by Myo Morn Tun on Sunday, 17 June 2012 at 15:46 ·
အဲလို နှစ် (၅၀) အတွင်း အလျင်အမြန်တိုးပွားလာတဲ့ လူဦးရေတိုးတက်မှုနှုန်းဟာ ဌာနေ တိုင်းရင်းသားများ လူဦးရေတိုးပွားနှုန်းထက် အံ့သြဖွယ်ရာ ပိုမိုများပြားနေတယ်လို့လည်း သတင်းများက ဖော်ပြနေပြန်ပါတယ်။ အဲဒါဘာကြောင့်လဲတဲ့?။ မြန်မာနိုင်ငံသား ဥပဒေမှာ ခရစ်နှစ် (၁၈၂၄) ခု မတိုင်မီက ဓါးမဦးချ နေထိုင်သူတွေသာ မြန်မာနိုင်ငံသားအဖြစ် လက်ခံရမယ်။ (၁၈၂၄)ခု နောက်ပိုင်း မြန်မာနိုင်ငံထဲကို ရောက်လာသူမှန်သမျှဟာ ဧည့်နိုင်ငံသားဖြစ်ရမယ်လို့ လွတ်လပ်ရေးရပြီးတဲ့ ၁၉၄၈ ခုနှစ်ကတည်းက ပြဌာန်းခဲ့ပြီးသား ဖြစ်တယ်။ ဒါပေမယ့် စက်နဲ့လှည့်ထုတ်နေသလို ဘူးသီးတောင်၊မောင်တောမှာ လူဦးရေတွေက မပြတ်တိုးလာနေတယ်တဲ့။ ၁၉၅၄-၅၅ တစ်ဝိုက်ကတည်းက ဒီပြဿနာ စလာတယ်တဲ့။ မြန်မာနိုင်ငံ ပြည်တွင်းစစ်ကို အခွင့်ကောင်းယူပြီး "မူဂျာဟစ်" နာမည်နဲ့ လက်နက်ကိုင် သောင်းကျန်းလာကြတယ်။ ရခိုင်တိုင်းရင်းသား ခေါင်းဆောင်တွေဖြစ်ကြတဲ့ "ဘုံပေါက်သာကျော်" တို့ "ကျော်ဇံရွှီး" တို့က လက်ဝဲ၀ါဒအခြေခံပြီး လက်နက်ကိုင်စွဲခဲ့ကြတာကို မူဂျာဟစ်တွေက ဆွမ်းကြီးလောင်းကြတာပါပဲ။ ရှေ့နောက် အမြော်အမြင်ကြီးတဲ့ ဖဆပလ အစိုးရနဲ့ တပ်မတော်ခေါင်းဆောင်ကြီးတွေဟာ ရခိုင်လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေ (ဘုံပေါက်သာကျော်နှင့် ခေါင်းဆောင်များ)ကို လက်ရှောင်ပြီး မူဂျာဟစ်တွေကို မုတ်သုန်စစ်ဆင်ရေးနဲ့ အပြတ်ရှင်းခဲ့တယ်။ စစ်ဆင်ရေးမှူးကြီးက ဗိုလ်မှူးကြီး တင်ဦး (ယခု ဗိုလ်ချုပ်ကြီးဟောင်း NLD နာယက ဦးတင်ဦး) ဖြစ်ပြီး သမိုင်းသက်သေ သတင်းထောက် (၂) ဦးက ဦးခင်မောင်ကြည်နဲ့ ဦးခင်မောင်လေး (ဖိုးသောကြာ ခေတ်+မိုး)တို့ ဖြစ်ခဲ့ကြတယ်။ အဲဒီ စစ်ဆင်ရေးကြောင့် "မူဂျာဟစ်" တို့ ဘုံပျောက်သွားတယ်။ ဖဆပလ အစိုးရနဲ့ ဘုံပေါက်သာကျော်တို့ ပြေလည်ခဲ့ကြတယ်။
အိန္ဒိယနဲ့ခွဲပြီး လွတ်လပ်ရေး ရယူခဲ့တဲ့ ပါကစ္စတန်နိုင်ငံထဲကနေ "ဘင်္ဂလားဒေ့ရှ်"နာမည်နဲ့ နိုင်ငံတစ်ခု ထပ်ကွဲသွားပြန်တယ်။ အဲဒီဘင်္ဂလားဒေ့ရှ်နိုင်ငံက မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်နဲ့ နယ်စပ်ချင်း လာထိစပ်တယ်။ ပြဿနာက ဘာကြောင့်၊ ဘာအကြံအစည်၊ ဘာမှန်းကို မသိရဘဲ မြန်မာနဲ့ နယ်စပ်ချင်းထိစပ်တဲ့ ဒေသက လူမျိုးတွေကို ဘင်္ဂလားဒေ့ရှ်နိုင်ငံက ပြတ်ပြတ်သားသားပဲ "သူတို့နိုင်ငံသား အဖြစ်လက်မခံဘူး" ဆိုပြီး ဖယ်ရှားထားတယ်။ အဲဒီလူမျိုးတွေက လှေစီးဒုက္ခသည်လုပ်ပြီး မလေးရှားကို သွားကြ၊ လှိုင်းလေဒဏ်မိပြီး အင်ဒိုနီးရှား၊ သြစတြေးလျတို့ ရောက်ကြ။ အဲသည်အကြောင်းတွေကို မြန်မာရဲ့ တစ်အာဏါအစိုးရအပေါ် အပုပ်ချတဲ့ လုပ်ကွက်အဖြစ် ပြည်ပရေဒီယိုတွေက အော်ပေးကြ၊ အဲသလိုနဲ့ လုံးချာလည်နေတာ အမှန်တကယ်ခံစားနေရတာက တိုင်းရင်းသား ညီအစ်ကိုမောင်နှမ ရခိုင်လူမျိုးစုများသာ ဖြစ်နေရပါတယ်။ ဒီကိစ္စက အစိုးရအဆက်ဆက် အမြစ်မပြတ်ရတဲ့အထိ အမှန်ပါပဲတဲ့။
ဘာသာရေးမျက်နှာဖုံးနဲ့ ဘာသာရေးကို ကာကွယ်တဲ့ အဖွဲ့အစည်းအမည်နဲ့ ပေါ်လာပြီးတဲ့နောက် အဲဒီအဖွဲ့ရဲ့ နာမည်ကို "အတုလား၊ အစစ်လား မကွဲပြား" သူများရဲ့ အင်တာနက်ပေါ်က ကြိမ်းမောင်းစာတွေကလည်း မြှောက်ထိုးပင့်ကော် လှုံ့ဆော်လာကြတယ်။ မိမိကိုးကွယ်တဲ့ဘာသာကို တကယ်ချစ်ရာ ရောက်ရဲ့လား။ ကိုယ်နေရတဲ့ မြေကြီး(နိုင်ငံ) ကို သစ္စာဖောက်ရာ မရောက်ဘူးလား။ နှစ်နှစ်ကာကာ စဉ်းစားဖို့ လိုပါတယ်။ ဒီကိစ္စမှာ ပြည်ပ၊ ပြည်တွင်း အချိတ်အဆက်တွေရဲ့ လှုံ့ဆော်မှု ရှိနေကြတာတော့ ပေါ်လွင်နေပါတယ်တဲ့ဗျား။
ဒါကို အခုအချိန်ကစပြီး ကိုယ့်ခြံစည်းရိုးကို လုံအောင်ကာကြဖို့၊ အဲသလို လုံအောင်ကာကွယ်တဲ့အခါ အခြားနိုင်ငံရေး အယူအဆတွေကို လုံးဝဖယ်ရှားပစ်ကြပြီး တိုင်းရင်းသား အကျိုးစီးပွားကို ဦးထိပ်ထားကြဖို့၊ တရားဥပဒေကို ငွေပစ္စည်းတွေနဲ့ ဖျက်ဆီးမပစ်ကြဖို့၊ အန္တရာယ် နယ်စပ်ဒေသများကို အထူးဒေသ အုပ်ချုပ်ရေး ယန္တရားများ စီမံကွပ်ကဲပြီး ဖောင်းပွနေတဲ့ နိုင်ငံသားလက်မှတ်တွေကို ပြန်စိစစ်ကြဖို့ "အတု"တွေဖြစ်ကြောင်း အမှတ်တကယ်ပေါ်ပေါက်လာရင် လူသားချင်းစာနာစိတ်နဲ့ အစီအမံတစ်ခု ဖန်တီးထိန်းသိမ်းစောင့်ရှောက်ဖို့ကအစ နိုင်ငံတကာ အဖွဲ့အစည်းများရဲ့ အကူအညီနဲ့ပါ ပူးပေါင်းဆောင်ရွက်ကြပါလို့ တိုက်တွန်းပါသတဲ့ဗျာ။
(၁၈.၆.၂၀၁၂) နေ့စွဲဖြင့် ထုတ်ဝေသည့် Favourite News Journal Vol.3,No.153 ပါ ကြီးမှူးစီမံအယ်ဒီတာ ဖိုးသောကြာ(ခေတ်+မိုး) ရေးသားသည့် သတင်းနှင့်ဂယက် စာမျက်နှာမှ ထုတ်နုတ် ဖော်ပြပါသည်။)
No comments:
Post a Comment