးဆိုနေရပါသနည်း။ ရိုဟင်ဂျာများသည် မြန်မာတိုင်းရင်းသားများ မဟုတ်မှန်း သိ လျက်နှင့် အဘယ်ကြောင့် အရေးဆိုနေကြပါသနည်း။
ထိုအခါ ပထမဆုံး မိမိအတွေးထဲ ဝင်လာသည်မှာ မြန်မာနိုင်ငံ၏ ပထဝီဝင်ပင်ဖြစ်သည်။ မြန်မာနိုင်ငံသည် ယနေ့ ကြီး ထွားဆဲပါဝါများဟု တင်စားကြသော တရုတ်နှင့် အိန္ဒိယတို့အကြားတွင် တည်ရှိနေပြီး အရှေ့တောင်အာရှနှင့် တိုက်ရိုက် ဆက်စပ်ပေးထားသည့် လမ်းဆုံလမ်းခွသဖွယ် ဖြစ်သည်။ အင်္ဂလိပ်သည် ကြီးမားကျယ်ပြောလှသော တရုတ်ဈေးကွက် ကြီးကို လက်ဦးမှုရယူရန် မြန်မာသို့ အရင်ဝင်လာခဲ့သည်ဟု သမိုင်းပညာရှင် ဒေါက်တာသန့်မြင့်ဦးက ဆို၏။ ထိုသို့ပထဝီဝင်အရ အရေးပါလှသော မြန်မာနိုင်ငံသည် ယနေ့ ပါဝါအပြောင်းအရွှေ့ခေတ်ကြီး (ဝါ) အမေရိကားလွန်ခေတ် (Post American World)တွင် အာရှပစိဖိတ်ဒေသ၏ ထိပ်တန်း ဒေသတခု ဖြစ်လာနေပေသည်။ ထိုဒေသအား နိုင်ငံရေး၊ စစ်ရေးအရ လွှမ်းမိုးမှု၊ လက်ဦးမှု ရယူထားနိုင်ခြင်းသည် ယခုရာစုနှစ်၏ အနာဂါတ်မဟာဗျူဟာ မဖြစ်နိုင်သလောဟု မေး လျှင် မည်သူမျှ ယတိပြတ်ငြင်းနိုင်မည်မထင်ပေ။
အဓိက ကျသော အချက်တစ်ချက်မှာကား တရုတ်၏ လက်ကုန်မဟုတ်သေးသော ဖွံ့ဖြိုးမှုပင်တည်း။ တရုတ်၏ အတိုင်း အဆမဲ့ ကြီးထွားလာနေသော စီးပွားရေးအင်အားနှင့် တိုးချဲ့လာနေသော စစ်ရေးအင်အားတို့က အမေရိကန် ပေါ်လစီ မဂ္ဂဇင်းများတွင် နေ့စဉ်အချက်ပေးခေါင်းလောင်းသံများကို မြည်နေစေသည်။ Mixed Economy ဟုဆိုသော်လည်း အ နောက်ကမ္ဘာများနှင့် ကမ္ဘာ့ရန် ဆိုဗီယက်ကြီးနှင့် အလွမ်းသင့်နေဆဲ တရုတ်သည် အနောက်၏ ယနေ့နံပတ်တစ် ရန်သူ ဖြစ်ကြောင်းကိုတော့ ယနေ့အခင်းအကျင်းများကို တီးခေါက်သူအများစု သတိမူမိကြပေမည်။
ထိုအခါ ထိုတရုတ်ကြီး၏ အရေးအခင်းမှန်သမျှအား အနီးကပ် မျက်စိဒေါက်ထောက် ကြည့်နေရသည့်အပြင် ပါဝါစင်တာ များကို တရုတ်ပတ်ချာလည် တည်ဆောက်ခြင်းအားဖြင့် တရုတ်၏ စစ်ရေးအရ အာရှအတွင်းလွှမ်းမိုးလာနိုင်မှုကို အမေရိ ကန် ဦးဆောင်သော အနောက်ကမ္ဘာက ပြုလုပ်ခဲ့ကြပါသည်။ ကံအားလျော်စွာ တရုတ်၏ မပျော့ပြောင်းသော နိုင်ငံခြား ရေးမူဝါဒနှင့် အနိုင်ကျင့်လိုမှုတို့ကြောင့် အရှေ့အာရှနှင့်် အရှေ့တောင်အာရှ နိုင်ငံများသည် အမေရိကန်ကို လိုလိုလား လားပင် ဖိတ်ခေါ်ခဲ့ကြပေသည်။ ထို့ပြင် တရုတ်အား နိုင်ငံရေးအရ ဖိအားပေးရန် တရုတ်မှ လူ့အခွင်င့်္အရေး လှုပ်ရှားသူ များအား ချီးမြှောက်ခြင်း၊ တိဗက်မှ ဒလိုင်လားမားအား အရေးတယူ ဆက်ဆံခြင်းတို့ဖြင့် Diplomatic Pressure ပေးခဲ့ပေ သည်။ အိန္ဒိယနှင့် အပေးအယူတည့်ခြင်းအားဖြင့် တရုတ်အပေါ် ဖိအား သိသိသာသာ ကျရောက်စေခဲ့လေသည်။
နိုင်ငံတခုတွင်၊ အထူးသဖြင့် စက်မှုနိုင်ငံများတွင် စွမ်းအင်သည် အသက်သွေးကြောဖြစ်၏။ စွမ်းအင်ဖူလုံရေးအတွက် စစ် ပွဲများပင် ဖြစ်ကြရသည်။ ထို့ထက်ဆိုရလျှင်ယနေ့ကမ္ဘာအခင်းအကျင်းများသည် စွမ်းအင်ဖူလုံရေးနှင့် ဆက်စပ်သော အ ခင်းအကျင်းများ ဖြစ်နေကြကြောင်းမှာ အထူးငြင်းစရာလိုမည်မထင်ပါ။ ထိုအခါ တရုတ်အား ထိန်းချုပ်ရန် သူ၏ စွမ်းအင် စီးဆင်းရာလမ်းကြောင်းကို ခြေရာခံကြည့်ဖို့လိုလာလေသည်။ ယနေ့တရုတ်ပြည်ကြီးသည် ကမ္ဘာတွင်လောင်စာဆီ ထုတ် လုပ်သူများအနက် ကြီးကြီးမားမား ထုတ်နိုင်သူဖြစ်သော်လည်း ၁၉၉ဝ ခုနှစ်မှစ၍ သူ၏ လောင်စာဆီ ပြည်တွင်းသို့တင်ပို့ နှုန်း မြင့်မားလာခဲ့သည်။ ဤတွင် တရုတ်ပြည်၏ စွမ်းအင်ဖူလုံရေးအတွက် ပစိဖိတ်သမုဒ္ဒရာရေပြင်တွင် သူ၏ လောင်စာ ဆီတင် သင်္ဘောများလွတ်လပ်စွာ သွားလာခွင့်ရရှိရေးအတွက် ရေတပ်အင်အားတိုးချဲ့လာခဲ့သည်ကို သိသိသာသာတွေ့ ရပေမည်။ ထိုသို့ရေတပ်များ တိုးချဲ့ရလာခြင်းသည် အမေရိကန်၏ သြစတေးလျနှင့် ပူးပေါင်းစစ်ရေးလေ့ကျင့်ခြင်းတို့်ကို သိသာစွာ ဖြစ်လာစေခဲ့ပါသည်။
တရုတ်၏ ရေနံတင်သင်္ဘောများကို စစ်ေ၇းအရ ခြိမ်းခြောက်ခြင်းခံရနိုင်သော ပွိင့်မှာ မလက္ကာရေလက်ကြားဖြစ်သည်။ ထိုအန္တရာယ်ကို ရှောင်ကွင်းရန် တရုတ်သည် ပိုက်လိုင်းစီမံကိန်းလေးခုကို စဉ်းစားရပါတော့သည်။ ထိုအထဲတွင် မြန်မာ နိုင်ငံကို ခါးလည်မှ ဖြတ်သန်းသွားသော ကူမင်း-ကျောက်ဖြူ ရေနံပိုက်လိုင်း သည်လည်း အပါအဝင်ဖြစ်သည်။ ထိုစီမံ ကိန်းလေးခုအတွင်းတွင် မြန်မာသည်ကား တရုတ်နှင့် နိုင်ငံရေးတင်းမာမှု အနည်းဆုံးဟုပင်ဆို၍ ရနိုင်သည်။ထိုပိုက်လိုင်း သည် ရခိုင်ကမ်းလွန်ပင်လယ်ပြင်မှ သဘာဝဓါတ်ငွေ့ကုဗမီတာ ၁၂ သန်းကို တင်ပို့သွားမည်ဖြစ်သည်။ထိုပိုက်လိုင်းသည် ယနေ့ အရေးအခင်းဖြစ်သော ကျောက်ဖြူမြို့အနီးတွင် ရှိလေသည်။
