Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Monday 25 June 2012

ကိုရဲရင့်သစ္စာသို့ ပြန်ကြားချက်

by Myat Thein Tun on Monday, 25 June 2012 at 17:50 ·
ကိုရဲရင့်သစ္စာရေ ကျွန်တော်မေးထားတာကို တကူးတကနုတ်နဲ့ဖြေကြားပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ အဲဒီနုတ်အောက်မှာ ကွန်မန့်ပေးလို့မရတဲ့အတွက် ဒီမှာပဲ ရေးလိုက်ပါတယ်။ ကိုရဲရင့်သစ္စာရဲ့ ဖြေကြားမှုအရ ရခိုင်ပြည်နယ်အတွင်းက အစ္စလာမ်ဘာသာဝင်ကမန်တိုင်းရင်းသားတွေနဲ့ ရင်းရင်းနှီးနှီးရှိခဲ့တယ်လို့ သိရပါတယ်။ ကမန်တွေနဲ့ပတ်သက်ပြီး အစ်ကို့ရဲ့အမြင်နဲ့ ကျွန်တော့်အမြင် ထပ်တူကျပါတယ်။ ကမန်ဟာ ကျွန်တော်တို့ရခိုင်လူမျိုးစုဝင်၊ ပြည်ထောင်စုမြန်မာနိုင်ငံရဲ့ တိုင်းရင်းသားတစ်မျိုးဖြစ်ပါတယ်။ သူတို့ဟာ ကိုးကွယ်ယုံကြည်မှုကလွဲရင် ဘာသာစကား၊လူနေမှုစရိုက်က ရခိုင်လူမျိုးတွေနဲ့ အတူတူပါပဲ။ ဒါပေမယ့် ရိုဟင်ဂျာအကြောင်းနဲ့ ပတ်သက်ပြီးတော့ အစ်ကိုပြောသွားတဲ့အထဲမှာတော့ စာတွေ့တွေကို ကိုးကားသွားတာ တွေ့ရပါတယ်။ သူတို့ရဲ့ ဘာသာစကား၊ လူနေမှုစရိုက်ဟာ မြန်မာနိုင်ငံကကျန်တဲ့တိုင်းရင်းသားတွေနဲ့ တော်တော်လေးကို ကွာခြားပါတယ်။ ဘာသာတူချင်းဖြစ်တဲ့ ကမန်နဲ့တောင်မတူပါဘူး။ ဒါကတော့ ကိုယ်တွေ့ပါ။ နောက်တစ်ချက်က ရိုဟင်ဂျာကို တိုင်းရင်းသားအဖြစ် ၀န်ကြီးချုပ်ဦးနုက ကြေငြာခဲ့တယ်လို့ ပြောသွားတာ တွေ့ရပါတယ်။ ဒီနေရာမှာ မေးစရာရှိလာပါပြီ။ ဘယ်လိုမျိုး ကြေငြာခဲ့ပါသလဲ။

ဝန်ကြီးချုပ်ရုံးက ကြေငြာချက်ထုတ်ပြန်ခဲ့တာလား။ ဒါမှမဟုတ် လွှတ်တော်မှာ မဲခွဲဆုံးဖြတ်ပြီး တိုင်းရင်းသားအဖြစ်အတည်ပြုခဲ့တာလား။ မြန်မာ့အသံမှာ ရိုဟင်ဂျာဘာသာ ထုတ်လွှင့်ခွင့်ပြုခဲ့တယ်။ အဲဒါကိုတော့ငြင်းစရာမရှိပါဘူ။ ဒါပေမယ့် အသံလွှင့်ခွင့်ပြုတိုင်း ဌာနေတိုင်းရင်းသားဖြစ်လို့ဆိုတာကြီးကျတော့ သိပ်သဘာဝမကျဘူး ထင်ပါတယ်။

