“ကတဲ့အချစ်နဲ့ ကျွန်တော့်ရဲ့ ဇာတ်လမ်း၊ ကြမ်းခန်းရမ်းခန်း လွမ်းခန်းမှာလွမ်း။ ကြမ်းခန်းလေးများရောက်ရင် အားလုံးလက်ခုပ်တီးကြမယ်။ အကြမ်းအရမ်းဆုံးတော့ လွမ်းခန်းပြန်ဖြစ်။ အလှည့်ကျ နွဲ့လို့မရဘူးကွာ။ လူကြမ်းတွေ လဲရင် ကြိုက်လား။ လွမ်းခန်းတွေရောက်ရင်။ လူသားတွေ မျက်ရည်ဝဲမယ်။”
ပြင်သစ်သံရုံးမှာ ကျောင်းတက်နေတုန်းက Victor Hugo အမှတ်တရပွဲနေ့မှာ “Notre Damme de Paris” ပြဇာတ်ကို ကခဲ့ဖူးတယ်ဗျ။ စစချင်း ဇာတ်ပန္နက်ပျိုးတော့ Les Sans-papiers လို့ခေါ်တဲ့ တောင်ပိုင်းက၀င်လာတဲ့ အခြေအနေမဲ့တွေဟာ ပါရီကကျောင်းအမကြီး လို့ အမည်ရှိတဲ့ ခရစ်ယာန်ကျောင်းတော်ကြီးရှေ့မှာ “Asile! Asile!” လို့အော်ပြီး ခိုလှုံခွင့်တောင်းပါတယ်။
အ၀တ်အစား နွမ်းနွမ်းစုပ်စုပ် လူပုံစံ ကြောင်ချေးရုပ်နဲ့ အဲဒီလူတွေကို Sans-papiers လို့ ခေါ်ရတဲ့အကြောင်းကတော့ ပြင်သစ်နိုင်ငံသားဖြစ်ကြောင်း အထောက်အထား တစုံတရာ မရှိလို့ပါတဲ့။ တိုက်ရိုက် အဓိပ္ပါယ်ပြန်လိုက်ရင် “Without papers” လို့ ဆိုသကိုး။
အများအားဖြင့်တော့ မြေထဲပင်လယ်ဘက်က တက်လာကြတဲ့ အယ်လ်ဂျီးရီးယားတွေ၊ အာရပ်နွယ်ဖွားတွေ၊ သေမှာမကြောက်လို့ ပေတစ်ရာလျှောက်နေတာပါဆိုတဲ့ ခြေသလုံးအိမ်တိုင် ဂျစ်ပစီလူမျိုးတွေ ပါပါတယ်။ ဇာတ်စင်ပေါ် သံတိုင်ကီကြီးတွေတင်ပြီး မီးတောက်တွေ တ၀ုန်းဝုန်းနဲ့ ကခဲ့ကြတုန်းကတော့ ခိုးဆိုးလုယက် ပဉ္စလက်အတတ်တွေပါ စီရင်တတ်သူတွေလည်း ပါသတဲ့။ စည်းမရှိ ကမ်းမရှိ ဖြစ်သလို နေထိုင်ကျက်စားကြသူတွေကို လက်မခံလိုတဲ့ ကျောင်းကြီးရှင် ဆရာတော် Frollo က စစ်ဗိုလ်ကလေး Phoebus (အဲဒါ သားသား ကရတဲ့နေရာလေ) ကို လူရမ်းကားတွေကို သုတ်သင်ရှင်းလင်းပေးဖို့ အမိန့်တော်ပြန်ပါတယ်။ ဒီလိုလူမျိုးတွေဟာ စစ်တပ်လာရင် အမြီးကုပ်ပြီး ထွက်ပြေးသွားကြတာ ဟိုးရှေးရှေး ပဝေသဏီ ဗစ်တာဟူးဂိုးကြီးတို့ လက်ထက်ကတည်းက ပါလားဗျ။
