မြန်မာ့အရေး . . . တွေးပြီး ရင်လေးပါတယ်
စ လာပါပြီ။
ထွက်သွားတုန်းက တဆယ် ပြန်ဝင်လာရင် တထောင်တသောင်းမက ဆိုတာ
မှတ်မိကြဦးမယ်။
ဘင်္ဂလားဒေ့ရှ်ပါလီမန် က ချိုချိုကလေးနဲ့ “ရိုဟင်ဂျာ” တွေကို မြန်မာပြည်ထဲ
သွပ်သွင်းဖို့ အားထုတ်နေတယ်။ ဒီလိုအရေးကိစ္စမှာ “ရိုဟင်ဂျာ” တွေဟာ မြန်မာနိုင်ငံသားတွေ မဟုတ်ဘူး ဆိုတာ အခိုင်အမာ ချက်နဲ့လက်နဲ့ သက်သေပြပြီး ချေပဖို့လို၊ မြန်မာနိုင်ငံအနေနဲ့ ဒီလူတွေကို
လူသားချင်းစာနာထောက်ထားမှုနဲ့သာ လက်ခံထားတာဖြစ်ပြီး(ပြည်တွင်း ရောက်နေပြီးသား လူတွေကို) သူတို့ဟာ မြန်မာနိုင်ငံသားတွေ လုံးဝ မဟုတ်ဘူး ဆိုတာကို ခိုင်ခိုင်မာမာ ငြင်းဖို့လိုပါလိမ့်မယ်။
နို့မို့ဆိုရင်တော့ ဒီလိုနည်းနဲ့ပဲ ရခိုင်ပြည်နယ် တခုလုံး ဘင်္ဂါလီများနဲ့ ပြည့်သွားပါလိမ့်မယ်။ ကိုယ်ကျိုးစီးပွားတခုထဲကို ရှေ့ရှုခဲ့တဲ့
နှစ် ၅၀ စာ အကျင့်ပျက်ဝန်ထမ်းတွေ၊ နှစ် ၅၀ ရှေ့က မဲဝယ်ခဲ့တဲ့ နိုင်ငံရေး သမားတွေကြောင့် ကျနော်တို့ ဒီကနေ့ ဒီလို ရင်တမမ မ နေရတဲ့ အခင်းအကျင်းကို ရင်ဆိုင်နေရတာ။ ဒါကိုလည်း သင်ခန်းစာယူ၊ ဒါမျိုးနောက်
ဘယ်တော့မှ မဖြစ်တော့အောင်လည်း ပြတ်ပြတ်သားသား စည်းမျည်းစည်းကမ်းတွေ ထုတ်၊ ဥပဒေတွေ ပြဋ္ဌာန်းဖို့လိုပါတယ်။
နေရာတကာမှာ စည်းမျည်းစည်းကမ်းဥပဒေတွေ ပြဋ္ဌာန်းတာဟာ အာဏာရှင်စနစ်ကို ပြန်သွားနေတယ် လို့ တချို့တွေက ထင်ကြတယ်။ မဟုတ်ပါဘူး။ စည်းမျည်းစည်းကမ်းဥပဒေတွေ အမေရိကားမှာထက် တင်းကြပ်တာ ရှိဦးမလားဗျာ။ ကိုယ့်အိမ်ထဲကိုယ့်သားသမီး၊ သားမယား ကို ရိုက်ရင်တောင် အရေးယူလို့ရတယ်။ ကလေး ကို မရိုက်ရ ဆိုတာ စည်းကမ်း ဥပဒေ ပြဋ္ဌာန်းထားတယ်။ မိန်းမ ကို မရိုက်ရ ဆိုတာ စည်းကမ်းဥပဒေ ပြဋ္ဌာန်းထားတယ်။
လမ်းကို သတ်မှတ်ထားတဲ့ နေရာမှာပဲ ကူးရမယ် လို့ စည်းကမ်းဥပဒေ ပြဋ္ဌာန်း ထားတယ်။ တချိန်တည်းမှာ လမ်းဖြတ်ကူးသူဟာ