အဲလိုသာအသံလွှင့်ခွင့်ရလို့ တိုင်းရင်းသားဖြစ်စတမ်းဆိုရင် ဘီဘီစီမြန်မာပိုင်း ထုတ်လွှင့်ခွင့်ပေးထားတဲ့ ဗြိတိန်ကလည်း မြန်မာက တောင်းဆိုရင် တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုရမှာပေါ့။ နယ်စပ်တလျှောက် တိုင်းရင်းသားတွေ ဟိုဖက်ဒီဖက်ပျံ့နှံ့နေထိုင်ကြတယ်ဆိုတာကိုတော့ ကျွန်တော်သိပါတယ်။ ဥပမာ ကော့သောင်းဖက်မှာဆိုရင် ဘုတ်ပြင်း၊မလိဝမ်းဖက်မှာ မြန်မာနိုင်ငံသား ထိုင်းလူမျိုးတွေရှိကြတယ်။ ပသျှူးတွေရှိကြတယ်။

အိန္ဒိယနယ်စပ်မှာဆိုရင် ကသည်းတွေ၊ချင်းတွေ ဟိုဖက်ဒီဖက် ရှိကြတယ်။ ရခိုင်-ဘင်္ဂလားနယ်စပ်မှာဆိုရင်လည်း ရခိုင်တွေဟိုဖက် ဒီဖက်ရှိကြတယ်။ ဒါပေမယ့် ကျွန်တော့်ဗဟုသုတအရ ရိုဟင်ဂျာကတော့ အဲလိုမဟုတ်ဘူးခင်ဗျ။ ရခိုင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ တိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံထားရတယ်ဆိုတာက နဂိုကတည်းက အဲဒီနေရာမှာနေတဲ့တိုင်းရင်းသားဖြစ်နေလို့။ ဥပမာ ဗိုလ်မင်းတောင်ပေါ့လေ။ ခုထိမြို့စားတစ်ယောက်ကို ဌာနေခေါင်းဆောင်အဖြစ် အသိအမှတ်ပြုနေဆဲပဲ။

ခုလက်ရှိတိုင်းရင်းသားအဖြစ် အသိအမှတ်ပြုခံထားရတဲ့ ၀တို့ ကိုးကန့်တို့ဆိုတာကလည်း တရုတ်ပြည်ကခိုးဝင်လာတာမဟုတ်ပဲ နဂိုကတည်းက ဟိုဖက်ဒီဖက် အဲဒေသမှာနေခဲ့တဲ့လူတွေဖြစ်တယ်လို့ ၁၉၃၃ခုနှစ်ထုတ် Races Of Burma စာအုပ်မှာမှတ်သားဖူးပါတယ်။ အဲစာအုပ်မှာတော့ ကိုလိုနီခေတ် မြန်မာနိုင်ငံတွင်းမှာ အခြေချနေထိုင်လာကြတဲ့ အိန္ဒိယနွယ်ဖွား လူမျိုးတွေကို တိုင်းရင်းသားအဖြစ် ဖော်ပြထားခြင်းမရှိပါဘူး။ ရိုဟင်ဂျာဆိုတဲ့ နာမည်လည်း လုံးဝမပါပါဘူး။ အဲဒါကြောင့် သူတို့ဖော်ထုတ်ပြောဆိုနေတဲ့ အာရပ်သဘောင်္သားတွေနဲ့ သက်လူရိုင်းဘုရင်မလက်ထပ်ပြီး ရိုဟင်ဂျာလူမျိုးဖြစ်ပေါ်လာတာတို့၊ ရခိုင်ပြည်မှာ နှစ်ပေါင်းထောင်ချီနေထိုင်ခဲ့တာတို့ဆိုတာ ယုံတမ်းပုံပြင်တွေဖြစ်သွားခဲ့ပါတယ်။ အစ္စလာမ်သာသနာဟာ မြောက်ဦးခေတ်ကတည်းက ရခိုင်မှာရှိခဲ့တယ်လို့ မှတ်သားဖူးတယ်။ ဘင်္ဂလီ၊ပထန်၊မဂို စတဲ့လူမျိုးတွေလည်း အဲဒီအချိန်က အ၀င်အထွက်ရှိမှာပါ။ ဒါပေမယ့် ဗုဒ္ဓဘာသာ သက်ဦးဆံပိုင်ဘုရင့်နိုင်ငံတော်မှာ နိုင်ငံခြားသား ဘာသာခြားအခြေချနေထိုင်တဲ့ အရေအတွက်ဟာ အတော်နည်းလိမ့်မယ်လို့ ယူဆမိပါတယ်။ အဲဒီလိုနည်းခဲ့လို့လည်း ဘာသာရေးအဆောက်အအုံ၊ စာပေ၊ယဉ်ကျေးမှုလက်ရာတွေ အားလုံးဟာ ဗုဒ္ဓဘာသာယဉ်ကျေးမှုတွေဖြစ်နေတာပါ။ သမိုင်းကိုခြေရာကောက်မယ်ဆိုရင် များသောအားဖြင့် ကျောက်စာအထောက်အထားလိုအပ်ပါတယ်။ ၁၉၅၀ခုနှစ်ထိ ရိုဟင်ဂျာဆိုတဲ့အကြောင်းအရာပါတဲ့ ကျောက်စာတစ်ချပ်တောင် မတွေ့ဖူးပါဘူး။ ဒီလူမျိုးတွေဟာ ဗြိတိသျှကိုလိုနီခေတ်မှာ ရခိုင်နယ်တွင်းကို အလုပ်လုပ်ဖို့ ၀င်လာတဲ့ အိန္ဒိယ(ပါကစ္စတန်၊အိန္ဒိယ၊ဘင်္ဂလားဒေ့ရှ်)က ဘင်္ဂလီလူမျိုးတွေဖြစ်ကြပါတယ်။