ကြမ်းခန်းပြီးရင် လွမ်းခန်းတောင် မလာရသေးပေါင်ဗျာ။ ဂျစ်ပစီမလေး Esmeralda နဲ့ မင်းသားနဲ့တွေ့တဲ့ ကောင်းခန်းလေးတွေဆက်၊ Fleur de Lys လို့ခေါ်တဲ့ ရွှေနန်းသူ မူယာကြော့ မာလာငွေဖော့ကလေးနဲ့ ချစ်ခန်းကြိုက်ခန်းတွေဆက်၊ Sainte Denise လမ်းပေါ် Val d’amour အချစ်တောင်ကြားကပွဲရုံက ကချေသည်ကလေးတွေနဲ့တွေ့ဆိုတော့ အဲဒီအကောင်တွေကို မေ့သွားရော။ အခုဆယ်နှစ်လောက်ကြာလို့ ရခိုင်ပြည်နယ်မှာ Les Sans-papiers တွေ သောင်းကျန်းလာတော့မှပဲ ရော် သည်အကောင်တွေ ပေါ်လာပြန်ပြီလို့ သတိရမိတော့တယ်။
လူတစ်ဦးတစ်ယောက်၊ ဒါမှမဟုတ် မိသားစု၊ လူ့အစုအဝေးတစ်ခုရဲ့ အသက်ရှင်သန်ရပ်တည်မှုမှာ ဘာမဟုတ်တဲ့ စက္ကူစာရွက်ကလေးတွေက ဘာဖြစ်လို့များ အဲသလောက်တောင် အရေးပါနေရတာလဲ လို့ စဉ်းစားစရာ ဖြစ်လာတာပေါ့။ တခါတုန်းက အိန္ဒိယနိုင်ငံသား သန်းပေါင်းများစွာမှာ မွေးစာရင်းမရှိ၊ လူမှုဖူလုံရေးနံပါတ်မရှိ၊ မှတ်ပုံတင်မရှိဖြစ်နေလို့ လူသားတစ်ယောက် ဘ၀တစ်ခုဖြစ်တည်နေတယ်လို့ သက်သေပြစရာ ဘာတစ်ခုမှမရှိသလို ဘဏ်စာရင်းလည်းဖွင့်လို့မရ၊ ငွေလည်းချေးလို့မရဖြစ်နေတာကြောင့် နန်ဒန်နိုင်လ်ကန်နီ လို့ခေါ်တဲ့ ဘီလျံနာကြီးက စပွန်ဆာလုပ်ပြီး နိုင်ငံသားပေါင်း ၁.၂ ဘီလီယံအတွက် မှတ်ပုံတင်လုပ်ပေးခဲ့ပါသတဲ့။ အမေရိကန်စပိုင်ရုပ်ရှင်တွေ ကြည့်မိတဲ့အခါမှာလည်း အဲဒီစာရွက်စာတမ်း အထောက်အထားတွေကို တုပဖျောက်ဖျက်လိုက်ရုံနဲ့ လူတစ်ယောက်ရဲ့ ဖြစ်တည်မှုဟာ ဘာနဲ့မှ သက်သေပြလို့မရတော့ပဲ ခရုဆံကျွတ်ဖြစ်သွားရသတဲ့။ ကိုယ်တွေ ကလေးရုပ်ကလေးနဲ့ရိုက်ထားတဲ့ ငေါင်းစင်းစင်းဓါတ်ပုံပါ ပန်းရောင်ကဒ်ပြားသေးသေးလေးတွေက အဲသလောက်တောင် အရေးပါသကိုးလို့ ဘယ်သူမှ တွေးမိလိမ့်မယ် မထင်ပါဘူး။ အလကားရလို့ တန်ဖိုးမရှိတဲ့အထဲမှာ မှတ်ပုံတင်က ရှေ့ဆုံးကပါမယ်ထင်တယ်။ ပိုက်ဆံပေးလုပ်ရတဲ့သူတွေသာ အဲဒါ ဘယ်လောက် တန်ဖိုးကြီးသလဲ သိရတာ။
သည်ကနေ့ခေတ်မှာမှ မှတ်ပုံတင်တွေ မရှိမဖြစ် လိုအပ်လာရတဲ့အကြောင်းကတော့ လူတွေက ဇာတိရပ်ရွာမှ ရိုးမြေကျနေထိုင်တဲ့အလေ့ကနေ တစ်ရွာမပြောင်း သူကောင်းမဖြစ် ရွေ့လျားသွားလာ ကုန်ကြတော့ ဘယ်ရပ်ဘယ်ရွာက ဘယ်သူဘယ်ဝါဆိုတာ အဲသည်ကဒ်ပြားကလေးကပဲ ဖော်ပြပေးနိုင်တော့တာကိုး။ သူကမှတဆင့် အိမ်မှာလုံခြုံစွာ သိမ်းဆည်းထားအပ်သော အိမ်ထောင်စုစာရင်းဆိုတာကို ခြေရာခံနိုင်ပြီး အဲဒါတွေအားလုံးကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနဆိုတာကြီးက စီမံကွပ်ကဲ ထိန်းသိမ်းထားပါတယ်။
ဒါကြောင့်မို့လို့ လူတစ်ယောက်မှာ မှတ်ပုံတင်တစ်ခုရှိနေတယ် ဆိုလို့ရှိရင် သူဟာ မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တယ်ဆိုတာအပြင် သူနဲ့ပတ်သက်တဲ့ ဘိုင်အိုဒေတာ အဘအမည်၊ မွေးသက္ကရာဇ်၊ နေရပ်လိပ်စာတွေကိုပါ သက်သေသက္ကာယ ပြနိုင်ပါတယ်။ အဲဒီအချက်အလက် စာရွက်စာတမ်းအထောက်အထား တစုံတရာမရှိတဲ့ Les Sans-papiers တွေ တော်တော်များများ မြန်မာပြည်မှာရှိနေတာဟာ လ၀ကကြီးတွေ လက်လှမ်းမမီလို့၊ အလုပ်ကောင်းကောင်း မလုပ်လို့ လုံးဝ (လုံးဝ) မဟုတ်ရပေါင်ဗျာ။ ၁၀၅မိုင်ဂိတ်မှာ ဘာပစ္စည်းလှန်ကြည့်ကြည့် Made in China တွေ့ရသလိုပဲ အလုံးစုံသော စာရွက်မဲ့အထီးလေးတွေကို လှန်ကြည့်ရင်လည်း Made in Bengale တွေ့ရမှာ မလွဲဘူး။ အဲဒီလူတွေရဲ့ ဖြစ်တည်မှုသက်သေကို ဘင်္ဂလားက မပေးနိုင်ဘူး ငြင်းနေသလို မြန်မာနိုင်ငံကလည်း ပေးလို့မရပါဘူး။ မြန်မာနိုင်ငံသားဖြစ်ဖို့အတွက် မြန်မာနိုင်ငံသားမိဘနှစ်ပါးက မွေးဖွားလာသူဖြစ်ရပါမယ်။ ဘင်္ဂလားနိုင်ငံသားမိဘများက မြန်မာပြည်မှာမွေးဖွားလာတိုင်း မြန်မာနိုင်ငံသားအဖြစ် အလိုအလျောက် တရားဝင်သွားတဲ့ ဥပဒေမျိုး မြန်မာပြည်မှာ မရှိပါဘူး။ လူမှန်ရင် ဥကပေါက်တာ မဟုတ်တဲ့အတွက် မိဘဘိုးဘွားမျိုးရိုးဆိုတာ ရှိပါတယ်။ သူတို့ဆင်းသက်လာတဲ့ ဆွေခုနစ်ဆက် မျိုးခုနစ်ဆက်လုံးဟာ ဘင်္ဂလားကစစ်စစ်ဖြစ်ပြီး ရေတစ်စက်မှ မရောပါဘူး။ ဒါကြောင့် သူတို့တတွေရဲ့ ဖြစ်တည်မှုသက်သေကို ဘင်္ဂလားကပဲ ပြန်တောင်းစရာရှိပါတယ်။