ဘယ်နေရာကပဲ ကူးကူး၊ မောင်းလာတဲ့ကားတိုင်း လမ်းဖြတ်ကူးသူတွေ့ရင်
ရပ်ပေးရမယ် လို့လည်း ပြဋ္ဌာန်းထားတယ်။ လမ်းကို စည်းကမ်းမဲ့ကူးသူ ကို
အရေးယူမှုကသပ်သပ်၊ အန္တရာယ်ကင်းအောင် ကာကွယ်ပေးတဲ့ စည်းကမ်းဥပဒေ က သပ်သပ်ပါ။
အရက်ပုလင်း၊ အရက်ခွက်ကိုင်ပြီး အများသူငါ လမ်းပေါ်မှာ သွားလာတာမပြုရ။
သွေးထဲမှာ ၀.၀၈% အယ်လ်ကိုဟော တွေ့တဲ့ ယာဉ်မောင်းကိုဖမ်းတယ်။
စသဖြင့် စည်းကမ်းဥပဒေ တွေကို တင်းတင်းကြပ်ကြပ် ပြဋ္ဌာန်းထားတယ်။
ပန်းခြံထဲ စုံတွဲတွေ မဖွယ်မရာ လုပ်ဖို့ မပြောနဲ့ Hall pass ဆိုတဲ့ ရုပ်ရှင်ကားထဲမှာသူ့ကားပေါ်မှာ သူ့ဖါသာ တကိုယ်ရည် စိတ်ဖြေမိတဲ့ အရွယ်ရောက်ပြီး အိမ်ထောင်ရှင်အမျိုးသား ကို ဖမ်းတာ ပြ ထားတယ်။ အပြင်မှာ တကယ်ပြဋ္ဌာန်းထားလို့သာ အဲဒီလို စည်းကမ်း ဥပဒေ
ကို ပြဋ္ဌာန်းထားတာ လို့ ထင်ပါတယ်။
ဒါကြောင့် သင်္ကြန်တုန်းကလည်း အရက်သေစာ သောက်စားတာတွေ၊ သရုပ်ပျက်ဝတ်စားဆင်ယင်မှုတွေကို စည်းမျည်းစည်းကမ်းဥပဒေတွေနဲ့ တင်းတင်းကြပ်ကြပ်ထိန်းသင့်တယ် လို့ ရေးခဲ့တာပါ။
နည်းနည်းတောင် ဘေး ရောက်သွားပြီထင်တယ်။
အဓိက ပြောချင်တာက “ရိုဟင်ဂျာ” ရေးကို ဘင်္ဂလားဒေ့ရှ် က “လွှတ်တော်” နဲ့ ကိုင်လိုက်တာ “ဒီမိုကရေစီ” နည်းလမ်းတကျ လို့ ပါးပါးနပ်နပ် လုပ်ပြ
လိုက်တာ။
ဒါကို မြန်မာအစိုးရအနေနဲ့ ဒီိလိုပဲ ဒီမိုကရေစီ နည်းလမ်းတကျ အများပြည်သူ
ရဲ့ သဘောဆန္ဒ နဲ့အညီ “ရိုဟင်ဂျာ သည် မြန်မာနိုင်ငံသား မဟုတ်” ဆိုတာ
ရယ်၊ တရားမ၀င် ကူးသန်းခိုးဝင်လာတဲ့ ရိုဟင်ဂျာ တိုင်း ဘယ်လို ကိုင်တွယ်
ဖြေရှင်းမယ်၊ ဒါမှ မဟုတ်ဘယ်လို နယ်စပ် က မောင်းထုတ်မယ် ဆိုတာမျိုးတွေရယ်ကို စည်းမျည်းစည်းကမ်းဥပဒေ နဲ့ကို ရေးဆွဲ ကိုင်တွယ် ဖို့
လိုပါတယ်။
အများပြည်သူ ဆန္ဒနဲ့ လွှတ်တော် က ပြဋ္ဌာန်းတဲ့ ဥပဒေ နဲ့မှ နိုင်ငံတကာ က
ဒီ ဥပဒေကို လေးစား၊ အလေးထား စဉ်းစားပေးကြမယ် ဆိုတာလည်း မမေ့ပါနဲ့။