နောက်တစ်ခုက ရခိုင်ပြည်နယ်မှာ ဗလီတွေကို မီးရှို့ဖျက်ဆီးခံရလို့၊ အွန်လိုင်းပေါ်မှာ အစ္စလာမ်ဘာသာကို နည်းမျိုးစုံနဲ့ ပုတ်ခတ်စော်ကားကြလို့ ရိုဟင်ဂျာတွေက ဒီပြဿနာကို ဘာသာရေးပြဿနာလို့ ခံယူကြတယ်လို့ ကိုရဲရင့်သစ္စာဆိုထားတာ တွေ့ပါတယ်။ ခုကျွန်တော်တို့မြင်နေရ၊ကြားနေရတဲ့ အဲဒီအဖြစ်သနစ်တွေဟာ မျက်မှောက်အကျိုးတရားတွေဖြစ်ပြီး အဲဒီအကျိုးတရားတွေဖြစ်လာဖို့ ဘယ်လိုအဖြစ်သနစ်တွေ အကြောင်းခံခဲ့သလဲဆိုတာကို ကိုရဲရင့်သစ္စာ မသိသေးလို့ ဒီလိုပြောတာ ဖြစ်ကောင်းဖြစ်ပါလိမ့်မယ်။ တကယ်တော့ ဒီဖြစ်ရပ်တွေ စတင်မြစ်ဖျားခံရာကို ကြည့်လိုက်ရင် ဒုတိယကမ္ဘာစစ်ကာလတုန်းက ဂျပန်အ၀င်၊ ဗြိတိသျှအထွက်မှာ ရခိုင်ပြည်နယ်အတွင်း အုံလိုက် ကျင်းလိုက်ရွေ့ပြောင်းအခြေချနေကြတဲ့ ဘင်္ဂလီတွေကို အင်္ဂလိပ်တပ်တွေ လက်နက်တပ်ဆင်ပေးရာကနေ  လက်နက်မရှိတဲ့ ဒေသခံဌာနေတိုင်းရင်းသား ရခိုင်၊မြို၊ခမီ၊သက်၊ဒိုင်းနက်၊မရမ္မာလူမျိုးတွေကို ဘာသာရေးခေါင်းစဉ်တပ်ပြီး လူမျိုးတုန်းသတ်ဖြတ်ဖို့ ကြိုးစားခဲ့ရာကနေ စတင်ခဲ့ပါတယ်။ အဲဒီကာလတုန်းက အဲဒီဒေသမှာရှိတဲ့ ဘုန်းကြီးကျောင်းတွေ၊စေတီ၊ဘုရားပုထိုးတွေ ဘယ်လောက်တောင်ပျက်စီးခဲ့ရသလဲဆိုတာ မီဒီယာဆိုတာ ဘာမှန်းမသိတဲ့ခေတ်ဖြစ်လို့ အပြင်ကဘယ်သူမှမသိခဲ့ကြပါဘူး။ အလ္လာအရှင်ရဲ့ နာမတော်ကို အော်ဟစ်တိုင်တည်ပြီး ရွာလုံးကျွတ်မီးရှို့၊သတ်ဖြတ်၊မုဒိန်းကျင့်ခဲ့ကြတဲ့ ဘင်္ဂလီတွေရဲ့ လုပ်ရပ်ကြောင့် ဒေသခံရခိုင်လူမျိုးတွေရဲ့ စိတ်ထဲမှာ အလ္လာဟာ နာကျည်းစရာအမည်တစ်ခုဖြစ်လာခဲ့ပါတယ်။ အဲဒီကနေစခဲ့တဲ့ ရန်ငြိုးတွေဟာ ဒီနေ့အထိ ခါးသီးစွာတည်ရှိနေဆဲပါပဲ။ ဒီကြားထဲမှာ အပြန်အလှန်သတ်ဖြတ်မှုတွေ အများကြီးရှိခဲ့ပါတယ်။