မိမိ အလွန် စိတ်ကူးယဉ်နေခြင်းလော။ ဆက်စပ်ရလျှင် မြန်မာနိုင်ငံသည် တိုင်းရင်းသားအမျိုးစုံ နေထိုင်သော ထူးခြား သည့် ဒေသဖြစ်သည်။ ထို့ပြင် အင်္ဂလိပ်တို့၏ နာမည်ကျော် Divide and Rule ပေါ်လစီအရ ဗုဒ္ဓဘာသာ တိုင်းရင်းသား များမှာ အနှိမ်ခံခဲ့ရပြီး ခရစ်ယာန်တိုင်းရင်းသားများမှာ အင်္ဂလိပ်တပ်ရင်းများထဲတွင် နေရာရခဲ့ကြသည်။ လွတ်လပ်ရေးရပြီး သောအခါ ထိုပေါ်လစီအရိပ်မည်းနှင့် ထိုခေတ်နိုင်ငံရေးခေါင်းဆောင်များ၏ မပါးနပ်မှုကြောင့် တိုင်းရင်းသားအရေးသည် မြန်မာပြည်အပေါ်ထားသော နိုင်ငံကြီးများ၏ နိုင်ငံခြားရေးပေါ်လစီတွင် အရေးပါသည့် ဖဲချပ်တချပ် ဖြစ်လာခဲ့ပါသည်။
ယနေ့ ရိုဟင်ဂျာဘင်္ဂါလီဟု ခေါ်သောသူများသည် သိသိသာသာ အင်အားကောင်းနေသည်။ ကျောက်ဖြူမြို့ အနီးသို့ လည်း အလွယ်တကူ ခြိမ်းခြောက်နိုင်စွမ်း ရှိနေပါသည်။ ထိုအစုအဖွဲ့ကလည်း တိုင်းရင်းသားဖြစ်သည်ဟု တောင်းနေ သည်။ တိုင်းရင်းသားအခွင့်အရေးတည်းဟူသော ဖဲချပ်သည် မြန်မာ့နိုင်ငံရေးတွင် အတော်ပင် အရေးပါနေသည်။ ထိုသို့ သောအချက်အလက်များကို တရုတ်ကြီး၏ စွမ်းအင်မွတ်သိပ်ဆာလောင်မှုကို သွေးကြောဖြတ်တောက် ထိန်းကြောင်းနေ လိုသော အမေရိကန်နှင့် အနောက်ကမ္ဘာအတွက် ကျောက်ဖြူပိုက်လိုင်းကို အနှောက်အယှက်ပေးရန်အလို့ငှာ ဆက်စပ် ကြည့်သင့်ပေသည်။ ဖဲချပ်တွင် သေရေးရှင်ရေး အရေးပါသော ဖဲချပ်တချပ်အဖြစ်ကား ရိုဟင်ဂျာကို မမြင်မိချေ။ ခေါ်ဖဲ တချပ်ဟုသာ မြင်သည်။
ထိုအရေးအခင်းသည် အမေရိကန်နှင့် မြန်မာတို့ ဆက်ဆံရေးပြေလည်သွားလျှင် ပိုမို မှေးမှိလျှက် ပြေလည်သွားနိုင်ဖွယ် ရှိသည်။ သို့သော် အမေရိကန်သည် သူမွေးသောမျောက်ကို သူမနိုင်သည့်အခါများ ရှိခဲ့ဖူးသည်။ ပင်လယ်ကွေ့စစ်ပွဲနှင့် သူမနိုင်သော ဘင်လာဒင်သည် သူမွေးသည့်မျောက် ပြန်ခြောက်ခြင်းပင် မဟုတ်ပါလော။ ယနေ့ အယ်လ်ခေးဒါးနှင့် ရို ဟင်ဂျာတို့ ဆက်စပ်ကြောင်း အမေရိကန်သံရုံး ကေဘယ်လ်များတွင် အခိုင်အမာဆိုထားသည့်ပြင် ဆက်စပ်သတင်း သက်သေခံများကိုလည်း ဖမ်းဆီးသိမ်းမိကြောင်း ဆက်တိုက်ထွက်လာသည်။
