Dr. Aye Maung said,"Our stand is that we won’t give even an inch of our land to those illegal Bangali Terrorist Immigrants. We won’t give up our land, our breeze, our water which are handed to us by our ancestors."

Tuesday 26 June 2012

ဘင်္ဂလီမူဆလင်များ၏ ကုန်ပစ္စည်းများကို ပြည်နယ်ဝန်ကြီးမှတာဝန်ယူပို့ဆောင်ပေးနေ

အာရကန်တိုင်းမ်


Sittwee Seaportရခိုင်ပြည်နယ်၊ စစ်တွေမြို့သို့ရောက်ရှိလာသည့် ဘင်္ဂလီမူဆလင်မူဆလင်များ၏ ကုန်ပစ္စည်းများကို ပြည်နယ်ပို့ဆောင်ရေး ၀န်ကြီး ကိုယ်တိုင်လာရောက်ကာ တာဝန်ယူပို့ဆောင်ပေးနေကြောင်း သတင်းရရှိသည်။

စစ်တွေမြို့ မြန်မာ့ဆိပ်ကမ်း အာဏာပိုင်၊ အမှတ် (၁) ဆိပ်ကမ်းတံတားတွင်ရောက်ရှိနေသာ ဘင်္ဂလီမူဆလင်များ၏ ကုန်ပစ္စည်းများကို ရခိုင်ပြည်နယ် ပို့ဆောင်ရေးဝန်ကြီး ဦးကျော်ခင် ကိုယ်တိုင် စီမံခန့်ခွဲကာ ပိုင်ရှင်များထံသို့ ဇွန်လ ၂၅ ရက်နေ့တွင် စတင်ပို့ဆောင်နေကြောင်း သိရသည်။

စစ်တွေရှိ ဘင်္ဂလီမူဆလင်များ၏ ကုန်ပစ္စည်းများသည် ဇဗ္ဗူအောင် သင်္ဘောဖြင့် ယခုလ (၂) ရက်နေ့တွင် ရောက်ရှိလာရာ ရခိုင်တွင် အဓိကရုဏ်းဖြစ်ပေါ်နေခြင်းကြောင့် အဆိုပါပစ္စည်းများအား တာဝန်ယူ ပို့ဆောင်ပေးမယ့် သူမရှိသဖြင့် ပြည်နယ်ဝန်ကြီးကိုယ်တိုင် လာရောက်ပို့ဆောင်ပေးခြင်း ဖြစ်ကြောင် ဆိပ်ကမ်း သတင်းရပ်ကွက်မှ သိရသည်။

ကုန်ပစ္စည်းပိုင်ရှင် ဖြစ်သည့် သက်ကယ်ပြင်ရွာရှိ ဘင်္ဂလီမူဆလင်မောင်မြင့်အိမ်သို့ ဇွန်လ (၂၅) ရက်နေ့က ရဲကားနှစ်စီးဖြင့် လုံးခြုံရေးယူကာ ဆန်ကြာဇံ ကုန်ကားနှစ်စီးကို ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
စစ်တွေမြို့သို့ရောက်ရှိလာသော ဘင်္ဂလီမူဆလင်ကုလားများ၏ ကုန်ပစ္စည်းများကို စစ်တွေ အမှတ် (၁) ဆိပ်ကမ်းမှ တဆင့် ပိုင်ရှင်များထံသို့ အစိုးရမှ တာဝန်ယူ ပို့ဆောင်ပေးရမည် ဖြစ်ကြောင်း ဆိပ်ကမ်းသတင်းရပ်ကွက်မှလာသော သတင်းအရသိရှိရသည်။

ဇွန်လ ၂ ရက်နေ့က ဇဗ္ဗူအောင် သင်္ဘောဖြင့် မြေသြဇာ အိပ် (၄၀၀) ခန့်နှင့် စားကုန်ဖြစ်သော ဆန်ကြာဇံများ ပါရှိပြီး နောက်ထပ်ရောက်ရှိလာမည့် ရာဇာမင်းသင်္ဘောတွင်လည်း ဘင်္ဂလီမူဆလင်ကုလားများ၏ ကုန်ပစ္စည်းများပါရှိ ကြောင်းသိရသည်။

ဇွန်လ ၈ရက်နေ့မှ ဖြစ်ပေါ်ခဲ့သော ဘင်္ဂလီမူဆလင်-ရခိုင်အဓိကရုဏ်းကြောင့် စစ်တွေဈေးကြီးကို ယခုအချိန်ထိ ပိတ်ထားရပြီး၊ ဈေးအပြင်မှ ဈေးဆိုင်တစ်ချို့သာ ဖွင့်လှစ်ထားကြောင်းသိရှိရသည်။ ရန်ကုန်-စစ်တွေ ကားလမ်းများမှာ ယခုအချိန်ထိ ပိတ်ထားရပြီး ကုန်ကားတစ်ချို့သာ သွားလာခွင့်ပြုထားကြောင်း သိရှိရသည်။

No comments:

Post a Comment

 
Blogger Widgets