ဒါပေမယ့် နိုင်ငံတကာမှာတော့ ရိုဟင်ဂျာဆိုတာ သနားစရာလူသားတွေအဖြစ် တစ်ယောက်ခံရတိုင်း နှစ်ယောက်စာသတင်း ဖြစ်နေခဲ့ပါတယ်။ ရခိုင်တွေဖက်ကတော့ ၁၀ယောက်ခံရရင်တောင်မှ ပြည်ပသတင်းဌာနမပြောနဲ့၊ ပြည်တွင်းသတင်းဂျာနယ်တွေမှာတောင် ထည့်သွင်းဖော်ပြမခံခဲ့ရပါဘူး။

ဒီဘင်္ဂလီတွေအကြောင်းနဲ့ဆက်စပ်ပြီး သမိုင်းထဲက မြန်မာမူဆလင်တွေအကြောင်း လက်လှမ်းမှီသလောက် လေ့လာဖြစ်ခဲ့ပါတယ်။ ဒီပုဂ္ဂိုလ်တွေဟာ ဘာသာခြားလို့ ခွဲခြားသတ်မှတ်လို့မရလောက်အောင်ထိ လူနေမှုပုံစံ၊ ၀တ်စားဆင်ယင်ပုံ၊ တိုင်းပြည်အပေါ်ထားတဲ့ သစ္စာတရား စတဲ့အချက်များစွာ ဗုဒ္ဓဘာသာမြန်မာတွေနဲ့ ထပ်တူကျနေတာ တွေ့ခဲ့ပါတယ်။

