Myanmar Medianm's Facebook
ကျောက်တော်မြို့ တွင် စခဃ - ၉ မှ ဒုဗိုလ်မှူးကြီး စိုးဝင်းအောင်သည် ကျောက်တော်မြို့ ဘင်ဂါလီဘာသာရေးခေါင်းဆောင် နာဆင်း ထံမှ ငွေကျပ် သိန်း ၂၀၀၀ ယူကာ ဘင်ဂါလီလူမျိုးများအား အကာကွယ်ပေးမည်ဟုဆိုပြီး ရယူခဲ့သည်။ ရခိုင်ပြည်တွင်ဖြစ်ပွားနေသော ပရိပက္ခများ စစ်တွေမြို့  နှင့် နီးသော ကျောက်တော် မြို့  သို့ မကူးစက်မှီအချိန်တွင် ဘင်ဂါလီများမှ မြို့ ပြင်သို့ တိမ်းရှောင်သွားကြသည် ။ ထို့ နောက် အဆိုပါ ဘာသာရေးခေါင်းဆောင် နာဆင်းသည် ကျောက်တော်အခြေစိုက်တပ်ရင်းမှ ဒုဗိုလ်မှူးကြီး စိုးဝင်းအောင် နှင့် တပ်မ မှုးတို့နှင့် သွားရောက် ညှိနိုင်းခဲ့ပြီး ယခုကဲ့သို့  အပေးအယူ ဖြစ်ပြီးနောက် ပထမ အရစ်အဖြစ် ငွေကျပ် သိန်း ၈၀၀ ကို မနေ့ညနေပိုင်းက ပေးအပ်ခဲ့သည်ဟု သိရပါသည်။ ထို့ နောက် မြို့တွင်းသို့  လှည့်လည်ကာ မြို့ မှထွက်ခွာသွားကြသော ဘင်ဂါလီများ ပြန်လည်ရောက်ရှိလာပါက ရခိုင်တိုင်းရင်းသားဒေသခံများမှ စောင့်လျှောက်ကြရန် ၊ ရပ်ကွက်များလမ်းများအတွင်း လုံခြုံရေးကင်းစောင့်ခြင်းများမပြုကြရန်၊ လူစုလူဝေးများ မပြုလုပ်ကြရန် ၊ ဒုတ်ဓါးလက်နက်များကိုင်ဆောင်ခြင်းမပြုကြရန် အမိန့်ထုတ်ပြန်ခဲ့သည်ဟုသိရပါသည်။ယခုသတင်းသည် စစ်တပ်နှင့်နီးစပ်သော အတွင်းသိတဦးထံမှ ပေးပို့ လာသောသတင်းဖြစ်ပြီး သက်ဆိုင်ရာမှ ထိရောက်စွာအရေးယူပေးနိုင်ရန်တင်ပြလိုက်ပါသည်။လက်ရှိအချိန် ကျောက်တော်မြို့ခံသည် အဆိုပါ သတင်းများကြောင့်စိုးရိမ်ပူပန်မှုများ တိုးပွားလာလျှက်ရှိသည်

No comments:
Post a Comment