Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Sunday 24 June 2012

စစ်တွေမြို့ နောက်ဆုံးရသတင်းများ

ဒီမိုးဝေယံ



စစ်တွေ လေဆိပ်ကို ရောက်ရှိလာတဲ့ မြန်မာနိုင်ငံ မီးသတ်နဲ့ ကြက်ခြေနီအဖွဲ့.. (AP)

စစ်တွေမြို့ နောက်ဆုံးရသတင်းများ..

ဇွန်လ၂၃ရက်နေက စစ်တွေမြို့ ဘင်္ဂလီများ နေထိုင်ရာ သံတော်လီရွာအား စစ်တပ်နှင့် လုံခြုံရေး ရဲများမှ ဝင်ရောက်စီးနင်း ရှာဖွေခဲ့ပါတယ်..။ ပြီးခဲ့တဲ့ ဇွန်လ ၁၁ ရက် နေ့က ရခိုင်တိုင်းရင်းသားများ နေထိုင်ရာ ဗျိုင်းဖြူကျေးရွာနှင့် သံတော်လီကျေးရွာ ပဋိပက္ခ၌ ရခိုင်တိုင်းရင်းသား ၅ဦးသေဆုံးခဲ့ပြီး ဘင်္ဂါလီတဦး သေဆုံးခဲ့ကြသည်..။ အဆိုပါ ဖြစ်စဉ်အတွင်း အကြမ်းဖက် လူသတ် မီးရှို့ဖျက်ဆီး ခဲ့ရာမှာ ပါ...ဝင်သူ ဘင်္ဂလီများအား ဓာတ်ပုံမှတ်တမ်းများနှင့် တကွ သွားရောက်ဖမ်းဆီး အရေးယူခဲ့ကြောင်း သိရှိရပါသည်။

ဘင်္ဂလီများနေထိုင်ရာ သံတော်လီ ကျေးရွာသို့ ဦးစွာပထမ တပ်မတော် စစ်ကြောင်းမှ သေနတ် မိုးပေါ်ထောင်ပစ်ကာ ဝင်ရောက် နေရာယူခဲ့ပါတယ်..။ ထို့နောက် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များမှ ဝင်ရောက် ရှာဖွေစစ်ဆေးခဲ့ပြီး အဓိကပါဝင် သူအချို့အား ဓာတ်ပုံ မှတ်တမ်းများနှင့်တကွ ဖမ်းဆီးခဲ့ပါသည်။ ၂၃ရက်နေ့ညကလည်း စစ်တွေမြို့တွင် ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ထားသည့်ကြားမှ နေရာအချို့မှာ မီးရှို့ရန် ကြံစည်မှုများ ရှိခဲ့ပြီး မီးဘေး အချက်ပေး သံချောင်း ခေါက်သံများ မကြာခဏ ကြားနေရကြောင်း သိရသည်..။ စစ်တွေမြို့တွင်း လမ်းမပေါ်များ၌ ယခင်ကကဲ့သို့ ဘင်္ဂလီများအား တွေ့ရှိရခြင်း မရှိဟု သိရှိရပြီး ငွေကြေးချမ်းသာသူ ဘင်္ဂလီအချို့ ရန်ကုန်သို့ လေယာဉ်ဖြင့် ထွက်ခွာ နေကြကြောင်း သိရှိရသည်။ (၂၃)ရက်နေ့က မြန်မာနိုင်ငံသား မှတ်ပုံတင် ကိုင်ဆောင်ထားသူ ဘင်္ဂလီလူမျိုးလေးဦး စစ်တွေ ရန်ကုန်လေယာဉ် ခရီးစဉ်တွင် စီးနင်းလိုက်ပါ သွားကြောင်း လေဆိပ်ဝန်ထမ်းတဦး အဆိုအရ သိရှိရသည်။

စစ်တွေမြို့ပေါ်တွင် ဓာတ်ပုံ မှတ်တမ်းတင် ရိုက်ကူးသူ အချို့အား စစ်တွေမြို့ခံလူထုမှ သင်္ကာမကင်း ဖြစ်နေကြကြောင်းနှင့် ဘင်္ဂလီ ရိုဟင်ဂျာများရဲ့ ငွေကြေးထောက်ပံ့မှုကို ရယူထားသူအချို့မှ ဓာတ်ပုံမှတ်တမ်းများ ရိုက်ကူးကာ နိုင်ငံတကာသို့ ဝါဒဖြန့် သတင်း ဓာတ်ပုံများ ပေးပို့နေသည်ဟူသော သတင်းများ ထွက်ပေါ်နေမှုကြောင့် ဓာတ်ပုံ မှတ်တမ်းတင် ရိုက်ကူးသူအချို့အား နယ်မြေခံများမှ အမြင်မကြည်လင် ဖြစ်နေကြောင်း သိရှိရသည်...။

ထို့အတူ အခြား ရခိုင် တိုင်းရင်းသား လူမျိုးများ၏ နေအိမ်များအား မီးကူးဆက်စေရန် အလို့ငှာ မိမိနေအိမ်အား ပြန်လည်မီးရှို့ထွက်ပြေးကြသည့် ဘင်္ဂလီများ၏ လူမဆန်သည့် လုပ်ရပ်များ၌ မီးလောင်ကျွမ်း ပျက်ဆီးသွားသည့် မိမိနေအိမ်၏ တန်ဖိုးငွေ ၂ဆအား အကြမ်းဖက် မီးရှို့သူများနှင့် ပတ်သက်နေသည့် အဖွဲ့အစည်းအချို့မှ ငွေကြေးများ ထောက်ပံနေသည်ဟူသော သတင်းများ ထွက်ပေါ်နေကြောင်း သိရှိရသည်။

No comments:

Post a Comment

 
Blogger Widgets