ကုန်းဘောင်ခေတ်ကနေ ကိုလိုနီခေတ်ဖက် လေ့လာကြည့်တဲ့အခါ ဆရာကြီးဦးရာဇတ်တို့လို သွေးနှောမြန်မာမူဆလင်တွေရဲ့ ဘ၀မှတ်တမ်းတွေကလည်း တကယ့်ကို ချီးကျူးလေးစားစရာကောင်းလှပါတယ်။ ဒီလိုလူမျိုးတွေကို မြန်မာမဟုတ်ဘူးလို့ ကျွန်တော်တို့အနေနဲ့ ဘယ်လိုမှခွဲခြားမြင်စရာအကြောင်း မရှိပါဘူး။ ဒါပေမယ့် မြန်မာ့မြေမှာမွေး၊မြန်မာပြည်အပေါ် သစ္စာစောင့်သိ အနစ်နာခံခဲ့ကြတဲ့ မြန်မာမူဆလင်တွေဟာ ဒီဘင်္ဂလီတွေရဲ့ လုပ်ရပ်တွေကြောင့် မြန်မာ့လူ့အဖွဲ့အစည်းမှာ မှေးမှိန်ခဲ့ရပါတယ်။ အစ္စလာမ်ဘာသာဟာလည်း အန္တရာယ်ရှိတဲ့ ဘာသာတရားအဖြစ် ရှုမြင်သုံးသပ်ခံနေရပါတယ်။ ကျွန်တော်ထင်တာပြောရရင် အစ္စလာမ်ဘာသာရေးအစွန်းရောက် ၀ါဒတွေဟာ ကိုလိုနီခေတ်အတွင်းမှာ အိန္ဒိယကနေရွေ့ပြောင်းလာတဲ့ မူဆလင်တွေဆီကပါလာတယ်လို့ ယူဆမိပါတယ်။ အဲဒီအစွန်းရောက်မှုကလည်း ပြည်တွင်းကမြန်မာတွေကို အစွန်းရောက်ဖြစ်အောင် ပြုလုပ်လိုက်တယ်လို့ထင်မိပါတယ်။ အဲဒီထဲမှာအဆိုးဆုံးကတော့ ရခိုင်ပြည်နယ်က ရိုဟင်ဂျာဆိုသူတွေပါပဲ။ ရခိုင်တွေသာ နဂိုကတည်းက မူဆလင်မုန်းတီးသူတွေဖြစ်ခဲ့မယ်ဆိုရင် ကမန်ဟာရခိုင်မှာ တိုင်းရင်းသားဖြစ်လာစရာ အကြောင်းလုံးဝမရှိပါဘူး။

အထက်မှာပြောခဲ့တဲ့ အကြောင်းအရာနဲ့ ဆက်စပ်ပြီး ကိုရဲရင့်သစ္စာနောက်ဆုံးဖြေထားတဲ့အဖြေကို ကျွန်တော့်အနေနဲ့ ထပ်ပြီးဆွေးနွေးချင်ပါတယ်။ ကိုရဲရင့်သစ္စာပြောသွားတာက-

[ကျွန်တော့် အမြင်ပြောရရင်တော့ တရားဝင်နိုင်ငံသားဘင်္ဂလီတွေမြန်မာ့မြေပေါ်ရှိနေခြင်း ဟာ မြန်မာမွတ်စလင် တွေနဲ့ တစ်ခြားဘာသာဝင် မြန်မာတွေကြားမှာ ဘာပြဿနာမှ မရှိပါဘူး။ သမိုင်းသင်ခန်းစာ အများကြီးရထားတဲ့ ဆင်ခြင်တုံတရားရှိတဲ့ နိုင်ငံသားတွေက တော့ ပြဿနာ ကိုရှောင်ကြမှာ အသေအချာပါဘဲ။]