တဆက်တည်း ထောက်ပြချင်တာ
“ဒီလို မတည်ငြိမ်တဲ့ အခြေအနေတွေကို တမင်တကာ ဖန်တီးပြီး အရေးပေါ်
အခြေအနေအရ တပ်မတော်က အာဏာကို ခေတ္တ ထိန်းသိမ်းပြီး အုပ်ချုပ်ရတယ်” ဆိုတာမျိုး ဖန်တီးလိုက်ရင်၊
ခင်ဗျားတို့ ဆုံးဖြတ်ချက်တွေဟာ “ဘင်္ဂလားဒေ့ရှ် ပါလီမန်လောက် အားမကောင်းတော့ဘူး” ဆိုတာပါပဲ။ အဲဒီအခါကျရင် ရိုဟင်ဂျာတွေ တိုင်းပြည်ထဲ ကို နိုင်ငံတကာ ဖိအားနဲ့ အလုံးအရင်း သွင်းရမယ်။ အဆုံးမှာ
လူဦးရေအရ ကိုယ်ပိုင်အုပ်ချုပ်ရေး၊ ဒါမှမဟုတ်ပြည်နယ် ခွဲပေးလိုက်ရမယ်။
ဒီနည်းနဲ့ ဘင်္ဂလားဒေ့ရှ် ရဲ့ နယ်ချဲ့တာ ကို ခံကြရမယ်။
တပ်မတော်ခေါင်းဆောင်တချို့တွေနဲ့  ဧရာဝတီကိုချစ်ပါတယ် လို့ ကြူကြူပါအောင် ငိုပြခဲ့တဲ့ သူတွေသာ တိုင်းပြည် ကို တကယ်ချစ်တယ် ဆိုရင်
တိုင်းပြည်အတွက် တကယ်လုပ်သင့်လုပ်ထိုက်တဲ့ အလုပ်တွေကိုသာ လုပ်ဖို့
တိုက်တွန်းချင်တယ်။
မြန်မာတွေ စည်းကမ်းဖေါက်လို့ ထီးနန်းပျောက်ခဲ့ဖူးတာကို သတိရပါ။
မြင်ကွန်း မြင်းခုံတိုင် က စ လို့ သီပေါနန်းတက်တဲ့အရေးအခင်းမှာ မက္ခရာမင်းသားကြီးလို၊ အရည်အချင်းရှိတဲ့ မင်းညီမင်းသားပေါင်းများစွာ လုပ်ကြံ သတ်ဖြတ်ခဲ့တယ်။ ကင်းဝန်မင်းကြီး ဦးကောင်း လို လူမျိုးကလည်း
“အရည်အချင်းမရှိတဲ့ သီပေါ” လို လူမျိုးမှ သူလိုရာ ကြိုးဆွဲနိုင်မယ့် စည်းမျည်းခံ ဘုရင်စနစ်ကို ပုံသွင်းလို့ရမယ် ဆိုပြီး ပင်း ခဲ့တယ်။ ဒီလိုနဲ့
ကိုယ့်အချင်းချင်း အာဏာလုရာကနေ တိုင်းပြည် လွတ်လပ်ရေး ဆုံးရှုံးခဲ့ရတယ်။ အဲဒီ အရေးကို အဲဒီခေတ် အင်္ဂလိပ်သတင်းစာတွေ၊ ဥရောပ တချို့သတင်းစာတွေမှာ
“မြန်မာတွေဟာ ကိုယ့်သွေးရင်း သားရင်းချင်းတောင် ရက်ရက်စက်စက် သတ်
ဖြတ်တတ်တဲ့ အရိုင်းအစိုင်းတွေ” အနေနဲ့ ရေးသားခဲ့တယ်။
ဆရာနတ်မောက်ဘုန်းကျော် ရဲ့ စာအုပ်တွေထဲမှာ အကိုးအကားတွေ အတိ
အကျ ပါပါတယ်။ ရှာဖတ်ကြည့်ပါ။