သို့သော်လည်းပဲ သူတို့တတွေဟာ ကာလကြာမြင့်စွာ မြန်မာပြည်တွင်းမှာ ၀င်ရောက်နေထိုင်ခဲ့ကြတဲ့အတွက် မလေးရှားအစိုးရက အိုဗာစတေးတွေ ဖမ်းပြီး ပြန်ပို့သလို အတင်းမောင်းချလို့ မရခဲ့ပါဘူး။ နယ်စပ်ဒေသတို့မည်သည် အဲသလိုပဲ လူမျိုးစုတွေ ကူးလူးဝင်ရောက် ပြောင်းရွှေ့အခြေချတာ ရှိကြစမြဲပဲ ဆိုပေမယ့် သူတို့အတွက်တော့ နဂိုရှိရင်းစွဲ ဒေသခံတွေကို မောင်းမထုတ်ပဲ အခြေကျသွားလေ့မရှိပါဘူး။
အနေကြာလို့ သွေးနှောသွားတဲ့အခါမှာတောင် သူတို့လူမျိုးထုံးစံက တောင်ပေါ်သားများ ခေါင်ရည်တည်သလို တစ်အိုးတည်ထားမိရင် ဂင်္ဂါမြစ်ရေ ကုန်အောင်ရောဦးတော့ ချဉ်ချဉ်တူးတူး မူးကိုမူးရမှာ၊ ဘယ်သူရောထား ငါကများဟေ့ လုပ်ကြပါတယ်။ တခြားဘယ်လူမျိုးနဲ့ ယှဉ်ယှဉ် အဲဒါကတော့ မငြင်းနိုင်တဲ့အချက်ပါ။ မတူကွဲပြား ခြားနားသူတွေ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ဖို့ လိုအပ်တဲ့ သည်းခံစိတ် (Tolerance) ဆိုတာ တစ်ဘက်တည်းမှာ အခြေတည်လို့ မဖြစ်နိုင်ပါဘူး။ ၀င်ရောက်ရောနှောသူရော လက်ခံနေထိုင်သူပါ တစ်ဘက်ကိုတစ်ဘက် နားလည်မပေးလို့ ရပါ့မလား။
ပြည်တွင်းနေ တရုတ်လူမျိုးများဆိုတဲ့သူတွေအားလုံးဟာ ရောက်ရာအရပ်က မြန်မာ တိုင်းရင်းသားများကို ဖယ်ထုတ်စရာမလိုပဲ အစေ့ကျရာ အပင်ပေါက် ရှင်သန်လေ့ရှိကြပါတယ်။ ထိုင်းနယ်စပ်မှာ ကျွံဝင်နေတဲ့ မြန်မာတွေအားလုံးဟာလည်း ရောက်ရာအရပ်ကဒေသခံတွေနဲ့ အဆင်ပြေစွာ ဆက်ဆံနေထိုင် လုပ်ကိုင်နေကြပါတယ်။ ကျွန်တော်တို့ဘက်ကို ကျွံဝင်နေတဲ့ စာရွက်မဲ့တွေကိုတော့ ချိုးချိုးဖဲ့ဖဲ့ မပြောချင်ပါဘူး။ အမ်းဆေးရုံ ၀န်ထမ်းအိမ်ယာမှာ တစ်နှစ်ခွဲလုံးလုံး နေလာသခိုက် အိမ်ရှေ့တံခါးကလေးစေ့ထားရုံကလွဲလို့ ဘာတံခါးမှ ချက်ထိုး သော့ခတ်ပိတ်နေစရာ မလိုပါဘူး။
