Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Tuesday 19 June 2012

ရခိုင်နှင့်ဘင်္ဂလီများအကြား လုံခြုံရေးတပ်ချထားပေးရန် ရခိုင်ဆရာတော်ကြီးများတောင်းဆို

မိုးဝေ- ရခိုင်ပြည်နယ်(မြစ်မခ)


ဇွန်(၁၉)ရက်။၂၀၁၂ခုနှစ်။


ရခိုင်ပြည်နယ်ရှိ လူမျိုးများအကြား ငြိမ်းချမ်းစွာနေထိုင်သွားနိုင်ရန်အတွက်  ဒေသခံရခိုင်လူမျိုးများနှင့် အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီများအကြား လုံခြုံရေးတပ်များ ချထားပေးရန် ဂိုဏ်းပေါင်းစုံသံဃာ့သာရေး/နာရေးအသင်းမှ ဆရာတော်ကြီးများက   တောင်းဆိုခဲ့သည်။

အဆိုပါတောင်းဆိုချက်အား ဆရာတော်ကြီးများက ဇွန်လ(၁၇)ရက်နေ့ စစ်တွေမြို့ ကျောင်းတက်လမ်းရပ်ကွက် ကျားရုပ်ကျောင်းတွင်   ပြုလုပ်ခဲ့သော စစ်တွေမြို့နယ်လုံးဆိုင်ရာ ဂိုဏ်းပေါင်းစုံသံဃာ့သာရေးနာရေးအသင်း၏ အစည်းဝေးတွင် ဆရာတော်ကြီးများက အချက်အလက်အချို့အား တောင်းဆိုခဲ့ခြင်းဖြစ်သည်။

“ဦးဇင်းတို့တောင်းဆိုတာက ဘင်္ဂါလီတွေကို စစ်တွေမြို့ဝေးတဲ့နေရာမှာထားဖို့ရယ်၊ ရခိုင်နဲ့ ဘင်္ဂလီများအကြား လုံခြုံရေး တပ်တွေ ထားရှိဖို့ရယ် စတဲ့ အချက်တွေကို အစည်းဝေးသို့ကြွရောက်လာကြတဲ့ ဆရာတော်ကြီးတွေက တညီတညွတ်   တောင်းဆိုလိုက် တာဖြစ်ပါတယ်၊ ရခိုင်ပြည်နယ်အစိုးရဆီလည်း တင်ပြထားပါတယ်”ဟု အစည်း အဝေးသို့ တက်ရောက်ခဲ့သည့် ဆရာတော်တစ်ပါးက မိန့်ကြားသည်။

လက်ရှိအနေအထားတွင် နှစ်ဖက်တည်ငြိမ်နေသော်လည်း ဘင်္ဂါလီနှင့်ရခိုင်တို့ အကြား မကြာခဏပြဿနာများ   ပေါ်ပေါက်လာသည့်နိုင်သည့်အတွက် ယခုကဲ့သို့ တောင်းဆိုလိုက်ရခြင်းဖြစ်ကြောင်းကိုလည်း ဆရာတော်က မိန့်သည်။

“ ဒီပြဿနာက မလွဲမသေဖြစ်လာမှာဘဲ၊ ရခိုင်မှာဘင်္ဂါလီနဲ့ ရခိုင်ကအမြဲတမ်းလိုလိုပြဿနာဖြစ်နေတာ၊ အခု ဖြစ်သွားတဲ့ပြဿနာက ကြီးမားတဲ့ပြဿနာပါ၊ ဒီတော့ နှစ်ဖက်စလုံးက ကျေနပ်ကြမှာမဟုတ်ဘူး၊ ဒါကို သက် ဆိုင်ရာ အာဏာပိုင်တွေက စနစ်တကျဖြေရှင်းရမှာ ’’ဟု ဆရာတော်က မိန့်ကြားသည်။

ရခိုင်ဆရာတော်ကြီးများ၏ တောင်းဆိုချက်များမှာ (၁) ဘင်္ဂါလီများကို စစ်တွေမြို့မှ ဝေးရာနေရာတွင် ချထား ပေးရန်၊ (၂) ရခိုင်နှင့် ဘင်္ဂလီအကြားတွင် လုံခြုံရေးအတွက် တပ်ရင်းများချထားပေးရန်၊ (၃)ရခိုင်ပြည်နယ် အတွင်း ဝင်ရောက်နေထိုင်နေသော ဘင်္ဂလီများကို နိုင်ငံသားစိစစ်ရေးကဒ်ပြားရှိ/ မရှိ စစ်ဆေးပြီးမှ မရှိသော ဘင်္ဂလီများကို ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတွင် မထားရှိရန်စသည့်အချက်များအပြင် ရခိုင်ဒေသခံ များအတွက် ဘင်္ဂလီများမှ ရောင်းချနေသော ပန်းများကို ဘုရားမတင်ရန်နှင့် ဘင်္ဂလီများအား အလုပ်အကိုင် အခွင့်အလမ်း မပေးရန် စသည့်အချက်များကိုလည်း နှိုးဆော်ထားကြောင်း သိရသည်။



No comments:

Post a Comment

 
Blogger Widgets