ဒီအချက်ကိုတော့ ကျွန်တော်သဘောမတူပါဘူး။ လောလောဆယ်ဖြစ်သွားတဲ့ ကျောက်နီမော်လူသတ်မှုနဲ့ ဆက်နွယ်ပြီး တောင်ကုတ်မှာ လူသတ်မှုကြီးတစ်ခုဖြစ်သွားခဲ့တယ်။ ပြဿနာရဲ့အစဟာ ဘင်္ဂလီတွေဆီကနေ စတာပါ။ တရားဝင်နိုင်ငံသား ဘင်္ဂလီ အရေအတွက်နည်းနည်းရှိခြင်းဟာ မြန်မာလူနေမှုစနစ်ထဲ အလွယ်တကူ ရောနှောစိမ့်ဝင်သွားနိုင်ပေမယ့် ခုမြန်မာပိုင်နက်အတွင်းမှာ ဘင်္ဂလီအများအစားရှိခြင်းကတော့ အလားတူဆိုးဝါးတဲ့ ပြဿနာပေါင်းမြောက်မြားစွာ ဆက်ပြီးဖြစ်ပေါ်စေပါလိမ့်မယ်။ သမိုင်းသင်ခန်းစာဘယ်လောက်ပဲရရ၊ မီးပွားလေးတစ်စက တစ်မြို့လုံးကို မီးလောင်တိုက်သွင်းပစ်နိုင်သလို ကိုယ့်သွေးကိုယ်သားကို ထိပါးလာရင် ဘင်္ဂလီပဲဖြစ်ဖြစ်၊မြန်မာပဲဖြစ်ဖြစ် ဘယ်သူမှဆင်ခြင်တုံတရား နှလုံးသွင်းနိုင်ဖို့ မလွယ်ပါဘူး။ ဗြိတိသျှတွေမွှေးခဲ့တဲ့ ဒီရန်ငြိုးတွေဟာ ကမ္ဘာတည်သရွေ့တည်ရှိနေအုန်းမှာပါပဲ။ နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်းနေဖို့ ကြိုးစားမယ်ဆိုရင်တောင်မှ မတော်တဆပဲဖြစ်ဖြစ်၊ အဓိကရုန်းဖန်တီးလိုတဲ့ တစ်စုံတစ်ယောက်ကလုပ်လို့ပဲဖြစ်ဖြစ် အချိန်မရွေးသွေးမြေကျမှုတွေ ထပ်ဖြစ်လာပါလိမ့်မယ်။

ခုချိန်မှာ မြန်မာဗုဒ္ဓဘာသာအများစုက မြန်မာမူဆလင်တွေကို ဘင်္ဂလီရိုဟင်ဂျာနဲ့ခွဲခြားပြီး မြင်နေပါသေးတယ်။ အကယ်၍ ဘင်္ဂလီတွေသာ မြန်မာနိုင်ငံသားဖြစ်လာခဲ့မယ်ဆိုရင် မြန်မာမူဆလင်တွေရဲ့ သမိုင်းဟာ ဘင်္ဂလီတွေရဲ့အရိပ်ဆိုးလွှမ်းမိုးခံရပြီး အစ္စလာမ်ဘာသာဟာလည်း သူတို့ရဲ့စရိုက်ဆိုးတွေကြောင့် ပိုပြီးနာမည်ပျက်မယ့် အလားအလာတွေရှိနေတယ်လို့ မြင်မိပါတယ်။

ယုံကြည်ချက်ခြင်းမတူတဲ့အတွက် ကိုရဲရင့်သစ္စာရေးတဲ့အကြောင်းအရာတွေကို ရာနှုန်းပြည့်မကြိုက်ပေမယ့် အဆင့်အတန်းရှိတဲ့ ရေးသားတင်ပြပုံကို တကယ်ပဲနှစ်သက်မိတယ်ဆိုတာ ၀န်ခံပါရစေ။ အမြင်ချင်းမတူပေမယ့် ရေးတာကြိုက်လို့ လိုက်ဖတ်နေတဲ့ စာဖတ်ပရိသတ်တစ်ယောက်အဖြစ် ကျွန်တော့်ကိုမှတ်ယူပေးစေချင်ပါတယ်။ နောက်လည်း အခွင့်အခါသင့်ရင် အေးအေးဆေးဆေး ဆွေးနွေးခွင့်ရချင်ပါသေးတယ်

                                                                                                မြတ်သိန်းထွန်း(၂၅၊၆၊၂၀၁၂)

ရဲရင့်သစ္စာ-ကို Myat Thein Tun အားဖြေကြားခြင်း

No comments:

Post a Comment

 
Blogger Widgets