တခါတလေမျှလောက်တောင် အပျောက်အရှ မရှိဖူးတာ ခနခနပြောလွန်းလို့ အမြင်ကပ်ပြီး ပစ္စည်းတခုခု လာဖွက်ထားချင်သူတွေတောင် မနည်းလှပါဘူး။ စစ်တွေက ဆရာဝန်အမျိုးသားဆောင်မှာတော့ လစဉ်လစဉ် သုံးခါထက်မနည်း ၀င်ဝင် အလစ်သုတ်သွားတတ်တာ ဘယ်လိုပဲ သော့ခတ် သော့ခတ် မရပါဘူး။ ရေလဲပုဆိုးတောင် အပြင်မှာ လှန်းလို့ မရတဲ့အရပ်ပါ။ ကွာခြားချက်ကတော့ သူတို့ရှိခြင်း မရှိခြင်း တစ်ခုတည်းပါပဲ။ မြန်မာနိုင်ငံတစ်နိုင်ငံလုံးက ရဲမှုခင်းစာရင်းနဲ့ ရခိုင်ပြည်နယ် တစ်ခုတည်းမှာရှိတဲ့ ရဲမှုခင်းစာရင်း ယှဉ်ကြည့်ပါ။ လူသတ်မုဒိန်းကျင့်တဲ့အမှုတွေ ဘယ်မှာ အများဆုံးလဲ တွေ့ရပါလိမ့်မယ်။ အဲသည်လူတွေအပေါ်ဆက်ဆံတဲ့ မြန်မာလူမျိုးတွေရဲ့ ဂုဏ်သိက္ခာကို စောင့်ကြည့်နေမယ်ဆိုတဲ့ မလေးကုလားကြီးကို ရခိုင်မှာ တစ်လလောက် လာနေခိုင်းပြီး သည်ကလည်း သူ့သတ္တိနဲ့ ဂုဏ်သိက္ခာကို စောင့်ကြည့်ချင်ပါတယ်။
လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်ဆူပူလှုံဆော်မှုတွေကို လူမျိုးရေးအဓိကရုဏ်းအသွင် ဖန်တီးနေတာဟာလည်း အဲဒီစာရွက်မဲ့တွေ လက်ချက်ဆိုတာ မုန်လာဥလုပ်လို့မရအောင် ဘူးပေါ်သလို ပေါ်နေပါပြီ။ အခု လူတိုင်းစောင့်ကြည့်နေကြတာက ဘယ်လိုဖြေရှင်းကြမလဲ ဆိုတာကိုပါ။ လူဝင်မှုကြီးကြပ်ရေးစည်းမျဉ်းစည်းကမ်း လုပ်ထုံးလုပ်နည်း ဥပဒေတွေကို တင်းကြပ်ကြမလား။ တင်းကြပ်စရာမလိုပါဘူး။ လက်ရှိဥပဒေကိုက တင်းကြပ်ပြီးသား။ ဥပဒေကလျော့ရဲနေတာမဟုတ်ဘူး။ သူတို့ကိုက အပြင်ရောက်နေတာ။ လက်ရှိဖြစ်နေတဲ့ ပြဿနာဟာ ဥပဒေမရှိလို့ ဖြစ်တာ မဟုတ်ဘူး။ ဥပဒေကို မလေးစားလို့၊ မလိုက်နာလို့ဖြစ်တာ။ ဘယ်သူတွေက မလိုက်နာတာလဲ။ လ၀က ဦးစီးမှူးတွေလား။ စစ်ကြည့်လိုက်လေ။ တကယ်မှားလို့ကတော့ ဖြုတ်ထုတ်သတ် အလုပ်ခံဝံ့တဲ့သူချည့်ပဲ။ သည်ခေတ်ကြီးထဲမှာ အဘယ်မည်သောဦးစီးမှူးကမှ မခိုင်လုံသောသူကို ထောင်နှုတ်ခမ်းနင်းပြီး မှတ်ပုံတင် ထုတ်မပေးရဲဘူး။ ခရိုင်မှူးကြီးတွေလည်း ထုတ်ပေးခွင့်မရှိဘူးး။ ဘယ်သူမရှိရှိ ရှိရှိ သူတို့ဆီမှာ ရှိနေတာတော့ အစစ်ကြီးမှ အစစ်ကြီးတွေ။ ဘာပြောမလဲ။ သို့သော်လည်း သို့သော်လည်းပေါ့လေ။ လူသားချင်း စာနာထောက်ထားသောအားဖြင့် ခရီးသွားလာခွင့်ကဒ်ကလေးတွေ၊ ရဲစခန်းထောက်ခံစာကလေးတွေ၊ ရ၀တထောက်ခံစာကလေးတွေနဲ့ ဟိုဟိုသည်သည် ယာယီအားဖြင့် သွားလို့လာလို့ရနေတယ်။ ဘာပဲလိုလို ရန်ကုန်လမ်းညွှန်ထဲမှာ အကုန်ရှိနေတာဆိုတော့ ရန်ကုန်သာရောက်လို့ကတော့ “ဘာဖြစ်ချင်လည်းဟေ ဖြစ်လာစေမယ်နော်။ အော်ရဲ..။” ဆိုပြီး နိုင်ငံကူးလက်မှတ်ပါ အကုန်ရနိုင်လေတယ်။ အတုလို့ မပြောနဲ့။ အစစ်နဲ့ ခွဲလို့ကို မရလို့ အစစ်လို့သာ ပြောလိုက်ကြပါစို့။ မက္ကဆီကိုတို့ အာဂျင်တီးနားတို့မှာလည်း အဲလိုညိုးမြေအောက်ကမ္ဘာတွေမှာ လိုချင်တာ အကုန်ရသတဲ့။ ကိုယ့်ဆီကရွှေတွေ အပြင်မှာ အိုချင်သလောက်အို၊ ပြန်ခါနီးတော့ စာအုပ်အသစ်လုပ်လိုက်ရင် လွယ်လွယ်လေးဆိုတာတွေကရော ယုံတမ်းစကားတွေမို့လား။ ပြောချင်တဲ့ဆိုလိုရင်းကတော့ အဲဒါတွေအားလုံး အောက်လမ်းနည်းတွေနဲ့သာ ဖြစ်နိုင်တာမို့ ၀န်ထမ်းတွေ လာဘ်စားလို့ ဖြစ်ရလေတယ် လို့ မစွပ်စွဲပဲ ၀န်ထမ်းတောင် ဟုတ်ချင်မှဟုတ်မှာဖြစ်တဲ့ မသမာသူ ၀ိသမလောဘသမားများကသာ လုပ်နေတာ လို့ တွေးမိစေချင်တာပါ။
ကိုယ့်ဘက်ကအားနည်းချက်ကို သူတို့တတွေ အခွင့်အရေးယူလေ့ရှိတဲ့အချိန်ကတော့ ရွေးကောက်ပွဲလုပ်ဖို့ မဲဆွယ်ကြတဲ့အခါမှာ ဖြစ်ပါတယ်။ ကိုယ်စားလှယ်တွေက မဲကို မှတ်ပုံတင်နဲ့ လဲတာတော့ မဟုတ်ပါဘူး။ ကိုယ့်ရဲ့ မဲဆန္ဒနယ်ထဲက မှတ်ပုံတင်မရှိတဲ့သူတွေကို ဤရပ်ကွက်၌ အမှန်တကယ်နေထိုင်ပါကြောင်း ထောက်ခံစာ အဖြူရောင်ကဒ်ကလေးတွေနဲ့ ဆန္ဒမဲပေးခွင့်ပြုလိုက်တဲ့အခါ အခုအချိန်မှာ အဲသည်ကဒ်ကလေးတွေက သူတို့အတွက် အမှန်တကယ် ပြည်တွင်းနေ မူဆလင်ဘာသာဝင်များဖြစ်ကြောင်း အထောက်အထားဖြစ်လာပြီး ဘိုးဘိုးအောင် ရှုံးလောက်အောင် ပွားလာတဲ့ အဖြူကဒ်ကလေးတွေက ရပ်ကွက်နဲ့တောင် မဆန့်လောက်အောင် မွေးဌာနေလုပ်ကုန်ကြပါတယ်။ ဒုက္ခသည်စခန်းတွေ ဖွင့်လိုက်တဲ့အခါမှာတော့ နဂိုက ကြောက်လန့်တကြား ထွက်ပြေးသွားတယ်ဆိုတဲ့ အဲသည်အရပ်သား တစ်သောင်းဟာ တစ်သိန်းလည်းဖြစ်နိုင်တယ်။ တစ်သန်းလည်း ဖြစ်နိုင်တယ်။ ဘယ်လောက်ရနိုင်သလဲ။
ရရင်ရသလောက် ပွားအောင်လုပ်ကြပါလေရော။ အဲဒါ အခုလေးတင် အရေးပေါ်အခြေအနေ ကြေငြာအပြီးကို ပြောတာပါ။ ဦးနုခေတ်ကဟာတွေကို ထည့်မပြောပါဘူး။ စာရွက်စာတမ်းအထောက်အထားမဲ့ ကျူးကျော်ဝင်ရောက်သူတွေ ပြဿနာတစ်ခုခုဖြစ်လို့ သူတို့ဆီပြန်ပို့လေတိုင်း ဟိုဘက်ကဟာတွေ ၀ိုင်းဝိုင်းအာကြတာနဲ့ ပြန်လက်ခံလိုက်ရတဲ့ လူဦးရေဟာ အမြဲ နှစ်ဆ အထက်မှာ ရှိပါတယ်။
အဲသည်လူတွေဟာလည်း လူသားစင်စစ်တွေဖြစ်လို့ လူသားချင်းစာနာထောက်ထားသောအားဖြင့် နေထိုင်ခွင့်ပြုသင့်တယ်လို့ သူတို့ဘက်က ပါးစပ်ကလေးတင်စိုက်ပြီး နံမယ်ကောင်းယူသူတွေ (in the expense of us) အများအပြားရှိပါတယ်။ လူသားချင်း မညှာမတာ ရေနစ်သူဝါးကူထိုးပြီး ငါ့ဘက်ကိုတက်မလာနဲ့လို့ အခါခပ်သိမ်းငြင်းဆိုနေတာ ဘင်္ဂလားနိုင်ငံသာဖြစ်ပါတယ်။ မြန်မာတွေဘက်က အမြဲပြန်လက်ခံခဲ့ရတာချည့်ပါပဲ။
အခုပြဿနာက မြန်မာတွေက ဘင်္ဂါလီတွေကို လက်မခံတဲ့ ပြဿနာ မဟုတ်ပါဘူး။ ဘင်္ဂါလီတွေက အင်အားတောင့်လာတော့ ရခိုင်တွေကို လက်မခံနိုင်တော့ပဲ သူတို့ကိုယ်ပိုင်နိုင်ငံတစ်ခု ထူထောင်ချင်တဲ့ ပြဿနာသာဖြစ်ပါတယ်။ သည်ပြဿနာကို ပြေလည်အောင် လွှတ်တော်အရပ်ရပ်ကနေ ပြည်သူ့ဆန္ဒသဘောထား ကောက်ခံပြီးဆုံးဖြတ်လည်း သူတို့ဘက်က လက်ခံမှာ မဟုတ်ပါဘူး။ ကုလသမဂ္ဂက၀င်တောင်းပန်လည်း သူတို့ဘက်ကတော့ လျှော့စရာ မရှိပါဘူး။
