မိုးမခ
ရခိုင်သဟာရအသင်းကြီး (ရန်ကုန်) တွင် ရခိုင်ဒေသဒုက္ခသည်များအတွက် လှူဒါန်းနိုင်
မိုးမခအထောက်တော် ၀၀၃၊ ဇွန် ၁၅၊ ၂၀၁၂
          လွန်ခဲ့သည့် ရက်သတ္တပတ်များအတွင်းက  ရခိုင်ပြည်နယ် ဗူးသီးတောင်း၊ မောင်းတော၊ ကျောက်နီမော်၊ သံတွဲနှင့်  နယ်စပ်ဒေသတို့တွင် ဘင်ဂါလီ (ရိုဟင်ဂျာ) လူအုပ်စုတို့၏ အကြမ်းဖက်မှုများ၊  ဆူပူလှုံဆော်မှုများကြောင့် ရခိုင်ဒေသခံ တိုင်းရင်းသားများ နေရပ်စွန့်ခွာ  ထွက်ပြေးတိမ်းရှောင်ရခြင်း၊ အသက်အန္တရာယ်များနှင့် ရင်ဆိုင်ရခြင်းတို့  ဖြစ်ပွားခဲ့သည်။ အဆိုပါ ရခိုင်ဒေသဒုက္ခသည်များအတွက် မြန်မာပြည်တ၀ှမ်းရှိ  ပြည်ထောင်စုတိုင်းရင်းသားတို့က တတ်အားသ၍ ကူညီစောင့်ရှောက်မှုများ  အားပေးမှုများ ပြုလုပ်လျှက်ရှိရာ ရန်ကုန်မြို့အခြေစိုက်  ရခိုင်သဟာရအသင်းကြီး (ရန်ကုန်)ကလည်း ကူညီမှုများကို လက်ခံပြီး ရခိုင်ဒေသခံ  တိုင်းရင်းသားဒုက္ခသည်များအတွက် အားပေးမှုများ အရောက်ပေးပို့ နေကြောင်း  သိရှိရသည်။
          လက်ရှိတွင် အသင်းကြီးတည်ရှိရာ အမှတ် ၄၈၁၊  ဒုတိယထပ်၊ ကျိုက္ကဆံလမ်း၊ တာမွေကြီး (ခ) ရပ်ကွက်၊ တာမွေမြို့နယ်၊ ဖုံး (၀၁)  ၄၃၀၁၇၂ သို့ လာရောက်ဆက်သွယ်လှူဒါန်းနိုင်သည်ဟု ဆိုသည်။ အလှူရှင်များအတွက်  ဖော်ပြပါ မှတ်တမ်းတင်ဂုဏ်ပြုလွှာကို ပေးအပ်လျှက်ရှိကြောင်း၊ ရပ်နီး ရပ်ဝေးမှ  အလှူငွေများ ပေးပို့ခြင်း၊ အစားအသောက်၊ အ၀တ်အစား၊ ကလေးကစားစရာ စသည့်  အကူအညီ ပစ္စည်းများကိုလည်း လက်ခံပေးနေကြောင်း၊ ငွေကြေးနှင့် စားရေ  ရိက္ခာများကို ဦးစားပေး တင်ပို့ပြီး ကျန် အကူပစ္စည်းများကို ကားလမ်းများ  အမှန်တကယ် ဖွင့်ပေးပါက ပေးပို့မည် ဖြစ်ကြောင်း သိရှိရသည်။
          ရခိုင်ပြည်နယ် နယ်စပ်ဒေသတွင် လူမျိုးရေး၊  ဘာသာရေး မငြိမ်သက်မှုများ၊ အကြမ်းဖက် ဆူပူလှုံဆော်မှုများ နှစ်ပေါင်းများစွာ  ဖြစ်ပွားခဲ့ရာ ရခိုင်ဒေသခံ တိုင်းရင်းသားမိသားစုများမှာ ထိုသို့  ငြိမ်းချမ်းရေးကင်းမဲ့မှုနှင့် တရားဥပဒေမဲ့မှုများကို မျိုးဆက်အဆက်ဆက်  ရင်ဆိုင်ခဲ့ကြရသည်ဟု ဆိုသည်။ ယခုတခါ ဖြစ်ပွားသည့် အကြမ်းဖက်ဆူပူလှုံဆော်မှု  အရေးအခင်းကို နိုင်ငံတကာအပါအ၀င် ပြည်ထောင်စု တိုင်းရင်းသားအားလုံးက အထူး  စိတ်ဝင်စားမှု ၀ိုင်းဝန်း ပတ်သက်မှုများ တွေ့ကြရသည်ဟု ဆိုနိုင်သည်။
 


 
 
No comments:
Post a Comment