ချုပ်ရလျှင် ကျောက်ဖြူ-ကူမင်း ပိုက်လိုင်းကို မလုပ်ဖြစ်ရန် သို့မဟုတ် မြန်မာအစိုးရအပေါ် Bilateral Policy ဖြင့် အမေရိ ကန် သွားနေစဉ် အမေရိကန်က မြန်မာ့တိုင်းရင်းသား အခွင့်အရေး၏ Vitality (သေရေးရှင်ရေး အရေးပါမှု) အပေါ် အ မြတ်ထုတ်ကာ တရုတ်ကို နားရင်းအုပ်ရန် ရိုဟင်ဂျာကို ပစ်ဖဲခေါ်လိုက်ခြင်း ဖြစ်နိုင်သည်။ သူတို့အတွက် အစားခံရသော် လည်း အရေးမကြီးသည့် နယ်ရုပ်မှာ ရိုဟင်ဂျာ ဖြစ်သော်လည်း ကျွန်ုပ်တို့ မြန်မာနိုင်ငံ၏ အနောက်ဘက် လုံခြုံရေးတံ တိုင်းမှာ ဘူးသီးတောင်၊ မောင်တောဒေသ ဖြစ်နေသည်။ ထို့ကြောင့် မြန်မာအနေဖြင့် ထိုကိစ္စကို ဒေသတွင်းဖြစ်စဉ် သက် သက်သာမက၊ နောက်ပိုင်း နိုင်ငံရေးလုပ်ကြံမှု ဖြစ်စဉ်များအထိပါ ထည့်သွင်းတွက်ချက်စေလိုသည်။ ရိုဟင်ဂျာသည် အ မေရိကန်နှင့် အင်္ဂလန်မွေးသော မျောက်ဖြစ်လာပါစေဦး.. သူတို့အတွက် အနေသာကြီးပင် ဖြစ်သည်။ ထိုအချက်ကို လေး လေးနက်နက် ဆင်ခြင်စေလိုသည်။
သူတို့အတွက် ဘာမျှမဟုတ်သည်ထားဦး၊ ဒေသတွင်းရခိုင်များအတွက် သေရေးရှင်ရေးပင် ဖြစ်လေသည်။ ဤအချက် များကို ဒေါ်အောင်ဆန်းစုကြည် လည်း တွေးမိကောင်းတွေးမိပေမည်။ မိမိနိုင်ငံသားများ၏ အကျိုးစီးပွားသည်သာ ပဓာန ဟု တွေးလျှင် ဤရိုဟင်ဂျာကိစ္စသည် အစိုးရနှင့် အဓိကအတိုက်အခံ ဒေါ်အောင်ဆန်းစုကြည်တို့ လုပ်ရန်များများစားစား မရှိလှပါ။ ခပ်ရှင်းရှင်း ကိုင်တွယ်ဖြေရှင်းပေးလိုက်ရုံသာ ရှိပါသည်။
Myo Set (ဖေ့စ်ဘွခ်မှ)
ကိုးကား
http://www.chinapost.com.tw/china/national-news/2011/09/07/315879/Chinese-pipeline.htm
http://pennyforyourthoughts2.blogspot.co.uk/2010/05/china-expands-navy-to-protect-oil.html
http://www.bakerinstitute.org/publications/chinas-growing-energy-dependence-the-costs-and-policy-implications-of-supply-alternatives
http://www.ucm.es/info/eid/pb/BusteloWPoil05eng.pdf
No comments:
Post a Comment