မြန်မာတွေဘက်ကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ အချုပ်အချာ အာဏာပိုင်ဆိုင်သူ နိုင်ငံတစ်ခုဖြစ်တာမို့ တရားဥပဒေနဲ့အညီသာလျှင် သူတို့ကို လက်ခံနိုင်ပါလိမ့်မယ်။ ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံတစ်ခုအနေနဲ့ တရားဥပဒေကိုသာ အလေးထား လိုက်နာစရာရှိပါတယ်။ မှတ်ပုံတင်ရှိသူတိုင်းဟာ မြန်မာနိုင်ငံသားဖြစ်လို့ စစ်မှန်တယ်ဆိုရင် မုတ်ဆိတ်ဖားချင်သလောက်ဖား လက်မခံနိုင်စရာ အကြောင်း မရှိပါဘူး။ ဘာစာရွက်စာတမ်းအထောက်အထားမှ မရှိတဲ့သူတွေကိုတော့ လွန်စွာမှပင် ကြင်နာသနားတတ်ပြီး၊ လူသားချင်း စာနာထောက်ထားတတ်သူတွေ နေထိုင်ရာ မလေးရှားတို့၊ အင်္ဂလန်တို့ကို မျှပြီး လွှတ်လိုက်ရ ကောင်းမလားမသိပါဘူး။ ဓါတ်ပုံတွေကြည့်ပြီး ရှင်ဒလာလစ်စ်ကို တမ်းတမြင်ယောင်နေသူများထံလည်း အလည်အပတ် ပို့လိုက်ချင်ပါတယ်။ တကယ်တော့ လူတစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးဆိုတာဟာ အခြားသူတစ်ဦးတစ်ယောက်ရဲ့ အခွင့်အရေးကို မထိခိုက်သရွေ့အထိသာ တရားဥပဒေနဲ့ညီပါတယ်။ သူ့အခွင့်အရေးအတွက် တစ်စုံတစ်ယောက်ကို ထိခိုက်နစ်နာစေမယ်ဆိုရင် မျှတတဲ့ဆုံးဖြတ်မှုတစ်ခု လိုအပ်ပါတယ်။ ရိုဟင်ဂျာ အမည်ခံ ဘင်္ဂါလီသားတွေရဲ့ အခွင့်အရေးဟာ မြန်မာတွေ ရခိုင်တွေကိုသာ နစ်နာစေတာမို့ ပေးသင့်တယ် လို့မြင်ရင် ခင်ဗျားကိုယ်ထဲက မြန်မာသွေးတွေကို အရင် ဖောက်ထုတ်ပစ်လိုက်ပါဦး။ လူရယ်လို့ဖြစ်လာတဲ့အခါ အရေးကြီးရင် သွေးနီးကြတာ ဓမ္မတာပါ။ သွေးနည်းနေတယ်၊ သွေးကြောင်နေတယ် လို့ သမိုင်းတင်ခံရရင် ရာဇ၀င်ရိုင်းတယ် လို့ ခေါ်ပါတယ်။ ဘယ်အငြင်းပွားမှု ပဋိပက္ခမျိုးမှာမဆို အချိန်တရားသူကြီးဟာ အဖြေတစ်ခုခုတော့ ထုတ်ပေးစမြဲပါပဲ။ အခိုက်အတန့်လေး မကွဲပြားတာနဲ့ ဖားနဲ့ငါးကို ဗူးလုံးနားမထွင်း ဖြစ်နေသေးတယ်ဆိုရင် ဆက်လက်ရှုစားကြပါကုန်။ သားသားကတော့ ဗန္ဓုလသွေးအစစ်ဖြစ်ပါတယ်။
“အာဇာနည်ဗုဒ္ဓဘာသာ အမျိုးသားတိုင်းပြည်။
ရာဇ၀င်ထုံးတမ်းစဉ်လာ ထွန်းတောက်ခဲ့ပေ။
ပိုင်ဆိုင်သူ ဘိုးဘွားဘီဘင် တို့အမွေ တို့ပြည် တို့မြေ။”

No comments:
Post a Comment