နာရေးကူညီမှုအသင်း(ရန်ကုန်) မှဦးဆောင်၍ ရခိုင်ကယ်ဆယ်ရေးစတင်
ရခိုင်ပြည်နယ်ရှိ မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် စစ်တွေမြို့များတွင် ဖြစ်ပွားပေါ်ပေါက် ခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့် လူနေအိမ်များမီးလောင်ဆုံးရှုံးခဲ့ပြီးလတ်တလောဒုက္ခနှင့်ရ င်ဆိုင် နေကြရသည့် ဒေသခံပြည်သူဒုက္ခသည်များအားကူညီစောင့်ရှောက် မှုများဆောင်ရွက်ပေးလျှက်ရှိ သည့် ကယ်ဆယ်ရေးစခန်းများရှိ ဒုက္ခသည်များအားလူသားချင်းစာ နာထောက်ထားသောစိတ်ဓါတ်မျာြး ဖင့် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ သိန်း (၂ဝဝ)ကျပ် မတည်ခဲ့သည်။ ဦးစောညီစံနှင့်အသင်းသား(၄) ဦးအဖွဲ့သည်ယမ်ယမ်ခေါက်ဆွဲေ ခြာက် (၂ဝဝဝဝ)ကျော်၊ အဝတ်ထုတ် (၆ဝ)ထုတ်၊ ကွေကာအုပ် (၅ဝဝဝ)ထုတ်နှင့် ဘီစကစ် (၁ဝဝဝဝ)ကျော် အစရှိသည့် ကုန်ပစ္စည်းများအား (၂၄ ပေ) မော်တော်ယာဉ်ပေါ်သို့တင်ဆောင်၍ ၁၄.၆.၂ဝ၁၂ (ကြာသပတေးနေ့) ည (၉း၃ဝ) နာရီအချိန်တွင် ဘုရင့်နောင်ပွဲရုံမှ စတင်ထွက်ခွာခဲ့သည်။ (၂၄ ပေမော်တော်ယာဉ်အား ရွှေပြည်သစ်ကားဂိတ်မှ ကိုတင်အုန်းမှ စစ်တွေခရီးစဉ်အတွက် ကူညီဆောင်ရွက်ပေးခဲ့သည်။)
၁၅.၆.၂ဝ၁၂ (သောကြာနေ့) နံနက် (၇း၃ဝ) နာရီလေယာဉ်ဖြင့် စစ်တွေမြို့သို့ ထွက်ခွာရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ဒု-ဥက္ကဌဒေါ်သန်းမြင့်အောင်၊ အလုပ်အမှုဆောင် ဦးဖြိုးကိုကိုနှင့် ဒေါ်နှင်းနှင်းယုတို့သည် နာရေးကူညီမှုအသင်း(ရန်ကုန်)မှ နံနက် (၆းဝဝ) နာရီအချိန်တွင် စတင်ထွက်ခွာခဲ့ကြသော်လည်းနံ နက် (၁၁းဝဝ) နာရီအချိန်တွင် ဒု-ဥက္ကဋ္ဌ ဒေါ်သန်းမြင့်အောင်နှင့်အဖွဲ့ သည် နာရေးကူညီမှုအသင်း(ရန်ကုန်)သို့ ပြန်လည်ရောက်ရှိလာခဲ့ပြီးစစ်တွေမြို့တွင် ရာသီဥတုအခြေအနေကြောင့် လေယာဉ်ဆင်းသက်နိုင်ရန် ခက်ခဲသဖြင့် ၁၅.၆.၂ဝ၁၂ (စနေနေ့) နံနက် (၇း၃ဝ) နာရီလေယာဉ်ဖြင့် တစ်ရက်နောက်ကျ၍ ထွက်ခွာမည်ဖြစ်တော့သည်။
နာရေးကူညီမှုအသင်း(ရန်ကုန်)သ ည် အများပြည်သူတို့အားတတ်စွမ်း ရွေ့ ကူညီဖေးမပေးဆပ် ခဲ့ကြသလိုဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ လူသားနှင့် သက်ရှိသတ္တဝါအားလုံးကမ္ဘာကြီး မှာ ငြိမ်းချမ်းစွာအတူတကွ မြတ်နိုးစွာချစ်ခင်ကြရင် ကမ္ဘာလောကကြီး ငြိမ်းချမ်းသာယာ၍ သောကကင်းဝေးစေရန် အစဉ်ထာဝရဆုတောင်းမေတ္တာပို့သ ကာ ဗြဟ္မစိုရ်တရားလေးပါးအားလက်ကိုင်ပြု၍ နိုင်ငံအဝှမ်းဆက်လက်ချီတက် ပေးဆပ်သွားပါတော့မည်။
ရခိုင်ပြည်နယ်ရှိ မောင်တောမြို့၊ ဘူးသီးတောင်မြို့နှင့် စစ်တွေမြို့များတွင် ဖြစ်ပွားပေါ်ပေါက် ခဲ့သည့် ဆူပူအကြမ်းဖက်မှုများကြောင့်
၁၅.၆.၂ဝ၁၂ (သောကြာနေ့) နံနက် (၇း၃ဝ) နာရီလေယာဉ်ဖြင့် စစ်တွေမြို့သို့ ထွက်ခွာရန်အတွက် နာရေးကူညီမှုအသင်း(ရန်ကုန်)၏
နာရေးကူညီမှုအသင်း(ရန်ကုန်)သ
No comments:
Post a Comment