Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Wednesday 13 June 2012

အကြမ်းဖက်ခံနေရသော ရခိုင်တိုင်းတိုင်းရင်းသားများထံမှ ဒုတ်၊လေးဂွ စသည်များအားသိမ်း

The Voice Weekly

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားနေခြင်းကို ထိန်းသိမ်းနိုင်ရန်ဟုဆိုကာ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် တပ်မတော်သား များက ရခိုင်တိုင်းရင်းသားများထံတွင် ရှိနေသော လေးခွများနှင့် ဒုတ်များကို ကားများဖြင့် လိုက်လံသိမ်းဆည်းလျက်ရှိကြောင်း
ရခိုင်တိုင်းသားများ တိုးတက်ရေး ပါတီဝင်တစ်ဦးက ပြောကြားသည်။

“ဘင်္ဂါလီတွေ သေနတ်နဲ့ပစ်နေတာ။ ဒီလိုသိမ်းလိုက်တော့ ကျွန်တော်တို့မှာ ခုခံစရာ ဘာမှမရှိတော့ဘူး” ဟု ၄င်းဆိုသည်။

လက်ရှိ စစ်တွေမြို့တွင် လုံခြုံရေးများလုံလောက်စွာ ချထားခြင်း မရှိသည့်အပြင် ပြန်လည်ခုခံနိုင်ရန်အတွက် ရှာထားသည့် လေးခွများ ကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သိမ်းဆည်းနေသောကြောင့် ရခိုင်တိုင်းသားများမှာ ဆူပူအကြမ်းဖက်မှုဖြစ်ပွားပါက ပြန်လည် မခုခံနိုင်မည်ကို စိုးရိမ်နေကြကြောင်း ဒေသခံများက ပြောကြားသည်။

“သူတို့ဆီက ဘာလက်နက်ကိုမှ သိမ်းဆည်းတာမတွေ့ရဘူး။ နဂိုကတည်းက ဆူပူထကြွနေတာ။ ဒီလိုလုပ်လိုက်တော့ ပိုဆိုးကုန်မှာပေါ့” ဟု ဒေသခံရခိုင်အမျိုးသားတစ်ဦးက ဆိုသည်။

No comments:

Post a Comment

 
Blogger Widgets