ဒီနေ့ အခြေအနေဟာ ဘာမှန်း မသိရသေးပေမယ့် မြန်မာ့သမိုင်း မှာ တိုင်းပြည်တခါ ပျက်ခါနီးတိုင်း ဖြစ်ရတဲ့ အခြေအနေမျိုးတွေနဲ့ တူနေတယ်။
ပထမမြန်မာနိုင်ငံ၊ ဒုတိယမြန်မာနိုင်ငံ၊ တတိယမြန်မာနိုင်ငံ အပြောင်းအလဲ
ကာလတွေတိုင်းမှာ ဒီလိုပဲ နယ်နမိတ်တွေ ထိပါးခံရ၊ ပြည်တွင်းမှာ မငြိမ်မသက်မှုတွေ ကြုံရနဲ့။ သေချာလေ့လာပါ။
အဓိက နောက်ကွယ်မှာ ဘာတွေ ဖြစ်နေတယ် ဆိုတာ ကို ဘယ်သူမှ တပ်အပ်မပြောပေမယ့် မသင်္ကာစရာကောင်းလှတယ်။
သမ္မတဟာ မိန့်ခွန်းတကြိမ်သာ ထွက်ပြောပြီး အစိုးရတဖွဲ့လုံး လွှတ်တော်ဥက္ကဋ္ဌဦးရွှေမန်းက အစ ပျောက်နေတယ်။
အခြေအနေတွေကို ဒါ့ထက်ဆိုးအောင် လုပ်ပြီး တပ်မတော်ကို အာဏာလွှဲ ပေးဖို့ သမ္မတ ကို အကြပ်ကိုင်မလား လို့ တွေးကြည့်တယ်။
(ဇာတ်ညွှန်းရေးတယ် ဆိုချင်ဆိုပါ)
ပြီးမှ တပ်မတော်က ရွေးကောက်ပွဲ ပြန်ကျင်းပမယ်။ လက်ရှိ အနေအထားကို
ပျက်ရုံလောက်ကလေး ကစားမလားလို့။
ကျနော် ဦးအောင်သောင်း၊ ဦးကျော်ဆန်းတို့ကို မယုံပါဘူး ခင်ဗျား။
ပြည်သူတွေအနေနဲ့ သူတို့အမျိုးမျိုး လှုံ့ဆော်တာတွေထဲ ကို မပါရအောင်
သတိဝိရီယ ရှိဖို့လိုပါတယ်။ မြန်မာမွတ်စလင်များအနေနဲ့ မြန်မာပြည်ကို
ချစ်ရင်၊ မြန်မာပြည်သားပီသချင်ရင် “ဒီရိုဟင်ဂျာ” အရေးမှာ တိုင်းပြည်ဘက်
က ပြတ်ပြတ်သားသား ရပ်ပြဖို့လိုသလို၊ ဒေသအသီးသီးက ကျောင်းသားသမဂ္ဂတွေ၊ ရဟန်းရှင်လူအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်း လက်တွဲပြီး “မသမာသူတွေ” ကို ကာကွယ်ပါ။
လူတိုင်း ကင်မရာ တွေ၊ ဖုန်းတွေ ဆောင်ထားကြပါ။ မသမာသူတွေရဲ့ လှုပ်ရှားမှုတွေကို ဖေါ်ထုတ်ကြပါ။
ဘုရားကျောင်းကန်၊ ဗလီတွေမှာ လျှို့ဝှက်ကင်မရာတွေ တပ်ဆင်ထားပါ။
အလှည့်ကျ ကင်းစောင့်မှုတွေ ပြုပါ။
စွမ်းအားရှင်တွေဟာ တိုင်းပြည် မဆူဆူအောင် အဓိကရုဏ်း မပြန့်ပြန့်အောင် လုပ်နိုင်ပါတယ်။
ချိုတူးဇော်

တပ်မတော်ခေါင်းဆောင်တချို့တွေနဲ

No comments:
Post a Comment