Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Monday 25 June 2012

မောင်တော အလိုတော်ပြည့်ကျောင်းတိုက် ဒုက္ခသည် (၅၀၀)ကျော် လက်ခံစောင့်ရှောက်ထား

အလိုတော်ပြည့်

Print
မောင်တော အောင်မြေဗောဓိဓမ္မရိပ်သာ အလိုတော်
ပြည့်ကျောင်းတိုက် ဒုက္ခသည် (၅၀၀)ကျော် လက်ခံ
စောင့်ရှောက်ထား ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင်
ဖြစ်ပေါ်လျှက်ရှိသော ဆူပူမူ အကြမ်းဖက်မူများတွင်
ဒုက္ခရောက်နေသူများအား လက်ခံကယ်ဆယ်သေစောင်
့ရှောက်လျက်ရှိသည့်အခြေအနေများအား အောင်မြေဗော
ဓိဓမ္မရိပ်သာ အလိုတော်ပြည့်ကျောင်းတိုက်
(မောင်တော ဆရာတော်)ဦးမဏိသာရကိုဇွန် ၁၄ ရက်
ညနေ ၃း၀၀ နာရီက ဖုန်းဖြင့်ဆက်သွယ်မေးမြန်းပြီ
ဖော်ပြလိုက်ပါသည်။
မောင်တော အလိုတော်ပြည့်ကျောင်းတိုက် ဒုက္ခသည် (၅၀၀)ကျော် လက်ခံစောင့်ရှောက်ထား ရခိုင်ပြည်နယ်
မောင်တောမြို့နယ်တွင်
ဦးဇင်းစခန်းမှာ ၅၀၀ ကျော်သွားပြီ။ဦးဇင်းစခန်းမှာကျွေးမွေးရတဲ့လူကလုံခြုံရေးက အယောက် ၄၀ စစ်တပ် အဖွဲ့ဝင်က တစ်
ယောက် မင်္ဂလာဒုံစစ်ဆေးရုံက နောက်ပြီးတော့ဒုက္ခသည်က ဒီနေ့လည်းထပ်ရောက်ဖို့ရှိတယ်။ အခု ၅၀၂ ယောက်ရှိတယ်။
ဒုက္ခသည်က ၅၀၂ ဆိုရင် အဲဒီမှာတင် လုပ်အားပေးအဖွဲ့ကနေ ပြီးတော့ အယောက် ၂၀ ရပ်ကွက်ထဲကနေပြီးတော့ ဦးဇင်းတို့စာရင်း
သွားကောက်တဲ့ ဒုက္ခသည်ကအယောက် ၃၀ ဆိုတော့ ခြောက်ရာကျော်မလားမသိဘူး ကိုယ်ရပ်ကွက် လူတွေကတော့ စာရင်း
မထည့်ထားဘူးလေး။

ဒုက္ခသည်ကျတော့ စာရင်းလုပ်ထားတယ်။စစ်တပ်ဖွဲ့ဝင်တို လုံခြုံရေးအဖွဲ့ဝင်တို့လုပ်ထားတယ်။နည်းနည်းပါးပါးတော့ ဒီမှာငြိမ်း
နေပြီ။ ဒါပေမဲ့ စိတ်ချရတဲ့အခြေအနေမှာမရှိသေးဘူး မနက်ဖြန်တစ်ပတ်ပြည့်တဲ့အခါကျတော့ အဲဒါကို စိုးရိမ်းနေကြတယ်။
ဒါပေမဲ့ လုံခြုံရေးတွေကတော့သူတို့ တာဝန်ယူစောင့်ရှောက်နေကြပါတယ်။
အားလုံးတော့ကောင်းသွားမယ်လိုထင်တယ် ဦးဇင်းကတော့ မြန်မာတွေလည်းပါတယ်။ ရခိုင်တွေလည်းပါတယ်။ ဒိုင်းနက်လည်း
ပါတယ်။ဘင်္ဂါလီလည်းပါတယ်။သက်လည်းပါတယ်။မြန်မာရွာတွေကကိုင်းကြီးတို့ ခရေမြိုင်တို့ဆိုတာ ဗမာရွာတွေ။ အဲဒီရွာတွေ
လည်းအကုန်လုံးမီးရို့ခံရတယ်။ညက ဗိုလ်ချုပ်ကြီးသိန်းဌေးကတော့ ဆန်အိတ်နှစ်ဆယ်။ဟိုတလောက ထောက်ပိုကနေလာ
ပိုတာကနှစ်ဆယ်။ အခုဦးဇင်းတို့ကျောင်းမှာ ဆန်အိတ်လေးဆယ် ကျန်တာတွေ ကတော့ ဦးဇင်းမှာပုဂ္ဂလိကတွေက လှူတာ
တွေ ဟိုကလှူတာတွေ အဲဒါတွေနဲ့ ဆန်အိတ်တစ်ရာနီးပါးလောက်တော့ရှိတယ်။တစ်နေ့ကို ၇ အိတ်လောက်တော့ကုန်တယ်။
ဒီညနေ ဒုက္ခသည်ရောက်နေသူတွေထပ်ရောက်ဦးမယ်။

No comments:

Post a Comment

 
Blogger Widgets